6/06/2017

♪ “VIVO V5 Black (Limited Edition)” အကြောင်းအသေးစိတ်ဖော်ပြချက်များ ♫

Image may contain: 1 person, phone

ယနေ့အချိန်မှာတော့ Selfie ရိုက်ကူးခြင်းကို နိုင်ငံနှင့်အ၀န်း ကျယ်ကျယ် ပြန့်ပြန့် စိတ်ဝင်စားမှုတိုးပွားနေချိန် တွင် အရည်အသွေးမြင့် စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်သော VIVO က ရှေ့ကင်မရာ 20MP ပါဝင်သည့် V5 Black စမတ်ဖုန်းကို ပြည်တွင်းဈေးကွက်အတွက် စတင် မိတ်ဆက် လိုက်ပါသည်။ လူငယ် Selfie ၀ါသနာအိုးများအတွက် ဒီဇိုင်းထွင်ထားသော ဤစမတ်ဖုန်းသည် နည်းပညာ၊ ဒီဇိုင်းနှင့်အလုံးစုံ ဆောင်ရွက်ချက်များကို ထူးခြားစွာပေါင်းစပ်ထားပါသည်။ မျက်နှာပြင်ရှေ့တွင် 20MP ပါဝင်သော ကင်မရာအပြင် အလင်းရောင်အနေအထား အမျိုးမျိုးတွင် Selfie ပုံကောင်း စွာ ရိုက်ကူးနိုင်သော "Selfie Softlight" Feature ကိုလည်းထည့်သွင်း ပေးထားပါသည်။

၅.၅ လက်မအကျယ် မျက်နှာပြင်၊ 1280×720 pixels ရှိ Resolution နှင့် 2.5D Gorilla Glass မှန်ခုံးတို့ပါဝင်သော အရည်အသွေးအမြင့်ဆုံး VIVO ဖုန်းဖြစ်ပါသည်။ ဖုန်းရဲ့အဓိက Home Button ဟာ ဆလင်ဒါပုံစံတည်ရှိပြီး ဖုန်းရဲ့အရွယ်အစား ပမာဏကတော့ 153.8 x 75.5x7.6mm ရှိသော ကြောင့် ကိုင်ဆောင်သုံးစွဲဖို့အဆင်ပြေစေပါသည်။ ဖုန်းရဲ့ အလေးချိန်မှာ 154g ရှိပြီး သုံးရလွယ်ကူသော Interface က လူငယ်များနှင့် နည်းပညာ ကျွမ်းကျင်သုံးစွဲသူများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ သုံးစွဲသူတစ်ဦးအနေဖြင့် ဗီဒီယိုကြည့်နေစဉ် Message တစ်ခုဝင်လာတိုင်း ကြည့်နေသည့် ဗီဒီယိုကိုရပ်၍ နောက်ပြန် သွားနေစရာမလိုဘဲ တစ်ပြိုင်နက်တည်း အလုပ်များစွာ လုပ်နိုင်အောင် "Smart Screen- Split" Feature အလိုအလျောက် မျက်နှာပြင်ပိုင်းခြား စနစ်ကဆောင်ရွက်ပေး ပါလိမ့်မည်။ Chatting လုပ်ရင် ဗီဒီယိုကိုလည်း တစ်ပြိုင်တည်းကြည့်နိုင်ပါ သည်။VIVO အမှတ်တံဆိပ် Logo ကို အနောက်ဘက်တွင် သတ္ထု ဖောင်းကြွအဖြစ် ရိုက်နှိပ်ထားခြင်းက အရည်အသွေးမြင့်မားခြင်း ဟူသော ခံစားမှုကိုရရှိစေပါသည်။

