6/07/2017

♪ Apple က ၁၀.၅ လက်မနဲ့ ၁၂.၉ လက်မ iPad Pro အသစ်များကို မိတ်ဆက် ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/06/ipad-pro-2017-release-date-price-specs_thumb800.jpg?fit=800%2C450&ssl=1

Apple က WWDC မှာ ၂၀၁၅ ခုနှစ်ထုတ် ၁၂.၉ လက်မ iPad Pro ရဲ့ မော်ဒယ်အသစ်များကို မိတ်ဆက်ခဲ့သလို ၂၀၁၆ ထုတ် ၉.၇ လက်မ မော်ဒယ်ကို အစားထိုးမယ့် ၁၀.၅ လက် မော်ဒယ် အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ မော်ဒယ် အသစ်များမှာ Retina Display နဲ့ ကိုယ်ထည်များကို ဒီဇိုင်းပြောင်းထားပါတယ်။

Apple ရဲ့ True Tone Panel အသစ်များဟာ အရောင်အသွေး စုံလင်ပြီး အရည်အသွေးမြင့်မားပါတယ်။ အလင်းပြန်မှု နည်းပါးပါတယ်။ 600 nit brightness အထိ ထုတ်လုပ်ပေးနိုင်ပြီး HDR ကို ထောက်ပံ့ပါတယ်။ အဲဒီအတွက် Multimedia Content များအတွက် အလွန် ကောင်းမွန်ပါတယ်။ စကရင် အသစ်များရဲ့ Refresh Rate ဟာ 120Hz ဖြစ်ပြီး Apple Pencil နဲ့ သုံးရင် တုန့်ပြန်မှု အလွန် ကောင်းမွန်ပါတယ်။

တက်ဘလက်များရဲ့ ဘက်ထရီ သက်တမ်းဟာ ၁၀ နာရီ ဖြစ်ပြီး လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာ ပါပါတယ်။ CPU Core ခြောက်လုံးပါတဲ့ Apple A10 Fusion Chip များ တပ်ဆင်ထားပါတယ်။ Apple က CPU ဟာ ၃၀ ရာခိုင်နှုန်းနဲ့ GPU ဟာ ၄၀ ရာခိုင်နှုန်း ပိုမို စွမ်းရည်မြင့်လာတယ်လို့ ပြောပါတယ်။ အနောက်ဘက်မှာ OIS ပါတဲ့ 12MP Camera နဲ့ အရှေ့ဘက်မှာ 7MP FaceTime HD Camera ပါပါတယ်။

iPad အသစ်များအတွက် သီးခြား စွမ်းဆောင်ချက်အသစ်များကို iOS 11 မှာ ထည့်သွင်းပေးထားပါတယ်။ Drag & Drop Support ပါလာပြီး Multi-Windows App များကိုလည်း နှစ်သက်သလို နေရာ ပြောင်းရွှေ့ခြင်း၊ Resize လုပ်ခြင်းများ လုပ်နိုင်ပါပြီ။ iOS Dock ကလည်း သွင်ပြင်နဲ့ စွမ်းရည်အပိုင်းမှာ တိုးတက်လာပါတယ်။ App Switcher မှာ Multi Window စွမ်းရည်အသစ်တစ်ခု ပါလာပါတယ်။

၁၀.၅ လက်မအတွက် တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၆၄၉ ဒေါ်လာ၊ ၁၂.၉ လက်မအတွက် တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁၀၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ LTE Model များက ဒေါ်လာ ၁၃၀ လောက် ပိုမိုဈေးကြီးမှာပါ။



Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com