6/17/2017

♪ မိုဘိုင်းဖုန်းတွေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ဈေးဖြင့် ကျင်းပတော့မယ့် Mobile Week 2017 ♫


မိုဘိုင်းဖုန်းတွေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ဈေးဖြင့် ၀ယ်ယူနိုင်မယ့် မိုဘိုင်းဖုန်း အရောင်းပွဲတော် Mobile Week 2017 ကျင်းပမယ်လို့ သိရပါတယ်။


အဆိုပါအခမ်းအနားကို ဇူလိုင်လ ၃ ရက်မှစတင်ပြီး ဇူလိုင်လ ၉ ရက်အထိ Shop.com.mm Online ပေါ်တွင် ၀ယ်ယူနိုင်မှာဖြစ်ပြီး Online အပြင် Offline လည်းဝယ်ယူနိုင်မယ်လို့သိရပါတယ်။ Offline အနေနဲ့ ရန်ကုန်မြို့မှာ လှည်းတန်းစင်တာနဲ့ မန္တလေး Diamond Plaza တို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။၊ Shop.com.mm ရဲ့ Mobile Week 2017 ကို Visa Card မှ အဓိကစီစဉ်တင်ဆက်ပြီး Online မှငွေချေတဲ့ စနစ်ကို စတင်အသုံးပြုနိုင်မယ်လို့သိရပါတယ်။ Ooredoo ကလည်း ကူညီပံ့ပိုးပေးမယ်လို့ ဆိုပါတယ်။


အဆိုပါ Mobile Week 2017 ကို Shop.com.mm မှ ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး Apple, Samsung, Sony, LG, Lenovo, Huawei, Meizu, Xiaomi, Hello, Oppo, Singtech စတဲ့ ဖုန်းအမှတ်တံဆိပ်မျိုးစုံ ပါဝင်မယ်လို့ သိရပါတယ်။


-ထွန်းထွန်း


Credit to ==>> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com