6/16/2017

♪ ၃၁၈,၀၀၀/- ကျပ် ၀န်းကျင်ရှိတဲ့ “Vivo V5 Matte Black” ♫

Image may contain: 1 person, standing

စမတ်ဖုန်းများကိုင်ဆောင်သုံးစွဲသည့်အခါတွင် ဖုန်းရဲ့အရောင်ဟာလည်း အရေးပါလာပါတယ်။ ထိပ်တန်းစမတ်ဖုန်း ထုတ်လုပ်သူများဟာ ဖုန်းများကိုအရောင်ဆန်းများဖြင့် ထုတ်လုပ်ရောင်းချကြပါတယ်။ Apple ဟာ Rose Gold အရောင်ဖြင့် တစ်မူဆန်းခဲ့ပြီး၊ ဒီနှစ်ပိုင်းတွင်လည်း အနီရောင်ဖုန်းကို ထုတ်လုပ်ရောင်းချခဲ့ပါသေးတယ်။ တရုတ်နိုင်ငံ အခြေစိုက်စမတ်ဖုန်း ထုတ်လုပ်သူများဟာလည်း သီးသန့်အရောင် များခြယ်မှုန်း ထားသည့်ဖုန်းများကို အလုံးရေအကန့်အသတ်ဖြင့် ထုတ်လုပ်ရောင်းချ ပေးလာကြပါတယ်။ စွမ်းရည်တူဖုန်းအမျိုးအစား တစ်ခုတည်းကိုပင် အနက်ရောင်ခြယ်မှုန်း၍ ထုတ်လုပ်ပေးကြပါတယ်။ Vivo ရဲ့ V5 Matte Black ဟာ အလုံးရေအကန့်အသတ်ဖြင့် ထုတ်လုပ်ရောင်းချပေးထားခြင်းဖြစ်ပြီး Selfie ရိုက်ကူးသည့်အခါတွင် ပြီးပြည့်စုံကောင်းမွန်သော ပုံရိပ်ကို ပေးစွမ်းမှာဖြစ်ပါတယ်။

V5 မှာပါရှိတဲ့ Selfie Softlight စနစ်ဟာ ဓာတ်ပုံရိုက်ကူးသည့်အခါ တွင် တောက်ပသောအလင်းရောင်နဲ့ ထောက်ပံ့ ပေးစွမ်းမှာဖြစ်ပါတယ်။ Selfie Softlight စနစ်ဟာ အဆင့်မြင့်ဓာတ်ပုံရိုက်ကူးရေး ခန်းမထဲတွင် ရိုက်ကူးနေရသကဲ့သို့ အလင်းရောင်ကိုထုတ်လွှတ်ပေးမှာဖြစ်ပါတယ်။ ထို့ကြောင့် အလင်းရောင်ပြည့်စုံကောင်းမွန် သော Selfie ပုံများကို ရရှိပါလိမ့် မယ်။ ဖုန်းရဲ့အရှေ့နဲ့အနောက် ကိုယ်ထည်ပိုင်းအားလုံးကို အနက်ရောင်ဖြင့် ခြယ်မှုန်းပေးထား သော V5 ရဲ့ အဓိက,ကင်မရာဟာ အနောက်ဘက်ဘေးဘက်ထောင့်တွင် အ၀ိုင်းပုံစံတည်ရှိပြီး Flash မီးနဲ့ယှဉ်တွဲနေပါတယ်။ ဖုန်းရဲ့အဓိက Home Button ဟာ ဆလင်ဒါပုံစံ တည်ရှိပြီး ဖုန်းရဲ့အရွယ်အစားပမာဏကတော့ 153.8x75.5x7.6mm ရှိသောကြောင့် ကိုင်ဆောင်သုံးစွဲဖို့အဆင်ပြေစေပါတယ်။ ဖုန်းရဲ့ အလေးချိန်မှာ 154g ရှိပါတယ်။ ဆင်းကတ်နှစ်ကတ်အသုံးပြုနိုင်သော ဖုန်းများကိုသာ အခုနောက်ပိုင်း၌ ထုတ်လုပ်ပေးလာခြင်းကြောင့် သုံးစွဲသူများအတွက် များစွာအဆင်ပြေစေပါတယ်။ V5 ဟာ လည်း ဆင်းကတ်နှစ်ကတ် အသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။ ထည့်သွင်းသုံးစွဲရမယ့် ဆင်းကတ်အရွယ်အစားကတော့ Micro နဲ့ Nano SIM ဖြစ်ပါတယ်။

