6/16/2017

♪ " Vivo Y53 Black Version ပြည်တွင်းဈေးကွက်သို့ ရောက်ရှိလာပြီ " ♫

Image may contain: phone

Vivo ထုတ်ကုန်တွေထဲက Y Series တွေကလည်း သုံးစွဲသူတွေ အတော်လေးကို နှစ်ခြိုက်အားပေးမှုကို ရရှိခဲ့တဲ့ Serie ဖြစ်ပါတယ်။ Y Series ထဲကမှ Y53 ကို မူလက Crown Gold နဲ့ Space Gray ဆိုပြီး အရောင် 2 မျိုးထဲ ထုတ်လုပ်ထားပေမယ့် အခုအခါမှာတော့ Black color ကိုပါ ထပ်ပြီးထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။ 

Y53 ဟာ 8MP နောက်ကင်မရာကြောင့် ရှုခင်းပုံရိုက်ကူးလိုသူတွေ၊ မှတ်တမ်းပုံရိုက်ကူးလိုသူတွေအတွက် အဆင်ပြေတဲ့ ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် Ultra HD နည်းပညာကို အသုံးပြုထားတာကြောင့် ဖုန်းမှာ ပြန်ကြည့်မယ်ဆိုရင် ဓာတ်ပုံတွေကို 32 MP အနေအထားနဲ့ ပြန်ပြီးတွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Smart Screen Flash စနစ်ပါဝင်တာကြောင့် ညဘက်မှာ Selfie ရိုက်မယ်ဆိုရင်တောင် မျက်နှာအလှကို လင်းလင်းထင်းထင်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ 

2GB RAM နဲ့ 64-bit Qualcomm Snapdragon CPU အသုံးပြုထားတာကြောင့် အသုံးပြုရတာ ချောမွေ့ညက်ညောပါတယ်။ ဘယ်လောက်ပဲခိုင်းခိုင်း ပေါ့ပါးမြန်ဆန်ပြီး မလေးတဲ့ မဟမ်းတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏကလည်း 16GB ဖြစ်တဲ့အတွက် ဓာတ်ပုံ၊ ဗီဒီိယိုနဲ့ သီချင်းဖိုင်ပေါင်းများစွာကို ထည့်သွင်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒါမှ မလုံလောက်သေးဘူးဆိုရင်လည်း 256GB micro SD ကိုလည်း ထပ်မံထည့်သွင်းပြီး အသုံးပြုလို့ရပါတယ်။ Y53 ရဲ့ အားသာချက်နောက်တစ်ခုကတော့ Dual 4G SIM နှစ်ခုလုံး တစ်ပြိုင်နက် အသုံးပြုလို့ရတာပါပဲ။

ဆင်းမ်ကတ်နှစ်ကတ်လုံး ထည့်ထားလို့ရတဲ့အပြင် microSD ကတ်လည်း သပ်သပ်ထည့်ထားလို့ ရပါတယ်။ ဒါကြောင့် ဖုန်းကတ်နှစ်ကတ်လည်း ထည့်ထားချင်၊ ဒေတာများများလည်း ထည့်ထားချင်တဲ့သူတွေအတွက် အဆင်အပြေဆုံး ဖြစ်ပါတယ်။ အရည်အသွေးမြင့်မားပြီး ရှားပါးတဲ့ အနက်ရောင် ကိုယ်ထည်လေးနဲ့ Y53 ကို မြန်မာငွေကျပ် 198,000 (တစ်သိန်းကိုးသောင်းရှစ်ထောင်) တည်းနဲ့ ၀ယ်ယူရရှိနိုင်မှာလည်း ဖြစ်ပါတယ်။




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com