6/02/2017

♪ " Huawei P10 " - Price » 799,000 Ks အကြောင်းအသေးစိတ်ဖော်ပြချက်များ ♫

Image may contain: phone

Contact Phone » 09-455209200 ( Unique )

**Specification**

» Network : 2G, 3G, 4G (Single SIM or Dual SIM)
» Weight : 145 g
» Display : 5.1", IPS-NEO LCD capacitive touchscreen
» Dimensions : 145.3 x 69.3 x 7 mm
» Memory : 64GB, 4GB RAM, microSD up to 256GB
» Camera : Dual 20MP + 12MP, Front : 8MP, Leica optics, OIS, phase detection autofocus, Geo-tagging, HDR, dual-LED (dual tone) flash, face detection, panorama
» Connectivity : GPS, WLAN, Bluetooth v4.2, USB Type-C 1.0
» OS : Android OS, 7.0 (Nougat)
» Chipset : HiSilicon Kirin 960
CPU : Octa-core, GPU : Mali-G71 MP8
» Protection : Corning Gorilla Glass 5, Emotion UI 5.1
» Sensors : Fingerprint, accelerometer, gyro, proximity

Huawei ရဲ့ နောက်ဆုံးပေါ် အဆင့်မြင့်စမတ်ဖုန်းဖြစ်တဲ့ Huawei P10 ကို ကင်မရာစွမ်းအား ကောင်းမွန်ပြီး ဒီဇိုင်းပုံစံ လှပသေသပ်တဲ့ flagship ဖုန်းတစ်လုံးအဖြစ် ထုတ်လုပ်ပေးခဲ့ပါတယ်။ ဘေးထောင့်တွေက rounded design ဖြစ်တဲ့အတွက် iPhone 6s နဲ့ ဆင်တူပြီး တခြား Huawei ဖုန်းတွေ ထက် ကိုင်တွယ်ရတာ ပိုမိုအဆင်ပြေပါတယ်။


ထူးခြားတာက fingerprint scanner ကို အရှေ့ဘက်မျက်နှာပြင်အောက် ခြေမှာထည့်သွင်းထားပြီး Sensor ရဲ့လုပ်ဆောင်ချက်တွေက အထူးကောင်း မွန်ပါတယ်။ Sensor ပေါ်မှာ အပေါ်အောက်ရွှေ့တာတွေ၊ Tap လုပ်တာ တွေနဲ့ swpie လုပ်တာတွေ စတဲ့ gestures တွေ အကုန်လုံးနဲ့ လုပ်ဆောင် ချက်တွေကို စေခိုင်းနိုင်ပါတယ်။ ၄င်းက home button နဲ့ တူပေမယ့် အရှေ့ ဘက်မျက်နှာပြင်မှာ ဘာ buttons မှ မရှိပါဘူး။
ဒီလို sensor နဲ့ သုံးရတာက အရင်က ခလုတ် 3 ခုထက် ပိုသုံးစွဲလို့ ကောင်းပြီး မြန်ဆန်မှုရှိတာကိုလည်း တွေ့ရပါတယ်။ အသံအတိုးအကျယ် ခလုတ်နဲ့ ပါဝါခလုတ်တွေက ညာဘက်ဘေးဘောင်မှာ အပေါ်အောက် တည်ရှိနေပေမယ့် ပုံစံခြင်းက ကွဲပြားနေတာမို့ မှားနှိပ်မိမှာလည်း စိုးရိမ်စရာ မရှိပါဘူး။ စပီကာပေါက်၊ USB ပေါက်နဲ့ Headphone ပေါက်တွေက အောင်ဘက်မှာ တပ်ဆင်ထားပါတယ်။ ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ ပြုလုပ်ပေးထားလို့ အကြမ်းခံပြီး တာရှည်လည်း အသုံးပြုနိုင်ပါတယ်။ 


ဖုန်းအရွယ်အစားက 145.3 x 69.3 x 7 mm ရှိပြီး အလေးချိန်က 145g လေးပါတယ်။ GSM, HSPA နဲ့ LTE networks တွေကို ထောက်ပံ့ထားပြီး Single SIM နဲ့ Dual SIM ဆိုတဲ့ version 2 မျိုးကို ထုတ်လုပ်ထားပါတယ်။ ထည့် သွင်းသုံးစွဲရမယ့် SIM card အမျိုးအစားကတော့ Nano SIM ပါ။ မျက်နှာပြင် အကျယ်က 5.1-inch ရှိပြီး IPS-NEO LCD capacitive touchscreen Display က 1080 x 1920 pixels အရည်အသွေးရှိတဲ့ မြင်ကွင်းတွေကို ပြသပေးနိုင်ပါတယ်။ 


ဒါ့အပြင် multitouch စနစ်ကိုလည်း သုံးစွဲနိုင်ပြီး မျက်နှာပြင်ကို အကြမ်း ခံနိုင်အောင် Corning Gorilla Glass 5 နဲ့ ဖုံးအုပ်ကာကွယ်ထားပါတယ်။ အထဲမှာ Android OS, v7.0 (Nougat) ကို အခြေခံထားပြီး အသုံးပြုရတာ အလွန် အဆင်ပြေတဲ့ Emotion UI 5.1 ကို run ပေးထားပါတယ်။ ၄င်း UI က App Drawer မပါရှိတော့ဘဲ App တွေ အကုန်လုံးက Home Screen မှာ တည်ရှိနေ ပါတယ်။ ဒါပေမဲ့ App Drawer ကိုမှ အသုံးပြုချင်တယ်ဆိုရင်လည်း Setting ထဲမှာ သွားပြင်ဆင်နိုင်ပြီး Home Screen ကို စိတ်ကြိုက်စီမံ ခန့်ခွဲနိုင်ပါတယ်။ 


