6/03/2017

♪ “Xiaomi က ၆.၄ လက်မ မျက်နှာပြင်ပါတဲ့ Mi Max 2 ကို မိတ်ဆက်” ♫

Image may contain: phone

Xiaomi က ဘေဂျင်းမှာ Mi Max 2 ကို မိတ်ဆက်လိုက်ပါတယ်။ Mi Max 2 ဟာ သတ္တုကိုယ်ထည် အပြည့်ဒီဇိုင်း ဖြစ်ပြီး ထောင့်စွန်းများဟာ လုံးဝန်း ပါတယ်။ သူ့မှာ ၆.၄၄ လက်မ Full HD Display နဲ့ အရွယ်အစားကြီးမားတဲ့ 5300mAh Battery တပ်ဆင်ထားပါတယ်။

လျင်မြန်စွာ အားသွင်းနိုင်တဲ့ Quick Charge 3.0 နည်းပညာပါပြီး တစ်နာရီ အားသွင်းရင် ၆၈ ရာခိုင်နှုန်း အားဖြည့်ပေးတယ်လို့ Xiaomi က ပြောပါတယ်။ ဒေတာ ကူးပြောင်းခြင်းနဲ့ အားသွင်းခြင်းများပြုလုပ်ရင် လျင်မြန်စေတဲ့ USB Type-C Port ကို တပ်ဆင်ထားပါတယ်။ Mi Max 2 ဟာ စွမ်းဆောင်ရည် သင့် စမတ်ဖုန်းဖြစ်ပါတယ်။ သူ့မှာ Qualcomm Snapdragon 625 Chipset, 4GB RAM တပ်ဆင်ထားပါတယ်။ 64GB or 128GB Internal Storage များ ရွေးချယ်နိုင်ပါတယ်။ 128GB အထိ ၀င်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 174.1 x 88.7 x 7.6mm ဖြစ်ပါတယ်။

အနောက်ဘက်မှာ 12MP Sony IMX386 Camera တပ်ဆင် ထားပြီး Phase Detection Autofocus နည်းပညာ ပါပါတယ်။ အရှေ့ဘက်မှာ 5MP Camera တပ်ဆင်ထားပါတယ်။ IR Blaster နဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ Android Nougat အခြေပြု MIUI 8 ထည့်သွင်းထားပါတယ်။ 64GB Version ကို ၂၄၇ ဒေါ်လာ ( ၃၃၀ ၀၀၀ ကျပ် ၀န်းကျင်) ၊ 128GB Version ကို ၂၉၁ ဒေါ်လာ ( ၃၉၀ ၀၀၀ ကျပ် ၀န်းကျင်) သတ်မှတ်ထားပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com