6/12/2017

♪ ဖုန်း ထဲမှာ ထည့်ထားသင့်တဲ့ မရှိမဖြစ် photo editing app တွေ ♫


မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးပြီးတဲ့အခါမှာ ကိုယ်ရိုက်လိုက်တဲ့ ဓာတ်ပုံဟာ ပြီးပြည့်စုံဖို့ ခက်ခဲတာကို အမြဲကြုံရလေ့ ရှိပါတယ်။ အဲ့ဒီအချိန်မှာ အချို့က ကွန်ပျူတာမှာရှိတဲ့ ဓာတ်ပုံ Editing Software တွေနဲ့ ပြုပြင်ကြသလို အချို့က မိုဘိုင်းဖုန်းပေါ်ကနေပဲ photo editing လုပ်လို့ရတဲ့ app တွေ သုံးစွဲပြီးတော့ ပြုပြင်ကြတာကို တွေ့ရပါတယ်။ ဒီလိုအချိန်မှာ ဘယ် app တွေက သုံးလို့ကောင်းလဲဆိုတာ ဝေခွဲမရ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အခုသုံးကောင်းနိုင်တဲ့ App အချို့ကို ရွေးချယ်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။


Snapseed
ဖုန်းထဲကဓာတ်ပုံတွေကို Edit လုပ်ဖို့ အကောင်းဆုံး App တွေထဲမှာ ပါဝင်တဲ့ App တစ်ခုပဲဖြစ်ပါတယ်။ သုံးစွဲရတာလည်း လွယ်ကူပြီးတော့ မိမိရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အကောင်းဆုံးသော ဓာတ်ပုံတွေ ကိုဖြစ်အောင် ပြုပြင်နိုင်တဲ့ Editing tool တော်တော်များများ ပါဝင်တာကို တွေ့ရပါတယ်။ ပုံတွေကို အလင်းအမှောင်တွေချိန်တာ၊ အရောင်ချိန်တာ၊ ပြတ်သားအောင် ပြုပြင်တာတွေနဲ့ ဓာတ်ပုံတွေ Crap ဖြတ်တောက် တဲ့အခါမှာ အကောင်းဆုံးသုံးနိုင်တဲ့ App လည်းဖြစ်ပါတယ်။ Filter ပေါင်း ၁၄ မျိုးကို ကြိုက်နှစ်သက်သလို ရွေးချယ်သုံးစွဲနိုင်ပါတယ်။

အသုံးပြုနိုင်တဲ့ Feature
Exposure, color and sharpening adjustments
Crop, rotate, straighten, correct perspective
Selective adjustments, brushes, healing tool
Vignette, filters, HDR, black and white
Frames and text



VSCO
Filter တွေ အများအပြားနဲ့ edit လုပ်တဲ့အခါမှာ လူကြိုက်များတဲ့ app တစ်ခုပဲဖြစ်ပါတယ်။ ကင်မရာ ရိုက်ကူးတဲ့အခါမှာ filter ကို အသုံးပြုနိုင်ပြီး Instagram လိုမျိုး ဓာတ်ပုံ sharing platform တစ်ခုကိုပါ ထည့်ပေးထားတာကို တွေ့ရပါတယ်။ မြောက်များလှစွာသော Filter တွေကို တွေ့နိုင်ပြီး အသုံးပြုရတာလည်း user friendly ဖြစ်ပါတယ်။ ဓာတ်ပုံတွေ edit လုပ်တဲ့အခါမှာ ရလာတဲ့ ဓာတ်ပုံက မတူညီတဲ့ အရသာတစ်ခုကို ခံစားရမှာဖြစ်ပြီး ကိုယ့်ရဲ့ မူလရိုက်ကူးထားတဲ့ ဓာတ်ပုံ နဲ့ ပြောင်းလဲသွားတဲ့ ကိုယ့်ရဲ့ဓာတ်ပုံကို မြင်တွေ့ရမှာဖြစ်ပါတယ်။

အသုံးပြုနိုင်တဲ့ Feature
-တစ်ချက်တည်းနဲ့ ပြောင်းလဲနိုင်ခြင်း
-Filter ကို ချိန်ညှိနိုင်ခြင်း
-Download လုပ်တဲ့အခါ File Size ကြီးကြီးရနိုင်ခြင်း
-အလင်းအမှောင်အရောင် ချိန်ညှိနိုင်ခြင်း
-Photo Sharing ကို တပြိုင်တည်း လုပ်နိုင်ခြင်း


