6/09/2017

♪ " iPhone 7 Plus (Red) " Price - 1,240,000 Ks ၀န်းကျင် (128GB) ♫

Image may contain: phone

ဒီတစ်ပတ်တော့ ပြီးခဲ့တဲ့ လအနည်းငယ်လောက်က ထွက်ရှိထားတဲ့ iPhone 7 Plus ရဲ့ Red version လေးအကြောင်းကို ပြောပြပေးချင်ပါတယ်။ အရင်ထုတ်လုပ်ခဲ့တဲ့ iPhone 7 Plus ကို Red version အနေနဲ့ ထပ်မံထွက်ရှိလာခဲ့တာဖြစ်လို့ နောက်ဆုံးပေါ် iPhone ကိုမှ ရှားပါးတဲ့ အနီရောင်ဖုန်းလေးနဲ့ Fancy ကျကျ ကိုင်ချင်တဲ့သူတွေကတော့ အဆင်ပြေသွားတာပေါ့။ အရင်ဖုန်းနဲ့ ဘာမှ သိသိသာသာ ထူးခြားပြောင်းလဲသွားတာမျိုးမဟုတ်ဘဲ ဆန်းသစ်လှပတဲ့ အရောင်လေးနဲ့သာ ထပ်မံထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ 

သူ့ရဲ့ဒီဇိုင်းပုံစံက ပါးပါးလွှာလွှာလေးနဲ့ ကိုင်တွယ်သုံးစွဲလို့ ကောင်းသလို စွမ်းဆောင်ရည်ကလည်း ပေးရတဲ့ဈေးနှုန်းနဲ့ ထိုက်တန်မှုရှိတာကိုလည်း တွေ့ရပါတယ်။ ၎င်းက IP67 certified ရရှိထားလို့ ဖုန်ဒဏ်နဲ့ ရေဒဏ်တွေကို ခံနိုင်ရည်ရှိပြီး ရေအနက် 1 မီတာမှာလည်း မိနစ် 30 ကြာမျှ ဖုန်းအသုံးပြုနိုင်ပါတယ်။ ဖုန်းအရွယ်အစားက 158.2 x 77.9 x 7.3 mm ရှိပြီး အလေးချိန်က 188g လေးပါတယ်။ GSM, CDMA, HSPA, EVDO နဲ့ LTE networks တွေကို ထောက်ပံ့ထားပြီး Nano SIM card ကို ထည့်သွင်းသုံးစွဲနိုင်ပါတယ်။ မျက်နှာပြင်အကျယ်ကတော့ 5.5-inch ရှိပြီး LED-backlit IPS LCD capacitive touchscreen Display က 1080 x 1920 pixels အရည်အသွေးရှိတဲ့ မြင်ကွင်းတွေကို ပြသပေးနိုင်ပါတယ်။


ဒါ့အပြင် multitouch စနစ်ကိုလည်း သုံးစွဲနိုင်ပြီး မျက်နှာပြင်ကို အကြမ်းခံနိုင်အောင် Ion-strengthened glass နဲ့ oleophobic coatin တွေကို ထပ်မံဖုံးအုပ် ကာကွယ်ထားပါတယ်။ အထဲမှာ hassel free user experience ကို ပေးစွမ်းနိုင်တဲ့ iOS 10.0.1 ကို အသုံးပြုထားပြီး iOS 10.0.2 ကိုလည်း ထပ်မံအဆင့်မြှင့်တင်နိုင်ပါတယ်။ ၎င်း OS က အခုလောလောဆယ်မှာတော့ ကမ္ဘာ့အကောင်းဆုံး mobile OS တစ်ခုဖြစ်ပြီး သုံးစွဲရတာ လွယ်ကူမြန်ဆန် အဆင်ပြေမှု အရှိဆုံးပါပဲ။


