တန်ဖိုးသင့်တင့်သော ဟန်းဆက်များကို ရွေးချယ်ဝယ်ယူနိုင်ဖို့အတွက်
Lenovo ဟာ တစ်သိန်းဝန်းကျင် ရှိသော ဟန်းဆက်များကို ထုတ်လုပ် ရောင်းချ
ပေးထားပါတယ်။ အချို့သော ဟန်းဆက်များကတော့ တစ်သိန်းခွဲ ၀န်းကျင်
တန်ဖိုးရှိပါတယ်။ Lenovo ဟာ Vibe ဟန်းဆက် များကို
စီးရီးအလိုက်ထုတ်လုပ်ရောင်း ချပေးထားပြီး ထိုထဲကမှ Vibe S1 Lite နှင့် S1 တို့ရဲ့ စွမ်းရည်များကို နှိုင်းယှဉ်နိုင်ရန် ဖော်ပြပေးပါမယ်။
Lenovo ရဲ့ Vibe S1 ကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလက ထုတ်လုပ် ရောင်းချပေးထားပြီး ဖုန်းရဲ့ပုံစံကတော့ လေးထောင့်ကျကျအသွင် ဒီဇိုင်းရှိပြီး ထောင့်စွန်းများဟာ အနည်းငယ်ဝန်းဝိုက်ပါတယ်။ ထောက်ပံ့ ပေးမယ့် Network အမျိုးအစားကတော့ 2G/3G/ 4G
ပါ။ ကိုယ်ထည် အရွယ်အစားပမာဏကို 143.3x70.8x7.8 mm နဲ့ ပုံဖော်ပေးထားသော
ကြောင့် ကိုင်ဆောင်အသုံးပြုတဲ့အခါမှာ အဆင်ပြေစေပါလိမ့်မယ်။
သယ်ဆောင်သွားလာဖို့အတွက် ဖုန်းရဲ့အလေးချိန် ဟာ 132g ရှိပါမယ်။
ဆင်းကတ်နှစ်ကတ်အသုံးပြုနိုင်အောင် ထောက်ပံ့ပေးထားသည့်ဖုန်း အမျိုးအစားဖြစ်ခြင်းကြောင့် အော်ပရေ တာများစွာရဲ့ ဆင်းကတ်များကို အသုံးပြုနေသူများအဆင်ပြေစေပါလိမ့်မယ်။
ထည့်သွင်းအသုံးပြုရမယ့် ဆင်းကတ်အရွယ်အစား ကတော့ Nano SIM ပါ။ IPS LCD
capacitive touchscreen ရဲ့ အကျယ်အ၀န်းပမာဏဟာ 5 inches ရှိပါတယ်။ မြင်ကွင်း
စွမ်းရည်အတွက် ထောက်ပံ့ပေးထားသော pixels ပမာဏမှာ 1080x1920 ဖြစ်ပြီး
တစ်လက်မမှာရှိမယ့် pixel ပမာဏ သိပ်သည်းဆ ကတော့ 441 ppi ပါ။ Multitouch
စနစ်တွင် လက်ချောင်းများစွာကို အသုံးပြု နိုင်ပါလိမ့်မယ်။ အကြမ်းခံနိုင်သော
ဖုန်းမျက်နှာပြင်ဖြစ်စေရန် အတွက်လည်း Gorilla Glass 3 နဲ့
ဖုံးအုပ်ကာကွယ်ပေးထားပါသေးတ ယ်။
ကင်မရာနှစ်မျိုးနှစ်စား တပ်ဆင်ပေးထားပြီး အဓိက,ကင်မရာဟာ 13MP, f/ 2.2 စွမ်းရည်ရှိကာ ရှေ့ကင်မရာငယ်ကတော့ 8MP+2MP (DOF) အမျိုး အစားဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးနိုင်မယ့်စွမ်း ရည်မှာ
1080p ဖြစ်ပြီး နှုန်းမှာ တစ်စက္ကန့်ကို 30 frames ဖြစ်ပါတယ်။ Dual LED
(Dual Tone) Flash, Touch Focus, Face Detection, HDR, Panorama စသော
ကင်မရာဆက်စပ်ပတ်သက်စနစ်များ လည်း
ပါရှိပါတယ်။ အသံပိုင်းစနစ် တွင် Active Noise Cancellation with dedicated