Filterstorm Neue
Photo editing app က desktop computer တွေမှာသုံးနေတဲ့ Light-room နဲ့ Photoshop တွေလို သုံးစွဲနိုင်အောင် ဖန်တီးပေးထားတဲ့ app တစ်ခုပဲ ဖြစ်ပါတယ်။ Filterstrom Neue မှာ အလင်းအမှောင်တွေကို အဆင့်မီ ချိန်ညှိနိုင်သလိုပဲ အရောင်တွေကို အကောင်းဆုံး ချိန်ညှိနိုင်ဖို့ မိုဘိုင်းဖုန်းနဲ့ သင့်တော်အောင် ဖန်တီးပေးထားတဲ့ အရောင်ချိန်ညှိ Graph နည်းပညာ၊ တောက်ပမှုနဲ့ ရုပ်ထွက်တွေ ထင်ရှားအောင် ပြုလုပ်နိုင်တဲ့ နည်းပညာကိုလည်း ထည့်သွင်းပေးထားပါတယ်။

အသုံးပြုနိုင်တဲ့ Feature
– ရွေးချယ် edit လုပ်နိုင်မယ့် Masking tool
-curves, levels, tone map and channel mixer တွေ ပါဝင်တဲ့ Advanced tool
-မလိုတာတွေ ဖယ်ရှားဖို့နဲ့ လိုအပ်တာတွေ ပြန်ထည့်ဖို့ Clone Tool
-Clarity, sharpening, noise reduction, watermarking
-Filter တွေ ထည့်သွင်းသုံးခြင်း


TouchRetouch
မိုဘိုင်းဖုန်းနဲ့ ရိုက်လိုက်တဲ့ ဓာတ်ပုံတွေထဲမှာ မလိုအပ်တဲ့ အရာဝတ္ထုလေးတွေ ပါသွားတာကို ဖယ်ရှားဖို့ အကောင်းဆုံးနဲ့ အလွယ်ကူဆုံး သုံးနိုင်မယ့် app တစ်ခုပဲဖြစ်ပါတယ်။ မိမိဖျက်လိုတဲ့ အရာဝတ္ထုပေးမှာ လက်ချောင်းတွေနဲ့ ဝိုင်းလိုက်ရင် အနီရောင် Selection တစ်ခုပေါ် လာမှာ ဖြစ်ပါတယ်။ ဒီလိုပေါ်လာရင် Start ဆိုတဲ့ Tap ကို နှိပ်လိုက်တာနဲ့ ကိုယ်ဖယ်ရှားချင်တဲ့ အရာဝတ္ထုကို အလိုအလျောက် ဖယ်ရှားပေးသွားမှာဖြစ်ပြီး ဘေးနားမှာရှိတဲ့ area က အရောင်တွေ အရာဝတ္ထုတွေနဲ့ တစ်သားတည်း ဖြစ်သွားအောင် ပြုလုပ်ပေးသွားမှာပါ။

အသုံးပြုနိုင်တဲ့ Feature
-Brush tool ကို သုံးနိုင်ခြင်း
-အနီးအနားမှာရှိတဲ့ Pixel တွေနဲ့ အလိုအလျောက် ဖြည့်ပေးခြင်း
-ဓာတ်ပုံပေါ်မှာ မလိုအပ်တဲ့ အစက်အပျောက်များကို အကောင်းဆုံး ဖျောက်ပေးခြင်း
-လူတွေ အရာဝတ္ထုတွေကို ထပ်ထည့်နိုင်ခြင်း


SKRWT
ဒီ app က distrotion ဖြစ်နေတာတွေကို အကောင်းဆုံး ချိန်ညှိပေး နိုင်အောင် ကူညီပေးမယ့် app ဖြစ်သလို ဓာတ်ပုံပညာမှာ line တွေရဲ့ ထူးခြားမှုတွေကို အကောင်းဆုံး ချိန်ညှိနိုင်မယ့် app တစ်ခုပဲဖြစ်ပါတယ်။ အဆောက်အဦ ဓာတ်ပုံတွေ တံတားတွေကို အကောင်းဆုံး တည့်မတ်ပေးနိုင်မှာဖြစ်သလို အလိုအလျောက်လည်း Crop လုပ်ပေးမှာပဲ ဖြစ်ပါတယ်။ ဓာတ်ပုံပညာမှာ line တွေရဲ့ တည့်မတ်မှုက အထူးအရေးကြီးတာကြောင့် ဒီ app က ကောင်းကောင်း အထောက်အပံ့ပေးနိုင်အောင်နဲ့ အလွယ်ကူဆုံး သုံးနိုင်အောင် ဖန်တီးနိုင်မှာပါ။