ဖုန်းလုံခြုံရေးပိုင်းကိုလည်း အထူးဦးစားပေး လုပ်ဆောင်ထားပြီး အကောင်းဆုံး Search Engine နဲ့ Home App တွေကို ထည့်သွင်းပေးထားပါတယ်။ အရှေ့ဘက် home button မှာပါရှိတဲ့ fingerprint sensor ကလည်း တိကျလျင်မြန်မှုရှိပြီး စက္ကန့်ပိုင်းအတွင်းမှာ ဖုန်းကို unlock လုပ်ပေးနိုင်ပါတယ်။ အနောက်ကင်မရာက dual primary camera စနစ်ဖြစ်ပြီး 12MP resolution ရှိပြီး Optical Zoom 2 ဆ၊ Digital Zoom 1 ဆအထိ ဆွဲယူရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုတွေရိုက်မယ်ဆိုရင်တော့ Zoom ကို 6 ဆအထိ ဆွဲလို့ရပါတယ်။ ၎င်းကင်မရာက 4K ဗီဒီယိုတွေကို ရိုက်ကူးနေစဉ်မှာပဲ 8MP ရှိတဲ့ ဓာတ်ပုံတွေကို တစ်ပြိုင်နက်တည်း ဖမ်းယူနိုင်ပါသေးတယ်။


အရှေ့ selfie ကင်မရာကတော့ 7MP နဲ့ f/2.2 aperture စွမ်းအားတွေရှိတာကြောင့် အရည်အသွေးကောင်းတဲ့ selfie ဓာတ်ပုံတွေနဲ့ full HD ဗီဒီယိုတွေကိုလည်း ရိုက်ကူးနိုင်ပါသေးတယ်။ ဒါ့အပြင် FaceTime HD 7MP camera ကနေ FaceTime Video Calling စနစ်ကိုလည်း အသုံးပြုနိုင်ပါတယ်။ Data တွေကို သိမ်းဆည်းဖို့အတွက် Internal memory 128GB ပါရှိပါတယ်။ ကိုယ်ထည်ထဲမှာ သုံးထားတဲ့ Apple A10 Fusion မှာ high performance core 2 ခုနဲ့ high efficiency core 2 ခုပါရှိတာမို့ အရင်ဖုန်းတွေထက် စွမ်းဆောင်ရည် ပိုမြင့်မားသလို ပိုပြီးလည်း သုံးစွဲလို့ကောင်းပါတယ်။ ဒါ့အပြင် iPhone 7 Plus ရဲ့ အထူးကောင်းမွန်တဲ့ စက်စွမ်းဆောင်ရည်တွေကို Quad-core 2.34GHz (2x Hurricane + 2x Zephyr) နဲ့ six cores graphics card ဖြစ်တဲ့ PowerVR Series7XT Plus တို့က ထောက်ပံ့ပေးထားလို့ အလွန့်အလွန် လျင်မြန်ကောင်းမွန်တဲ့ စက်လုပ်ဆောင်နိုင်စွမ်းတွေကို တွေ့ကြုံခံစားရမှာဖြစ်ပြီး ရုပ်ထွက်ကလည်း သဘာဝကျတဲ့ အရောင်အသွေးတွေနဲ့ အကြည်လင် အပြတ်သားဆုံး မြင်တွေ့ခွင့်ရမှာပါ။


၎င်းမှာ stereo စပီကာ 2 ခုပါရှိလို့ အသံထွက်လည်း အထူးကောင်းမွန်တာကြောင့် ဂိမ်းကစားတာတွေ၊ ရုပ်ရှင်ကြည့်တာတွေနဲ့ သီချင်းနားထောင်တာတွေကို စိတ်တိုင်းကျ ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။ ခေတ်မီတဲ့ ဒီဇိုင်းပုံစံလေးနဲ့ ဆန်းသစ်တဲ့ အနီရောင်တို့ရဲ့ ပေါင်းစပ်မှုကတော့ ဆွဲဆောင်မှုအရှိဆုံး ဖုန်းတစ်လုံးဖြစ်ခဲ့ပါပြီ။

