6/04/2017

♪ Google machine learning နည်းပညာက Gmail spam နဲ့ phishing message များကို ၉၉.၉ရာခိုင်နှုန်း ကာကွယ်တားဆီးပေး ♫


Google ရဲ့ machine learning နည်းပညာဟာ spam နဲ့ phishing message တွေကို ၉၉.၉ ရာခိုင်နှုန်း တိကျမှုနှုန်းနဲ့ ကာကွယ်ပေးနိုင်တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။ Google ရဲ့ပြောကြားချက်အရဆိုရင်တော့ spam message တစ်ထောင်မှာ တစ်စောင်သာ သက်ဆိုင်ရာ လူဆီသို့ ရောက်ရှိတဲ့ သဘောပင်ဖြစ်ပါတယ်။ Google ရဲ့အချက်အလက်တွေအရ message ၅၀ရာခိုင်နှုန်းမှ ၇၀ရာခိုင်နှုန်းဟာ spam တွေဖြစ်တယ်လို့ သိရပါတယ်။ Machine learning နည်းပညာဟာ လင့်တွေကနေ အန္တရာယ်ရှိ URL တွေကို သိနိုင်ဖို့ Google Safe Browsing tool ထည့်သွင်းထားပါတယ်။

Google ရဲ့ machine learning မှာ phishing-detection စွမ်းဆောင်ရည် တိုးတက်စေဖို့ စနစ်တစ်ခုတည်ဆောက်ထားပါတယ်။ ဒီစနစ်မှာ phishing ကိုအသေးစိတ်လေ့လာဆန်းစစ်မှု ပြုလုပ်မှာဖြစ်ပါ တယ်။ဒါကြောင့် တချို Gmail message တွေဝင်ရောက်မှု အနည်းငယ်နှောင့်နှေးစေနို င်ပါတယ်။ Phishing တိုက်ခိုက်မှုတွေကို စုစည်းစစ်ဆေးတဲ့အခါမှာ အလွယ်တကူနဲ့ဖော်ထုတ်နိုင်ပါတယ်။ Google ကသံသယရှိတဲ့ message တွေကို နှောင့်နှောင်းအောင် ပြုလုပ်ပြီး အချိန်နဲ့အမျှဝင်ရောက်လာတဲ့ message တွေကို အသေးစိတ်စစ်ဆေးသွားမှာပါ။

ဒီနည်းပညာကိုလည်း အချိန်နှင့်တစ်ပြေးညီ update ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီစနစ်ဟာ message တွေရဲ့ ၀.၀၅ ရာခိုင်နှုန်းခန့်သာ စစ်ဆေးနိုင်ပါသေးတယ်လို့ သိရပါတယ်။


-စိုးထက်



Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com