7/01/2017

♪ “Facebook မှာ Harry Potter မှော်အစွမ်းများသုံးနိုင်ပြီ” ♫

Image may contain: 2 people

ဟယ်ရီပေါ်တာ ၀တ္ထုရဲ့ အနှစ် ၂၀ ပြည့် အထိမ်းအမှတ် အဖြစ် Facebook က သူ့ရဲ့ ၀က်ဆိုက်နဲ့ Mobile Apps များမှာဟယ်ရီပေါ်တာရဲ့ မှော်အစွမ်းကိုအသုံးပြုနိုင်အောင် ဖန်တီးပေးလိုက်ပါတယ်။ ‘Harry Potter’, ‘Gryffindor,’ ‘Ravenclaw,’ ‘Hufflepuff,’ ‘Slytherin’ စတဲ့ စကားလုံးများကိုစတေးတပ်များ၊ ကွန်းမန့်များမှာထည့်သွင်းရင် မှော်ကြိမ်လုံးကနေမှော်အစွမ်းများထွက်လာတာကို သက်ဝင်လှုပ်ရှားစွာ မြင်ရမှာ ဖြစ်ပါတယ်။ Spell များအလိုက် မတူညီတဲ့ အရောင်များကို ပြသမှာ ဖြစ်ပါတယ်။

Harry Potter နဲ့ Gryffindor တို့ကိုအနီရောင်၊ Ravenclawကို အပြာရောင်၊ Hufflepuffကို အ၀ါရောင်နဲ့ Slytherinကိုအစိမ်းရောင်ဖြင့် ပြသမှာပါ။ အဲဒီစကားလုံးလင့်များကို နှိပ်ခြင်းဖြင့် မှော်အစွမ်းကိုထပ်ခါ တလဲလဲ ကြည့်ရှုနိုင်ပါတယ်။

ဟယ်ရီပေါ်တာရဲ့ ပထမဆုံးစာအုပ်ဖြစ်တဲ့ Harry Potter and The Philosopher’s Stone ကို ၁၉၉၇ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာစတင် ဖြန့်ချိပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီစာအုပ်အမည်ကိုနောက်ပိုင်းမှာ အမေရိကန်တွင် The Sorcerer’s Stone လို့ အမည်ပြောင်းခဲ့ပါတယ်။ ဒီစွမ်းဆောင်ချက်ကို The Next Web က စတင် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com