* Battery Life *

7 Plus မှာ Non-removable Li-Ion 2900mAh battery (11.1Wh) ကိုထည့်သွင်းထားလို့ ဖုန်းအားအပြည့်သွင်းထားရင် နာရီပေါင်း 21 နာရီကြာမျှ ဖုန်းပြောဆိုနိုင်ပြီး သီချင်းတွေကို နာရီပေါင်း 60 ကျော် ဆက်တိုက်နားထောင်နိုင်ပါတယ်

* Design *

iPhone 7 Plus ရဲ့ တည်ဆောက်ပုံဒီဇိုင်းပုံစံက ပါးပါးလွှာလွှာလေးနဲ့ ခေတ်မီဆန်းသစ်မှုရှိတဲ့အပြင် အနီရောင်လေးဖြစ်တာမို့ ပေါ်လွင်ထင်ရှားပြီး ဆွဲဆောင်မှုလည်း ရှိပါတယ်။ ကိုယ်ထည်တည်ဆောက်ဖို့ သုံးထားတဲ့ 7000 Series Alluminium ကလည်း အထူးကောင်းမွန်တာကြောင့် တာရှည်အသုံးပြုနိုင်ပြီး အကြမ်းလည်း ခံပါတယ်။

* Processor *

iPhone 7 Plus မှာ RAM 3GB ပါရှိတဲ့ Apple A10 Fusion Chip, Quad-core 2.34GHz (2x Hurricane + 2x Zephyr) processor နဲ့ PowerVR Series7XT Plus Graphics Card တို့က အကောင်းဆုံး စက်စွမ်းဆောင်ရည်တွေကို အပြည့်အဝထောက်ပံ့ထားလို့ နောက်ဆုံးပေါ် apps တွေနဲ့ ဂိမ်းတွေကို ရုပ်ထွက်ကောင်းကောင်းနဲ့ ကစားနိုင်ပါတယ်။

* Display and Camera *

5.5-inch ကျယ်တဲ့ မျက်နှာပြင်ကို LED-backlit IPS LCD, capacitive touchscreen display နဲ့ ပြုလုပ်ထားပြီး 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ရရှိမှာပါ။ 12MP + 12MP dual အနောက်ကင်မရာနဲ့ 7MP ရှိတဲ့ အရှေ့ selfie ကင်မရာတို့ကို တပ်ဆင်ထားပြီး အလွန်အသုံးဝင်တဲ့ features တွေနဲ့ effects တွေလည်း အများကြီးပါရှိပါတယ်။

* Verdict *

iPhone 7 Plus (Red) ကတော့ အခုဈေးကွက်ထဲမှာ လူတိုင်းစိတ်ဝင်စားတဲ့ ဖုန်းတစ်လုံးအဖြစ် ရပ်တည်နေပြီး သူများတွေနဲ့မတူ ထူးခြားတဲ့ နောက်ဆုံးပေါ် အဆင့်မြင့်စမတ်ဖုန်းတွေကိုမှ ကိုင်ချင်တဲ့သူတွေကတော့ အပြိုင်အဆိုင်ကို ဝယ်ယူနေကြတဲ့ ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။

Specification
» Network : GSM/CDMA/HSPA/EVDO/LTE (Nano-SIM)
» Weight : 188 g
» Display : 5.5", LED-backlit IPS LCD, capacitive touchscreen
» Dimensions : 158.2 x 77.9 x 7.3 mm
» Memory : 128GB, 3GB RAM
» Camera : Dual 12MP, Front : 7MP, 2x optical zoom,
phase detection autofocus, quad-LED (dual tone) flash,
geo-tagging, face/smile detection, HDR (photo/panorama)
» Connectivity : GPS, WLAN, Bluetooth v4.2, USB v2.0
» OS : iOS 10.0.1, upgradable to iOS 10.0.2
» Chipset : Apple A10 Fusion, CPU : Quad-core 2.23GHz
» Protection : Wide color gamut display, Display Zoom,
3D Touch display & home button
» Features : IP67 certified - dust and water resistant,
Water resistant up to 1 meter and 30 minutes

Contact Phone - 01-371924 (AMT Mobile Sales & Services)



Price - 1,240,000 Ks ၀န်းကျင် (128GB)

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com