6/04/2017

♪ ဒီနှစ်ရဲ့ အကောင်းဆုံး ထုတ်ကုန် ဖြစ်လာနိုင်တဲ့ Nokia 9 ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/06/Nokia-9-Concept-image.jpg?fit=800%2C610&ssl=1

Android ကို အခြေပြုထားတဲ့ Nokia 3,5 နဲ့ Nokia 6 တို့ ထွက်ရှိလာတော့မယ့် သတင်းကို အားလုံးပဲ ကြားပြီးသား ဖြစ်မှာပါ။ Android O နဲ့လည်း ပေါင်းစပ်သုံးစွဲနိုင်မှာ ဖြစ်တယ်ဆိုတာလည်း သိကြမှာပါ။ မဂ္ဂဇင်းအယ်ဒီတာတွေ၊ နိုင်ငံတကာ က အိုင်တီ နဲ့ မိုဘိုင်းနည်းပညာရှင်တွေကလည်း နိုကီယာ ကို စောင့်ကြည့်လေ့လာနေကြပေမယ့် အားလုံးက သိချင်နေကြတာက Nokia 9 ရဲ့ သတင်းတွေ ပါပဲ။ နိုကီယာ ပရိသတ်တွေက Nokia အနေနဲ့ High-End စမတ်ဖုန်း တစ်ခု ထုတ်လာမှာကိုစောင့်ဆိုင်းနေခဲ့ကြသလို ၀က်ဘ်ဆိုဒ် စာမျက်နှာတွေကလည်း တစ်ကြို ခန့်မှန်းတွေရေးသားခဲ့ဖူးပါတယ်။ အခုတော့ စောင့်ဆိုင်းသူတွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်စေမယ့် Nokia 9 ရဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါပြီ။

ဒါပေမယ့် Nokia ကုမ္ပဏီမှာ Nokia 9 အကြောင်း ကို လုံးလုံး မဖော်ပြထားသေးတဲ့အတွက် အခု ထွက်လာတဲ့ သတင်းတွေ ဟာ ကောလဟလတွေ လည်း ဖြစ်သွားနိုင်ပါတယ်။ Nokia 9 နဲ့ပတ်သက်ပြီး နိုကီယာ ဘက်ကတော့ ရေငုံနှုတ်ပိတ်နေထားဆဲပဲ ဖြစ်ပါတယ်။

အပြင် မှာ ထွက်နေတဲ့ သတင်းတွေ အရ Nokia 9 ဟာ Samsung Galaxy S8 နဲ့ iPhone 7 တို့ကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီး စမတ်ဖုန်း လောက ရဲ့ High-End ဈေးကွက်ကို လှုပ်ခတ်စေဦးမယ် လို့ ယူဆရပါတယ်။ သတင်းစတင်ပျံှ့နှံ့ခဲ့တဲ့ GeekBech စာမျက်နှာက Nokia N9 ကို Unknown Heart လို့ တင်စားခေါ်ဆိုခဲ့ပြီး ၂၀၁၇ ခုနှစ် ရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဖုန်းတစ်လုံး အဖြစ် အသားပေးဖော်ပြခဲ့ပါတယ်။

Nokia N9 ဟာ RAM ကို 8GB ထည့်သွင်းထားပြီး Qualcomm ရဲ့ နောက်ဆုံးထွက် Snapdragon 835 ပရိုဆက်ဆာ နဲ့ ထုတ်လုပ်မှာ ဖြစ်တယ် လို့ ဆိုပါတယ်။ ၅.၃ လက်မ မျက်နှာပြင် ဟာ QHD အရည်အသွေး ရှိတဲ့ မျက်နှာပြင် တစ်ခု ဖြစ်တဲ့အတွက် 4K အဆင့် ရုပ်ရှင်ဗွီဒီယိုတွေ နဲ့ Resoultion မြင့်မားတဲ့ ဂိမ်းတွေအတွက် အဆင်သင့်ဖြစ်စေမှာပါ။ storage ကတော့ 64/128 GB ဖြစ်လာနိုင်ပါတယ်။

ရေခိုး၊ ရေငွေ့ ၀င်ရောက်မှု နဲ့ ဖုန်မှုန့် ၊ သဲမှုန့်ဝင်ရောက်မှုတွေကို အကာအကွယ်ပေးနိုင်တဲ့ IP68 လည်း ပါရှိပါဥိးမယ် ။ ထူးခြားချက်ကတော့ နိုကီယာ ရဲ့ အသံပိုင်း စနစ် ဖြစ်ပါလိမ့်မယ်။ ဒါကို OZO audio အမည်ရှိပြီး ပတ်လည်ပြေး အသံစနစ်လောက် နီးနီး ကော်ငးမွန်မယ့် အသံအရည်အသွေး ပိုင်းပါပဲ။ နိုကီယာ ရဲ့ ကိုယ်ပိုင် အော်ဒီယို စနစ် ပါ။

GeekBench က အခုလောက်ပဲ ထုတ်ဖော်ပြသခဲ့ပေမယ့် ခန့်မှန်းချက်တွေထဲမှာ မှန်ကန်လာနိုင်တဲ့ အကြောင်း ၂ ချက်တော့ ရှီပါတယ်။ နောက်ပိုင်းမှာ ဖုန်းသမားတွေ အတွက် Storage လိုအပ်လာတာရယ်၊ USB Type C ကတော့ အသစ်ထွက်ဖုန်းတွေ မှာ ပါရှိလာတော့မှာ ဖြစ်တဲ့အတွက် ဒီ ခန့်မှန်းချက် ၂ ခု ကတော့ မှန်ကောင်းမှန်နိုင်မှာ ဖြစ်တယ် လို့ ဆိုပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com