mic စနစ်ပါရှိပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 3GB
ထည့်သွင်းပေးထားပြီး Internal Storage တွင် 32GB ပါရှိအောင်
ဆောင်ရွက်ပေးထားပါတယ်။ Card Slot စနစ် အသုံးပြု၍လည်း မှတ်ဥာဏ်ပမာဏကို
ချဲ့ထွင်သုံးစွဲနိုင်ပါ မယ်။ CPU စွမ်းရည်မှာ Octa Core 1.7GHz ဖြစ်ပြီး
အားသွင်း အသုံးပြု ရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Po 2420mAh ပါ။
Lenovo Vibe S1 Lite ကို ၂၀၁၆ ခုနှစ်၊ မေလတွင် ထုတ်လုပ်ရောင်းချ ပေးထားခြင်းဖြစ်ပြီး လေးထောင့်ကျသော ဖုန်းရဲ့အနောက်ဘက်အလယ် တည့်တည့်တွင် အဓိက,ကင်မရာကို အ၀ိုင်းပုံစံတပ်ဆင်ပေးထားပါ တယ်။ 2G/3G/ 4G
network အထောက်အပံ့ရရှိမယ့် S1 Lite ရဲ့ ကိုယ်ထည် အရွယ်အစားပမာဏ ကတော့
145x71x8.6 mm ဖြစ်ကာ အလေးချိန်မှာ 129g ရှိပါတယ်။ Dual SIM
ဟန်းဆက်အမျိုးအစားဖြစ်ပြီး ထည့်သွင်း အသုံးပြု ရမယ့် ဆင်းကတ်အရွယ်အစားမှာ
Nano နဲ့ Micro ဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာနဲ့အလုပ်ကိစ္စကို
ခွဲခြားအသုံးပြုလိုသူများ Dual SIM ဟန်းဆက် ကိုသာ
ကိုင်ဆောင်အသုံးပြုသင့်ပါတယ်။
IPS LCD capacitive touchscreen ရဲ့ အကျယ်အ၀န်းကတော့ 5 inches ဖြစ်ပါတယ်။
မြင်ကွင်း စွမ်းရည်အတွက် ထောက်ပံ့ပေးထားသော pixels ပမာဏမှာ 1080x1920
ဖြစ်ကာ တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆ ကတော့ 441ppi ဖြစ်ပါတယ်။
ကင်မရာနှစ်မျိုးနှစ်စား တပ်ဆ င်ပေးထားပြီး
အဓိက,ကင်မရာဟာ 13MP,f/2.2 စွမ်းရည်ရှိပြီး Dual LED, Dual Tone Flash
ထောက်ပံ့ပေးထားပါတယ်။ Selfie ရိုက်ကူးမှု အတွက် အဆင်ပြေစေ ရန်လည်း
ရှေ့ကင်မရာငယ်ဟာ စွမ်းရည်မြင့်မားပါတယ်။ ရှေ့ ကင်မရာငယ်တွင် LED Flash
ပါရှိပြီး၊ စွမ်းရည်ကတော့ 8MP, f/ 2.2 ဖြစ်ပါတယ်။ 1080p စွမ်းရည်ဖြင့် ဗီဒီယိုရိုက်ကူးနိုင်ကာနှုန်းမှာ တစ်စက္ကန့် ကို 30frames ပါ။ ပြင်ပ ဆူညံသံကို ဖယ်ရှားစစ်ထုတ်ပေးနိုင်မယ့် Active Noise Cancellation with dedicated mic စနစ်ပါရှိပါတယ်။
