
Huawei က စမတ်ဖုန်းအသစ်ဖြစ်တဲ့ Enjoy 7 စီးရီးကို ဈေးကွက်ထဲမှာ မကြာခင်မိတ်ဆက်မယ်လို့ သိရပါတယ်။ ကုမ္ပဏီက ထုတ်ကုန်ပစ္စည်းအသစ်တစ်ခုကို ဈေးကွက်ထဲမှာ မိတ်ဆက်မယ်လို့ တရားဝင်ကြေညာခဲ့ပြီးနောက်မှာ Enjoy 7 ရဲ့သတင်းအသစ်နဲ့ လုပ်ဆောင်ချက်တွေ အွန်လိုင်းမှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းအရတော့ Huawei က Huawei
Enjoy 7 စီးရီးကို ဈေးကွက်မှာ မကြာခင်မိတ်ဆက်မှာဖြစ်ပြီး
စမတ်ဖုန်းမှာပါဝင်တဲ့ အချက်အလက်တစ်ချို့ ကိုလည်း တွေ့ရှိခဲ့ရပါတယ်။
Huawei Enjoy 7 မှာ RAM 3GB / internal storage 32GB နဲ့ RAM 2GB /
internal storage 16GB ဆိုပြီး နှစ်မျိုးထွက်ရှိမှာဖြစ်ပြီး
မန်မိုရီကတော့ micro SD card ကို အသုံးပြုပြီး 128GB ထိ
တိုးချဲ့နိုင်ပါတယ်။ မျက်နှာပြင်ကတော့ 2.5D ထောင့်အဝိုင်းပုံနဲ့ 5 လက်မ
IPS HD display ၊ 3020mAh ဘက်ထရီ ၊ EMUI 5.1 OS နောက်ဆုံးဗားရှင်း
ပါဝင်ပါတယ်။ အရှေ့ပိုင်းမှာ ထွက်ပေါ်လာတဲ့သတင်းကတော့ မျက်နှာပြင် 2.5D
ထောင့်အဝိုင်းပုံနဲ့ 5 လက်မ 720p HD display ၊ Adreno 308 GPU နဲ့
Qualcomm Snapdragon 425 processor ၊ Android 7.0 Nougat၊ PDAF နဲ့
13-megapixel rear ကင်မရာ ၊ 5-megapixel front ကင်မရာပါဝင်မယ်လို့
ထွက်ပေါ်ခဲ့ပါသေးတယ်။
Huawei Enjoy 7 ရဲ့ဈေးနှုန်းကတော့ 2GB RAM / 16GB ROM အတွက် တရုတ်ယွမ် 1099 ( ရူပီး 10,400 ခန့်) ဖြစ်ပြီး RAM 3GB /
32GB ROM အတွက်တော့ တရုတ်ယွမ် 1299 ( ရူပီး 12,300 ခန့်) ရှိမယ်လို့
သိရတာကြောင့် မြန်မာငွေကျပ် 2 သိန်းနဲ့ 2 သိန်းခွဲဝန်းကျင်ရှိနိုင်တာ
ဖြစ်ပါတယ်။ Huawei Enjoy 7 ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပုံကတော့
အရင်ကထွက်ခဲ့တဲ့ ကောလာဟလသတင်းနဲ့ တော်တော် များများတူပြီး
သတ္တုနဲ့ပြုလုပ်ထားတဲ့ uni-body ကို အသုံးပြုထားပါတယ်။ ဒီစမတ်ဖုန်းမှာ matte
black အရောင်လည်း ပါဝင်လာမယ်လို့သိရပြီး ကင်မရာကတော့ နားကျပ်ပေါက်ရဲ့
ဘေးဘယ်ဘက်ထောင့် ထိပ်မှာ ထည့်သွင်းထားပါတယ်။
ဖုန်းရဲ့ညာဘက်ထောင့်နားမှာ နောက်ကင်မရာနဲ့ LED flash ကို တွေ့ရမှာပါ။ ဖုန်းရဲ့အောက်ခြေနဲ့ ထိပ်ဘက်မှာ အင်တာနာလိုင်းထည့်သွင်းထားပြီး fingerprint scanner ကတော့ ဖုန်းရဲ့အလယ်မှာ ထားရှိပါတယ်။ Huawei logo က ဖုန်းရဲ့ နောက်ဘက်အောက်ခြေမှာရှိနေတာကို ထွက်ပေါ်လာတဲ့ပုံအရ သိရပါတယ်။
#gizbot.com
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
Huawei Enjoy 7 မှာ RAM 3GB / internal storage 32GB နဲ့ RAM 2GB /
Huawei Enjoy 7 ရဲ့ဈေးနှုန်းကတော့ 2GB RAM / 16GB ROM အတွက် တရုတ်ယွမ် 1099 ( ရူပီး 10,400 ခန့်) ဖြစ်ပြီး RAM 3GB /
ဖုန်းရဲ့ညာဘက်ထောင့်နားမှာ နောက်ကင်မရာနဲ့ LED flash ကို တွေ့ရမှာပါ။ ဖုန်းရဲ့အောက်ခြေနဲ့ ထိပ်ဘက်မှာ အင်တာနာလိုင်းထည့်သွင်းထာြး
#gizbot.com
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/