ဒီတစ်ပတ်တော့ 2017 ခုနှစ်မှာ ထွက်ရှိထားတဲ့ Nokia ရဲ့ အဆင့်မြင့်စမတ်ဖုန်းတွေဖြစ် တဲ့
Nokia 5 နဲ့ Nokia 6 တို့ကို နှိုင်းယှဉ်ပေးသွားမှာပဲ ဖြစ်ပါတယ်။
အရင်ထွက်ရှိထားတဲ့ Nokia 6 ကို အနည်းငယ်အဆင့်နှိမ့်ပြီး အခုမှ Nokia 5 ကို
ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
၎င်းဖုန်း 2 လုံးမှာ တူညီတာတွေရှိသလို ကွဲပြားတာတွေလည်း ရှိပါတယ်။ ဖုန်းအရွယ်အစား၊ မျက်နှာပြင်အကျယ်၊ မျက်နှာပြင်စွမ်းအား၊ အနောက်ကင်မရာစွမ်းရည်တွေမှာ
Nokia 6 က အနည်းငယ်ပိုမြင့်မားပြီး ကျန်တာတွေအားလုံးကတော့ အတူတူပါပဲ။
၎င်းဖုန်းတွေကို GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး
Nokia 6 ကို Dual SIM တစ်မျိုးတည်း ထုတ်လုပ်ထားကာ Nokai 5 ကို Single SIM
ရော Dual SIM ရော ထုတ်လုပ်ပေးထားပါတယ်။
အရေးကြီးဆုံးဖြစ်တဲ့ စက်စွမ်းဆောင်ရည်ပိုင်းက အတူတူပဲဖြစ်သလို Non-removable Li-Ion 3000mAh battery ချင်းလည်း တူညီပါတယ်။ ဒါ့အပြင် အရှေ့ဘက် home button မှာလည်း တူညီတဲ့ Fingerprint sensor စနစ်ပါရှိတာကို တွေ့ရပါတယ်။
* Design *
1. Nokia 5
Nokia 5 ရဲ့ အရွယ်အစားက 149.7 x 72.5 x 8 mm ဖြစ်ပြီး ဒီဇိုင်းပုံစံက ခေတ်မီဆန်းသစ်သလို ဘေး bezel ကျဉ်းကျဉ်းနဲ့မို့ သုံးစွဲရတာလည်း အဆင်ပြေပါတယ်။ ရရှိနိုင်တဲ့အရောင်တွေက Tempered Blue, Silver, Matte Black, Copper တို့ပဲ ဖြစ်ပါတယ်။
2. Nokia 6
Nokia 6 ရဲ့ အရွယ်အစားကတော့ 154 x 75.8 x 7.9 mm ရှိပြီး 169 g လေးပါတယ်။ ဒီဇိုင်းပုံစံက Nokia 5 နဲ့ တော်တော်လေးဆင်တူပြီး သူ့ကိုလည်း Arte Black, Matte Black, Tempered Blue, Silver, Copper ဆိုတဲ့အရောင်တွေ ထုတ်လုပ်ထားပါတယ်။
* Processor *
1. Nokia 5
စက်စွမ်းဆောင်ရည်ပိုင်းအတွက်
RAM 2GB ပါရှိတဲ့ Qualcomm MSM8937 Snapdragon 430 Octa-core 1.4 GHz
Cortex-A53 processor နဲ့ Adreno 505 GPU တို့ကို
ပေါင်းစပ်ဖန်တီးပေးထားတာကြောင့် လုပ်ဆောင်ချက်တွေ တိကျမှန်ကန်မှု ရှိပါတယ်။
2. Nokia 6
Nokia 6 မှာလည်း တူညီတဲ့ Chipset, Processor နဲ့ Graphic Card တွေကို ထည့်သွင်းထားပြီး RAM က 3GB နဲ့ 4GB ပါရှိတဲ့ version 2 မျိုးကို ထုတ်လုပ်ထားပါတယ်။ စွမ်းဆောင်နိုင်စွမ်းတွေကတော့ ဘာမှမကွာခြားပါဘူး။
* Display *
1. Nokia 5
မျက်နှာပြင်အကျယ် 5.2-inch ရှိပြီး IPS LCD capacitive touch screen display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက 720 x 1280 pixels ရှိပြီး 1 လက်မသိပ်သည်းဆက ~282 ppi pixels ပမာဏရှိပါတယ်။
2. Nokia 6
၎င်းက Nokia 5 နဲ့ display အမျိုးအစားချင်းတူညီပြီး အကျယ်ကတော့ 5 လက်မခွဲ ရှိပါတယ်။ မျက်နှာပြင်က 1080 x 1920 pixels ရှိတဲ့ full HD မြင်ကွင်းစွမ်းအားတွေကို ပြသနိုင်လို့ Nokia 5 ထက် ရုပ်ထွက်ပိုကောင်းပါတယ်။
* Verdict *
1. Nokia 5
