6/13/2017

♪ " စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ Fingerprint Sensor နဲ့ Galaxy Note 8 " ♫

Image may contain: phone and screen

Samsung က Galaxy S8 ရဲ့ Fingerprint sensor ကို ဖုန်းရဲ့နောက်ဘက်မှာ တပ်ဆင်ထားပြီး Note 8 မှာလည်း ဒီအတိုင်းဆက်ရှိနေမယ်လို့ သတင်းတစ်ချို့မှာ ဖော်ပြထားပါတယ်။ Galaxy S8 နဲ့ S8 Plus တို့ ကွန်ပလိန်းတွေရရှိခဲ့တဲ့ အကြောင်းရင်းထဲမှာ Fingerprint reader က ဖုန်းရဲ့နောက်ကျော အလည်တည့်တည့်မှာမရှိဘဲ ကင်မရာရဲ့ နောက်နားရှိနေခြင်းက တစ်ခုအပါအဝင်ပါပဲ။

ကောလာဟလသတင်းတစ်ခုကတော့ Samsung ရဲ့ နောက်ထွက်မယ့်ဖုန်းဖြစ်တဲ့ Galaxy Note 8 မှာ display ရဲ့ အောက်ဘက်မှာ sensor နဲ့ ပေါင်းစပ်ပြီး ဒီပြဿနာကို ဖြေရှင်းထားလိမ့်မယ်လို့ ယူဆကြပေမယ့် ကိုရီးယားသတင်း Naver ကတော့ ဒါဟာ မသေချာသေးဘူးလို့ ပြောပါတယ်။ Samsung ကတော့ Galaxy S8 မှာ virtual sensor နည်းပညာကို ထည့်သွင်းဖို့ သူ့ရဲ့ပါတနာဖြစ်တဲ့ Syanptics နဲ့ လုပ်ကိုင်နေပေမယ့် အချိန်မီထွက်ပေါ်လာနိုင်ခြင်း မရှိခဲ့ပါဘူး။

Samsung က ဒီပြဿနာအတွက် လုပ်ဆောင်နေဆဲဖြစ်ပြီး Note 8 အတွက် အဆင့်သင့်မဖြစ်သေးဘူးလို့ တုန့်ပြန်ခဲ့ကြောင်း Naver မှာ ဖော်ပြထားပါတယ်။ Samsung က CruicalTec လို့ခေါ်တဲ့ တောင်ကိုရီးယားကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး under-screen sensor အတွက် ဆက်လက်လုပ်ဆောင်နေဆဲပါ။ အတည်မပြုနိုင်သေးပါဘူးလို့ Naver က ဆိုပါတယ်။ Note 8 ရဲ့ fingerprint reader က LG G6 နဲ့ Goolge Pixel ဖုန်းတို့လိုပဲ အလယ်မှာပဲ ရှိမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါသေးဘူး။

Galaxy Note 8 မှာ 6.3 လက်မ infinity display နဲ့ android 7.1.1 Snapdragon 836 တို့လည်း ပါဝင်လာမှာပါ။ Galaxy Note 8 က ယှဉ်ပြိုင်ဘက်ဖြစ်တဲ့ Apple ရဲ့ screen နဲ့ fingerprint reader တို့ ပေါင်းစပ်ထားပြီး ဒီဇိုင်းအသစ်နဲ့ ထွက်ပေါ်လာမယ့် iPhone ထက် စောထွက်ဖို့ လည်း မျှော်လင့်ရပါတယ်။ Note 8 က Note စီးရီးချစ်သူတွေရဲ့ လိုအပ်ချက်ကို ပစ်မှတ်ထားပြီး S8 မှာတုန်းက ဝေဖန်ခဲ့တဲ့ အချက်အလက်တစ်ချို့ကို ပြင်ဆင်လာမယ်လို့လည်း ယူဆရပါတယ်။


ဒါ့အပြင် Note 7 မှာဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုဖြစ်စဉ်ကို လူတွေမေ့သွားနိုင်အောင် Note 8 ကို ပံ့ပိုးလာမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ Samsung Galaxy Note 8 က fingerprint sensor ပိုင်းမှာ ကြိုက်နှစ်သက်မှု များ၊ မများကတော့ စောင့်ကြည့်ရမှာပါပဲ။ ဒီဖုန်းမှာ the Snapdragon 835 SoC ကို အဆင့်မြှင့်ထားတဲ့ Snapdragon 836 ကို အသုံးပြုထားပြီး ဒါက နောက်ဆုံးထွက်ရှိထားတဲ့ Mobile chipset QUALCOMM ပဲ ဖြစ်ပါတယ်။ 

Snapdragon 836 မှာ SD835's 2.45 GHz နဲ့ octa-core 2.5GHz processor ပါဝင်ပြီး 740MHz GPU ပါရှိမယ်လို့ သိရပါတယ်။



သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com