Android ရဲ့ နောက်ဆုံးပေါ် version ရဲ့ အကောင်းဆုံး features 2 ခု ဖြစ်တဲ့ Google Assistant နဲ့ Google Daydream တွေကတော့ ပါရှိလာခြင်း မရှိပါဘူး။ ဖုန်းထဲကို တိုက်ရိုက် upload လုပ်ထားတဲ့ audio ဖိုင်တွေကို နားထောင်နိုင်ဖို့အတွက် Music app ပါရှိတဲ့အပြင် Google Play Music ကို လည်း install လုပ်ပေးပြီးသားပါပဲ။
အနောက်ကင်မရာက dual primary camera စနစ်ဖြစ်ပြီး 20MP (mono-chrone shooter) +12MP (color shooter) resolution နဲ့ f/2.2 aperture စွမ်းအား တွေကို ပေးစွမ်းနိုင်ပါတယ်။ အရှေ့ selfie ကင်မရာ ကတော့ 8MP နဲ့ f/1.9 aperture စွမ်းအားတွေ ရှိတာကြောင့် လှပတဲ့ selfie ဓာတ်ပုံတွေကို ရရှိနိုင်ပြီး video call ပြောရတာလည်း အရမ်းအဆင်ပြေပါတယ်။ ကင်မရာမှာလည်း လူသုံးများတဲ့ Bokeh effects နဲ့ Beauty Mode ကို ပေါင်းထားပြီး facial tracking စနစ်ပါရှိတဲ့ Lecia Portrait mode အသစ်ကို ထည့်သွင်းပေးထားတာက ဓာတ်ပုံဝါသနာရှင် တွေကို ဆွဲဆောင်ထားနိုင်တဲ့ အချက်တစ်ချက်ပါပဲ။


ဒါ့အပြင် စက်စွမ်းဆောင်ရည်ပိုင်းမှာလည်း အထူးပြောစရာမလိုအောင် ကောင်းမွန်ပြီး ရုပ်ထွက်တွေကလည်း သဘာဝကျကျ စိုပြေတဲ့အရောင် အသွေးတွေကို ရရှိနိုင်မှာပါ။ လိုင်းဆွဲအားကောင်းသလို အင်တာနက်သုံးရ တာလည်း မြန်ဆန်မှုရှိပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းပုံစံနဲ့ လိုက်ဖက်ညီ တဲ့ Mystic Silver, Rose Gold, Graphite Black, Dazzling Gold, Dazzling Blue, Greenery ဆိုတဲ့ အရောင်တွေကို ထုတ်လုပ်ပေးထားတာကိုလည်း တွေ့ရပါတယ်။

Battery Life

>>>>>

Huawei P10 မှာ သြည Non-removable Li-Ion 3200mAh battery ကို ထည့်သွင်းထားလို့ တော်ရုံတန်ရုံ ဖုန်းသုံးစွဲသူတွေ အတွက်တော့ လုံလောက်တဲ့ ဘက်ထရီစွမ်းအားပါပဲ။ ဒါ့ အပြင် Fast Battery Charging စနစ်ပါရှိလို့ အားသွင်းရတာလည်း မြန်ဆန်မှုရှိပါတယ်။

Design

>>>>>

Huawei P10 ရဲ့ တည်ဆောက်ပုံဒီဇိုင်းပုံစံက ပါးပါးလွှာလွှာလေးရှိပြီး လက်ထဲမှာ ကိုင်တွယ်သုံးစွဲလို့ကောင်းတဲ့ အရွယ်အစားလေးရှိပါတယ်။ ဒါ့အပြင် ပေါ့ပါးမှုလည်းရှိလို့ လက်တစ်ဖက်တည်းနဲ့ ထိန်းချုပ်မှုတွေကို အဆင်ပြေပြေ ပြုလုပ်နိုင်ပါတယ်။ သုံးစွဲထားတဲ့ hardware ပစ္စည်းတွေက လည်း အထူးကောင်းမွန်ပါတယ်။

Processor

>>>>>

Huawei P10 မှာ RAM 4GB ပါရှိတဲ့ HiSilicon Kirin 960 Octa-core (4x2.4GHz Cortex-A73 & 4x1.8GHz Cortex-A53) processor နဲ့ Mali-G71 MP8 Graphics Card က အကောင်းဆုံးစက်စွမ်းဆောင်ရည်တွေကို အပြည့်အဝထောက်ပံ့ထားလို့ နောက်ဆုံးပေါ် apps တွေနဲ့ ဂိမ်းတွေကို ရုပ်ထွက်ကောင်းကောင်းနဲ့ ကစားနိုင်ပါတယ်။

Display and Camera

>>>>>

5.1-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို IPS-NEO LCD capacitive touch-screen display အမျိုးအစားနဲ့ ပြုလုပ်ပေးထားပြီး 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ရရှိမှာပါ။ 20MP + 12MP dual အနောက်ကင်မရာနဲ့ 8MP ရှိတဲ့ အရှေ့ selfie ကင်မရာတို့ကို တပ်ဆင်ထားပြီး အလွန်အသုံးဝင်တဲ့ features တွေလည်း အများကြီး ပါရှိပါတယ်။

Verdict

>>>>>

Huawei P10 ဟာ Flagship ဖုန်းတစ်လုံးရဲ့ လိုအပ်ချက်တွေ၊ အသွင် အပြင်လက္ခဏာတွေ အကုန်လုံးရှိတဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးဖြစ်ပြီး အဆင်းရော၊ အချင်းပါကောင်းတဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းတစ်လုံး အဖြစ် ဈေးကွက်ထဲမှာ လူကြိုက်များလျက်ရှိပါတယ်။




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com