Samsung
ကုမ္ပဏီ အနေနဲ့ မျက်နှာပြင်ကြီး စမတ်ဖုန်း နှစ်သက်သူတွေအတွက် မိတ်ဆက်မယ့်
Galaxy Note 8 မှာ Infinity display ကို ဆက်လက်အသုံးပြုထားတယ်လို့
သိရပါတယ်။
ဇွန်လထဲမှာပဲ Samsung Note 7 ကို ပြန်လည်ဆန်းသစ်ထားတဲ့ Note 7 R လည်း ထွက်ရှိလာမှာဖြစ်လို့ ဝယ်ယူသူတွေအနေနဲ့ Note 8 ကို စောင့်မလား Note 7 R ကိုပဲ ဝယ်ယူကြမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။
ထွက်ပေါ်လာတဲ့ ကောလဟာလ သတင်းအရ ဆမ်ဆောင်းဂလက်ဆီ Note 8 မှာ galaxy S8duo လိုပဲ infinity display ပါဝင်ပြီး OS ကတော့ Android 7.1.1 Nougat ဖြစ်ပါတယ်။
ဒီ Android 7.1.1 Nougat ဗားရှင်းအသစ်ကို Samsung စမတ်ဖုန်းတွေမှာ တွေ့မြင်ရတော့မှာပါ။ Dutch ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ Galaxy Note 8 ကို Android OS နောက်ဆုံးထွက်ဗားရှင်းနဲ့ စမ်းသပ်ခဲ့ပြီးဖြစ်ကာ မျက်နှာပြင် Display ကလည်း Galaxy S8 ရဲ့အချိုးအတိုင်း 18.5:9 နဲ့အတူတူဖြစ်ကြောင်း၊ Home Button လည်း ပါဝင်လာဖွယ်မရှိကြောင်း အတည်ပြုပြောကြား ထားပါတယ်။
Finger print နဲ့ S Pen ထားရှိမယ့်နေရာ စနစ်တကျရှိစေဖို့အတွက် ဒီဇိုင်းပိုင်း ပိုမိုဆန်းသစ်ဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal

https://www.facebook.com/