V5 သည် Android 6.0 Marshmallow ကို အခြေခံသည့် Funtouch OS 2.6 နှင့် run ပြီး 4GB RAM, 32GB ROM တို့နှင့် တွဲဖက်တည်ဆောက် ထားပြီး 128GB အထိထပ်မံ တိုးမြှင့်နိုင်မည်ဖြစ်သည်။ Octa-Core 64-bit Processor က ဖုန်းအသုံးပြုသူများအား ဂိမ်းဆော့ကစားစဉ်နှင့် တစ်ပြိုင်နက် Apps များသုံးရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ချောမွေ့ စွာ ဆောင်ရွက်နိုင်အောင် စီစဉ်ထားပါသည်။ အသုံးပြုထားတဲ့ ပရိုဆက်ဆာ အမျိုးအစားကတော့ MediaTek MT6750 ဖြစ်ပြီး၊ ဂရပ်ဖစ်ပိုင်း အတွက်တော့ Mali-T860MP2 ကို သုံးထားသည်။ V5 တွင် မျက်စိအလင်းစူးခြင်းနှင့် အမြင်အာရုံကို ကာကွယ်ပေးပြီး အပြာရောင် အလင်းတွေကို လျှော့ချပေးနိုင်သော "Eye Protection Mode" မျက်လုံး ကာကွယ်ရေးစနစ်ကို လည်း ထည့်သွင်းပေးထားသည်။ 20MP အရှေ့ ကင်မရာက သာမန်ထက်ပိုတဲ့ အလွန်မြင့်မားသည့်ရုပ်ထွက်ကို ပေးစွမ်းနိုင်ပြီး Selfie ရိုက်ကူးရာတွင်လည်း ကြည်လင်သော ပုံရိပ် ပြတ်သားမှု၊ သဘာဝအရောင်အသွေးအတိုင်း လှပမှုတွေကို ပေးစွမ်းလို့ ဘယ်အချိန်မဆို အလှပဆုံးပုံလေးတွေကို ရရှိစေမှာပါ။ V5 မှာ ပါဝင်တဲ့ Selfie Softlight စနစ်က အဆင့်မြင့် ဓာတ်ပုံရိုက်ကူး ရေးခန်းမထဲမှာ ရိုက်ကူးနေရသလို အလင်းရောင်ကို ထုတ်လွှင့်ပေးမှာဖြစ်ပါသည်။ သင့်အနေနဲ့ အမှောင်ထဲကို ရောက်ရှိတာနဲ့ တစ်ပြိုင်နက် ကင်မရာရဲ့ soft-light ကို တစ်ခါတည်း တန်းဖွင့်ပေးမှာဖြစ်ပါသည်။ ရိုက်ကူးတဲ့ ပုံတိုင်းသဘာဝကျကျနဲ့ လင်းလက် တောက်ပပြီး အပြစ်ကင်းစင်စေဖို့ အလှဖန်တီးပေးတဲ့ Free Beauty Mode 6.0 Software က လုပ်ဆောင် ပေးမှာပါ။

အသံအရည်အသွေးအထူးကောင်းမွန်စေသည့် AK4376 Hi-Fi audio Chip ကို အထူးပြုလုပ်စီမံထားသောကြောင့် တေးဂီတ မြတ်နိုးသူများအနေ ဖြင့်လည်း V5 ဖုန်းမှ ထွက်ပေါ်လာသည့် စည်းချက်မှန်သမျှကို နှစ်သက် ခံစားနိုင်မည်ဖြစ်ပါသည်။ ဆူညံမှုအသံအချိုးအဆ 115dB အထိ လျှော့ချ ပေးနိုင်သောအဆင့်မြင့် စနစ်တစ်ခုကိုလည်း ထည့်သွင်းပေးထား သည့်အတွက်ကြောင့် အသံအရုပ်အရည်အသွေးအထူးကောင်းမွန်သော တေးဂီတခံစားမှုအတွေ့အကြုံကိုရရှိစေမည်။

Fingerprint စနစ်အသုံးပြုနိုင်သော ဖုန်းဖြစ်ခြင်းကြောင့် လုံခြုံရေး စနစ်အပိုင်းကို အဆင့်မြင့်စွာသုံးစွဲနိုင်ပါသည်။ ဖုန်းကို တစ်ချက်လေးထိ လိုက်ရုံဖြင့် Lock ဖွင့်နိုင်စေရန် ဆောင်ရွက်ပေးထားပြီး Lock ဖွင့်စနစ် ဟာ 0.2 sec အတွင်း Lock ပွင့်သွား အောင် စွမ်းဆောင်ပေးမှာဖြစ်သည်။ ကွန်ရက်ချိတ်ဆက်နိုင်စွမ်းအတွက်ကတော့ ပုံမှန်ထည့်သွင်းပေးနေတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်သော Bluetooth, Wi-Fi နဲ့ GPS with A-GPS, GLONASS တွေပါဝင်ပြီး USB လုပ်ဆောင်နိုင်မှုအတွက် USB-OTG ကို သုံးနိုင်မှာပါ။ ဘက်ထရီစွမ်းဆောင်ရည်ပိုင်းမှာတော့ 3000mAh စွမ်းအား မှာ software တွေရဲ့ထိန်းချုပ်မှုအတွက် Power Manager လုပ်ဆောင်ချက်ကို သုံးနိုင်ပါသည်။ စွမ်းအားမြင့်သုံးစွဲမှုတွေအတွက် screen brightness ကို ၅၀ ရာခိုင်နှုန်းလောက် မှာထားပါ။ ဂိမ်းအမြင့် တွေကို စမ်းသပ်ဆော့ကစားကြည့်တဲ့အခါမှာတော့ ဘက်ထရီ ၁၀၀ ရာခိုင်နှုန်းအခြေအနေမှာ Asphalt 8: Airborne ကို ၁၃ မိနစ်လောက် ဆော့ကြည့်လိုက်တာမှာ ဘက်ထရီဟာ ၉၂ရာခိုင်နှုန်းကို ကျဆင်းသွား ပါသည်။

"Sony Xperia XA1 (G3116)"