ဖုန်းမျက်နှာပြင်အတွက် IPS LCD capacitive touchscreen ကို အသုံးပြုပေးထားပါတယ်။ ဖုန်းရဲ့မျက်နှာပြင် အကျယ်အ၀န်းဟာ 5.5inches ရှိသောကြောင့် အသုံးပြုသည့်အခါတွင် ကျယ်ပြန့်သော မြင်ကွင်း ရသကို ခံစား ရရှိစေနိုင်ပါတယ်။ မြင်ကွင်းစွမ်းရည်အပိုင်းတွင် 720x1280 pixels ပမာဏကိုထည့်သွင်းပေးထားပြီး တစ်လက်မမှာရှိမယ့် pixel ပမာဏ သိပ်သည်းဆကတော့ 267ppi ပါ။ Multitouch စနစ်တွင် funtouch OS 2.6 ကို သုံးစွဲနိုင်ပါမယ်။ အလိုအလျောက် မျက်နှာပြင် ပိုင်းခြားစနစ်က Multitasking တွေကို ပေါ့ပေါ့ပါးပါးလေး ဆောင်ရွက်ပေးသွားနိုင်ပါတယ်။ အကယ်၍ ဗီဒီယိုကြည့်နေ တဲ့အချိန်မှာ Message ၀င်လာပါက တစ်ချက်လေးခလုတ်နှိပ်လိုက်ရုံဖြင့် မျက်နှာပြင် ကို နှစ်ခြမ်းပိုင်းပေးမှာဖြစ်ပါတယ်။ ထိုအချိန်မှာပင် တစ်ဖက်တွင်လည်း ဗီဒီယိုကြည့်နေရင်းနဲ့ Message တွေကို မျက်နှာပြင်တစ်ဖက်ခြမ်းမှာ စာပြန်နေလို့ရပါတယ်။ မျက်လုံးကာကွယ်ရေးစနစ်လည်း V5 တွင် ပါရှိပါတယ်။ အထူးစနစ်တစ်ခုအဖြစ် အပြာရောင်အလင်းတွေကို စွန့်ထုတ်ပေးတဲ့စနစ် ဟာ သုံးစွဲသူတွေရဲ့အမြင်အာရုံတွေကို ကာကွယ်ပေးမှာဖြစ်ပြီး မျက်စိညောင်းညာခြင်းများကိုလည်း မဖြစ်စေပါဘူး။ အသံပိုင်းစနစ်တွင် ကိုယ်ပိုင်အမှတ်သင်္ကေတအဖြစ် AK4376 Hi-Fi Audio Chip က နားထောင်နေကြအသံများနဲ့ မတူညီတဲ့ အသံအရည် အသွေးကိုပေးစွမ်းမှာဖြစ်ပြီး မလိုလားအပ်သော ဆူညံသံတွေကိုလည်း 115DB ထိ လျှော့ချပေးပါတယ်။ Active noise cancellation with dedicated mic စနစ်ပါရှိပါတယ်။

ဓာတ်ပုံရိုက်ကူး နိုင်ဖို့အတွက် ကင်မရာနှစ်မျိုးနှစ်စားပါရှိပြီး ယခုဖုန်းရဲ့ ကင်မရာစွမ်းရည်များဟာ အခြားဖုန်းများနဲ့ပြောင်းပြန်ဖြစ်ပါတယ်။ အဓိက,ကင်မရာဟာ 13MP စွမ်းရည်ရှိပါတယ်။ ရှေ့ကင်မရာငယ် ကတော့ 20MP, f/2.0 စွမ်းရည် ရှိပါတယ်။ Phase Detection Auto Focus, Geo-tagging, Panorama, HDR စသော ကင်မရာဆက်စပ် ပတ်သက်စနစ်များလည်း အသုံးပြုနိုင်ပါတယ်။ ဗီဒီယိုရိုက်ကူးနိုင်မှု စွမ်းရည်မှာ 1080p ဖြစ်ပြီး နှုန်းမှာ တစ်စက္ကန့်ကို 30frames ပါ။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 4GB ထည့်သွင်းပေးထားပြီး Internal Storage တွင် 32GB ဖြစ်အောင် ဆောင်ရွက်ပေးထားပါတယ်။ ထိုပမာဏဟာ အချက်အလက်သိမ်းဆည်းဖို့ လုံလောက်ပေမယ့် မှတ် ဥာဏ်ပမာဏချဲ့ထွင်အသုံးပြုလိုသူတွေအတွက်လည်း Card Slot စနစ်ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။

အသုံးပြုနိုင်မယ့် OS အမျိုးအစားကတော့ Marshmallow ဖြစ်ပါတယ်။ CPU စွမ်းရည်မှာ Octa-core ဖြစ်သောကြောင့် ဖုန်းကိုအသုံးပြုတဲ့ အခါတွင် လျင်မြန်သောတုံ့ပြန်မှုများကို ရရှိခံစားနိုင်ပါမယ်။ GPU မှာ Mali-T860 MP2 ဖြစ်ပြီး Chipset မှာ MediaTek MT6750 ပါ။ Fingerprint စနစ်အသုံးပြုနိုင်သော ဖုန်းဖြစ်ခြင်းကြောင့် လုံခြုံရေး စနစ်အပိုင်းကို အဆင့်မြင့်စွာသုံးစွဲနိုင် ပါမယ်။ ဖုန်းကို တစ်ချက်လေး ထိလိုက်ရုံဖြင့် Lock ဖွင့်နိုင်စေရန် ဆောင်ရွက်ပေးထားပါတယ်။ Lock ဖွင့်စနစ်ဟာ 0.2 sec အတွင်း Lock ပွင့်သွားအောင် စွမ်းဆောင်ပေး ပါတယ်။ ရလဒ်များဟာ စမ်းသပ်ခန်းအတွင်း စမ်းသပ်မှုများမှာရရှိသော အခြေအနေဖြစ်ပြီး အပြင် ပတ်ဝန်းကျင်အနေအထားကိုလိုက်၍ အပြောင်း အလဲရှိနိုင်ပါတယ်။ Bluetooth Version ကတော့ 4.0 ပါ။ အခြားသော sensor စနစ်များလည်း ပါရှိသော V5 တွင် အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားမှာ Li-Ion 3000mAh ဖြစ်ခြင်းကြောင့် ဖုန်းကို အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ပါမယ်။ V5 ရဲ့ဈေးနှုန်းတန်ဖိုးမှာ ၃၁၈,၀၀၀/- ကျပ် ၀န်းကျင်ရှိပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com