အသုံးပြုနိုင်တဲ့ Feature
-ထောင့်မှန်ကျမှုနဲ့ ရေပြင်ညီမှု အမြင်တွေကို ချိန်ညှိနိုင်ခြင်း
-ဓာတ်ပုံမှာ Line ကျနမှုကို ပြုလုပ်ဖန်တီးခြင်း
-Wide Angle ကြောင့် ဖြစ်ပေါ်နေတဲ့ Distrotion တွေကို ပြုပြင် နိုင်
-Crop လုပ်နိုင် ဓာတ်ပုံတွေကို လှည့်နိုင်ခြင်း


AfterFocus
DSLR ကင်မရာတွေမှာ မြင်နေကြဖြစ်တဲ့ Depth of field ကို ဝါးနေ အောင် ရိုက်ကူးနိုင်တဲ့ Camera တွေ အချို့ဖုန်းတွေမှာ ပါဝင်တဲ့အတွက် Portrait ဓာတ်ပုံကောင်းကောင်းတွေ ရနိုင်ပေမယ့် အချို့မပါတဲ့ ကင်မရာ တွေအတွက်ကတော့ ဒီ Afterfocus app က Depth of Field ကို ဝါးပြီး အရှေ့မှ object ကို ထင်ရှားစေအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ လုပ်ဆောင်မှုတွေကလည်း သုံးစွဲသူတွေ အလွယ်တကူ ဖြစ်အောင် အကောင်းဆုံး ဖန်တီးပေးထားပါတယ်။ အသုံးပြုတဲ့ပုံစံက ရိုက်ကူးထားတဲ့ ဓာတ်ပုံမှာ Foreground ကို လက်ချောင်နဲ့ Selection တစ်ခုပေးလိုက်ရင် အလိုအလျောက် Background က ဝါးသွားမှာဖြစ် ပါတယ်။

အသုံးပြုနိုင်တဲ့ Feature
-ကိုယ်ဖန်တီးချင်သော နေရာကို လက်ချောင်းနဲ့ ရွေးချယ်နိုင်ပြီး အလိုအလျောက် Background ကို blur ပေးခြင်း
-မျိုးစုံသော Aperture Style တွေ ရွေးချယ်နိုင်ခြင်း
-Blur လုပ်ချင်တဲ့ ပမာဏကို ရွေးနိုင်ခြင်း
-Motion Blur ကိုလည်း သုံးနိုင်ခြင်း


Superimpose
ဓာတ်ပုံပညာနဲ့ မသက်ဆိုင်ပေမယ့် ဓာတ်ပုံတွေကို Creation အကောင်းဆုံးလုပ်နိုင် App တစ်ခုပဲဖြစ်ပါတယ်။ ဓာတ်ပုံတွေမြောက်များ စွာကို ပေါင်းစပ်ပြီး အကောင်းဆုံးသော ဖန်တီးထားတဲ့ ဓာတ်ပုံတစ်ပုံရရှိ လာအောင် ဖန်တီးနိုင်တာကို တွေ့ရပါတယ်။ ဖန်တီးမှုတစ်ခုကို ပြုလုပ်တဲ့အခါမှာ App မှာပါဝင်တဲ့ Layer တွေ Masking တွေနဲ့ အလွယ်တကူ ရင်နှီးမှုမရှိနိုင်ပေမယ့် ဓာတ်ပုံတစ်ပုံကို ဖန်တီးနေရင် မိနစ်အနည်းငယ်ကြာတဲ့အချိန်မှာ တကယ့်ကို ကျွမ်းကျင်အဆင့် ရောက်သွားနိုင်ပါတယ်။

အသုံးပြုနိုင်တဲ့ Feature
-ဓာတ်ပုံတစ်ပုံနဲ့ တစ်ပုံထည့်သွင်း သုံးနိုင်ခြင်း
-Double exposure image ကိုဖန်တီးနိုင်ခြင်း
-မတူတဲ့ ဓာတ်ပုံတစ်ခုကို အခြားဓာတ်ပုံ တစ်ခုပေါ်မှာ အစားထိုး နိုင်ခြင်း
-ဓာတ်ပုံတွေပေါ်မှာ စာလုံးတွေကို အလှဆင်နိုင်ခြင်း
-မလိုချင်တဲ့ ဓာတ်ပုံ အစိတ်အပိုင်းတွေ ဖုံးအုပ်လိုက်နိုင်ခြင်း


စည်သူ

Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com