Sony ချစ်သူများအတွက် မြန်မာစာဖောင့် အသင့်ပါဝင်ပြီး ကိုယ်ထည် ဒီဇိုင်းမှာမကြီးလွန်း၊ မသေးလွန်းသော အရွယ်အစားဖြင့် အသစ်ထပ်မံ ထွက်ရှိလာသည့် Sony Xperia XA1 Smartphone ဖြစ်ပါသည်။ ဖုန်းမျက်နှာပြင်မှာ ဘေးဘောင်မဲ့ဒီဇိုင်း ဖြစ်သဖြင့် ဗီဒီယို၊ ဂိမ်းများကို မျက်နှာပြင်အပြည့်ဖြင့် ကြည့်ရှုခံစားနိုင်မှာဖြစ်ပါသည်။ ကင်မရာပိုင်းတွင် 23 Megapixel နှင့် Exmor RS ™ for mobile sensor ကို အသုံးပြု ပေးထားပြီး 23mm မြင်ကွင်းကျယ် ပုံစံဖြင့် အလင်းအားနည်းသော နေရာများ တွင်သာမက မည်သည့်နေရာအနေအထားမျိုးတွင်မဆို ရိုက်ကူးနိုင်သောကြောင့် မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများနှင့် အမှတ်တရဓာတ်ပုံများကို ရိုက်ကူးနိုင်မှာဖြစ်ပါသည်။ ထို့အပြင် Processor ပိုင်းတွင် MediaTek helio P20 ကို အသုံးပြုပေးထား သဖြင့် လုပ်ဆောင်ချက်များ ပိုမိုမြန်ဆန်စွာ အသုံးပြုနိုင်ခြင်း၊ Audio ပိုင်းတွင် လည်း Xloud Clear Audio + ကို သုံးပေးထား သဖြင့် အသံပိုမိုကြည်လင် ပြတ်သားစွာ ကောင်းမွန်လာမှာဖြစ်ပါသည်။ ကိုယ်ထည်ပိုင်းကို အစင်းရာ၊ အခြစ်ရာများ မဖြစ်ပေါ်စေ နိုင်အောင် Corning ® Gorilla ® Glass ဖြင့် ဖုံးအုပ်ပေးထားပါသည်။ မျက်နှာပြင် 5.0" နှင့် Resolution (720x1280) HD Capacitive Touch Screen ကို အသုံးပြုပေးထားသည့်အတွက် အရည်အသွေးကောင်းမွန်သော ဗီဒီယိုဖိုင်များကိုကြည့်ရှု နိုင်မှာဖြစ် ပါသည်။ (CPU 2.3GHz + 1.6GHz) Octa Core ကို အသုံးပြုပေးထား တဲ့အတွက် လုပ်ဆောင်ချက်တွေကို မြန်ဆန်စွာ အသုံးပြုနိုင်မှာဖြစ်ပါ သည်။

အချက်အလက်များကို သိုလှောင်သိမ်းဆည်းထားရန် 32GB ထည့်သွင်း ပေးထားပြီး ထပ်မံတိုးချဲ့လို ပါက 256GB အထိတိုးချဲ့အသုံးပြုနိုင်မှာဖြစ် ပါသည်။ အချက်အလက်များကို လျင်မြန်စွာ ကူးပြောင်းရန်အတွက်လည်း RAM 3GB ကို အသုံးပြုပေးထားပါသည်။ ကင်မရာပိုင်းမှာလည်း ဖုန်း၏ဘေးဘောင် အောက်ခြေတွင် ကင်မရာတိုက်ရိုက်အသုံးပြု နိုင်သောခလုတ် (Quick Launch Button) ပါဝင်သဖြင့် Application ထဲမှတစ်ဆင့်သွားနေစရာမလိုဘဲ တိုက်ရိုက်အသုံးပြုနိုင် မှာဖြစ်ပါတယ်။ အနောက်ကင်မရာ 23MP, အရှေ့ကင်မရာ 8MP ကို အသုံးပြုပေးထား သည့်အပြင် ကင်မရာအရှေ့အနောက် နှစ်ဖက်စလုံးတွင် (Exmor RS ™ for mobile sensor) ပါဝင်သည့်အတွက် အလင်းအားနည်းသောနေရာ များတွင်သာမက မည်သည့် နေရာအနေအထားမျိုးတွင်မဆို ရွှန်းစို တောက်ပသောပုံရိပ်ကောင်းများကို ရိုက်ကူးနိုင်မှာဖြစ်ပါသည်။ Android 7.0 OS (Nougat) အမျိုးအစားကို ထည့်သွင်း မောင်းနှင်ပေးထားပြီး ဘက်ထရီပမာဏမှာလည်း Non-Removable Li-ion 2300 mAh ကို တပ်ဆင်ပေးထားသောကြောင့် အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ပါသည်။ အရောင်အနေနဲ့ White, Black Color နှစ်မျိုးရရှိမှာဖြစ်ပါသည်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com