Nokia 5 က Nokia 6 ထက် အဆင့်နှိမ့်ထားပေမယ့် သုံးစွဲလို့ကောင်းတဲ့ specifications တွေ၊ သင့်တင့်တဲ့ဈေးနှုန်းတွေနဲ့ ဈေးကွက်ထဲကို ရောက်ရှိလာတော့မှာပါ။ မျက်နှာပြင်အကျယ်၊ မျက်နှာပြင်စွမ်းအားတွေမှာသာ အနည်းငယ်အားနည်းပြီး ကျန်တဲ့အချက်တွေကတော့ အထူးကောင်းမွန်ပါတယ်။
2. Nokia 6
Nokia 6 ကတော့ ဈေးကွက်ထဲကို ပိုမိုစောရောက်ခဲ့ပြီး ကောင်းမွန်တဲ့ specifications တွေကြောင့် Nokia ကြိုက်သူတွေတိုင်းကတော့ အထူးနှစ်သက်တဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံး ဖြစ်ခဲ့ပါတယ်။ Nokia ရဲ့ hardware ပိုင်းကလည်း အထူးပြောစရာမလိုအောင် ကောင်းမွန်ပြီးသားပါပဲ။
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
၎င်းဖုန်း 2 လုံးမှာ တူညီတာတွေရှိသလို ကွဲပြားတာတွေလည်း ရှိပါတယ်။ ဖုန်းအရွယ်အစား၊ မျက်နှာပြင်အကျယ်၊ မျက်နှာပြင်စွမ်းအား၊ အနောက်ကင်မရာစွမ်းရည်တွေမှာ
အရေးကြီးဆုံးဖြစ်တဲ့ စက်စွမ်းဆောင်ရည်ပိုင်းက အတူတူပဲဖြစ်သလို Non-removable Li-Ion 3000mAh battery ချင်းလည်း တူညီပါတယ်။ ဒါ့အပြင် အရှေ့ဘက် home button မှာလည်း တူညီတဲ့ Fingerprint sensor စနစ်ပါရှိတာကို တွေ့ရပါတယ်။
* Design *
1. Nokia 5
Nokia 5 ရဲ့ အရွယ်အစားက 149.7 x 72.5 x 8 mm ဖြစ်ပြီး ဒီဇိုင်းပုံစံက ခေတ်မီဆန်းသစ်သလို ဘေး bezel ကျဉ်းကျဉ်းနဲ့မို့ သုံးစွဲရတာလည်း အဆင်ပြေပါတယ်။ ရရှိနိုင်တဲ့အရောင်တွေက Tempered Blue, Silver, Matte Black, Copper တို့ပဲ ဖြစ်ပါတယ်။
2. Nokia 6
Nokia 6 ရဲ့ အရွယ်အစားကတော့ 154 x 75.8 x 7.9 mm ရှိပြီး 169 g လေးပါတယ်။ ဒီဇိုင်းပုံစံက Nokia 5 နဲ့ တော်တော်လေးဆင်တူပြီး သူ့ကိုလည်း Arte Black, Matte Black, Tempered Blue, Silver, Copper ဆိုတဲ့အရောင်တွေ ထုတ်လုပ်ထားပါတယ်။
* Processor *
1. Nokia 5
စက်စွမ်းဆောင်ရည်ပိုင်းအတွက
2. Nokia 6
Nokia 6 မှာလည်း တူညီတဲ့ Chipset, Processor နဲ့ Graphic Card တွေကို ထည့်သွင်းထားပြီး RAM က 3GB နဲ့ 4GB ပါရှိတဲ့ version 2 မျိုးကို ထုတ်လုပ်ထားပါတယ်။ စွမ်းဆောင်နိုင်စွမ်းတွေကတေ
* Display *
1. Nokia 5
မျက်နှာပြင်အကျယ် 5.2-inch ရှိပြီး IPS LCD capacitive touch screen display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက 720 x 1280 pixels ရှိပြီး 1 လက်မသိပ်သည်းဆက ~282 ppi pixels ပမာဏရှိပါတယ်။
2. Nokia 6
၎င်းက Nokia 5 နဲ့ display အမျိုးအစားချင်းတူညီပြီး အကျယ်ကတော့ 5 လက်မခွဲ ရှိပါတယ်။ မျက်နှာပြင်က 1080 x 1920 pixels ရှိတဲ့ full HD မြင်ကွင်းစွမ်းအားတွေကို ပြသနိုင်လို့ Nokia 5 ထက် ရုပ်ထွက်ပိုကောင်းပါတယ်။
* Verdict *
1. Nokia 5
Nokia 5 က Nokia 6 ထက် အဆင့်နှိမ့်ထားပေမယ့် သုံးစွဲလို့ကောင်းတဲ့ specifications တွေ၊ သင့်တင့်တဲ့ဈေးနှုန်းတွေနဲ့
2. Nokia 6
Nokia 6 ကတော့ ဈေးကွက်ထဲကို ပိုမိုစောရောက်ခဲ့ပြီး ကောင်းမွန်တဲ့ specifications တွေကြောင့် Nokia ကြိုက်သူတွေတိုင်းကတော့ အထူးနှစ်သက်တဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံး
NetGuide Journal (Every Wednesday)
https://www.facebook.com/