မှတ်ဥာဏ် ပမာဏအပိုင်းတွင် RAM ကို 2GB ထည့်သွင်းပေးထားပြီး ROM ပမာဏအပိုင်းတွင် 16GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ အသုံးပြုနိုင်မယ့် OS အမျိုးအစားကတော့ Lollipop ပါ။ ထည့်သွင်း ပေးထားသော Chipset မှာ MediaTek MT6753 ပါ။ CPU စွမ်းရည်မှာ Octa Core 1.3GHz Cortex A53 ဖြစ်သောကြောင့် ဖုန်းအသုံးပြုတဲ့အခါ တွင် လျင်မြန်သောတုံ့ပြန်မှုများ ပေးစွမ်းပါလိမ့်မယ်။ GPU မှာ Mali -T760MP2 ပါ။ Bluetooth Version မှာ 4.0 ပါ။ Accelerometer, Proximity, Compass စသော sensor များလည်း ပါရှိပါတယ်။ အားသွင်း အသုံးပြုရမယ့် ဘက်ထရီအမျိုးအစားမှာ Li-Po 2700mAh ဖြစ်ပြီး၊ ထိုဘက် ထရီဟာ 3G network တွင် အသင့်အနေအထား၌ နာရီ ၂၀၀ ကျော်နီးပါးနှင့် စကားပြောဆိုဖို့ အတွက် ၁၈ နာရီနီးပါးခံနိုင်စွမ်းရှိေ အာင်
စွမ်းဆောင်ပေးနိုင်ပါတယ်။ Vibe S1 Lite တွင် အဖြူနှင့် နက်ပြာဟူ၍
အရောင်နှစ်မျိုးရှိပါတယ်။ S1 Lite ရဲ့ တန်ဖိုးကတော့ ၁၆၉,၀၀၀/- ကျပ်
ဝန်းကျင်ရှိပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
Lenovo ရဲ့ Vibe S1 ကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလက ထုတ်လုပ် ရောင်းချပေးထားပြီး ဖုန်းရဲ့ပုံစံကတော့ လေးထောင့်ကျကျအသွင် ဒီဇိုင်းရှိပြီး ထောင့်စွန်းများဟာ အနည်းငယ်ဝန်းဝိုက်ပါတယ်။ ထောက်ပံ့ ပေးမယ့် Network အမျိုးအစားကတော့ 2G/3G/
ကင်မရာနှစ်မျိုးနှစ်စား တပ်ဆင်ပေးထားပြီး အဓိက,ကင်မရာဟာ 13MP, f/
Lenovo Vibe S1 Lite ကို ၂၀၁၆ ခုနှစ်၊ မေလတွင် ထုတ်လုပ်ရောင်းချ ပေးထားခြင်းဖြစ်ပြီး လေးထောင့်ကျသော ဖုန်းရဲ့အနောက်ဘက်အလယ် တည့်တည့်တွင် အဓိက,ကင်မရာကို အ၀ိုင်းပုံစံတပ်ဆင်ပေးထားပါ
မှတ်ဥာဏ် ပမာဏအပိုင်းတွင် RAM ကို 2GB ထည့်သွင်းပေးထားပြီး ROM ပမာဏအပိုင်းတွင် 16GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ အသုံးပြုနိုင်မယ့် OS အမျိုးအစားကတော့ Lollipop ပါ။ ထည့်သွင်း ပေးထားသော Chipset မှာ MediaTek MT6753 ပါ။ CPU စွမ်းရည်မှာ Octa Core 1.3GHz Cortex A53 ဖြစ်သောကြောင့် ဖုန်းအသုံးပြုတဲ့အခါ တွင် လျင်မြန်သောတုံ့ပြန်မှုများ ပေးစွမ်းပါလိမ့်မယ်။ GPU မှာ Mali -T760MP2 ပါ။ Bluetooth Version မှာ 4.0 ပါ။ Accelerometer, Proximity, Compass စသော sensor များလည်း ပါရှိပါတယ်။ အားသွင်း အသုံးပြုရမယ့် ဘက်ထရီအမျိုးအစားမှာ Li-Po 2700mAh ဖြစ်ပြီး၊ ထိုဘက် ထရီဟာ 3G network တွင် အသင့်အနေအထား၌ နာရီ ၂၀၀ ကျော်နီးပါးနှင့် စကားပြောဆိုဖို့ အတွက် ၁၈ နာရီနီးပါးခံနိုင်စွမ်းရှိေ
Mobile Guide Journal (Every Monday)
https://www.facebook.com/