6/07/2017

♪ “မည်သည့် အော်ပရေတာကိုမဆို တစ်မိနစ် ၁၅ ကျပ်ဖြင့်ခေါ်ဆိုနိုင်မည့် ရိုးရိုးလေးရယူပါက ယခင်အင်တာနက် အခမဲ့အစီအစဉ် ပျက်ပြယ်မည်” ♫

Image may contain: 1 person, smiling, hat and text

အူရီဒူးမြန်မာမှ အသစ်ထပ်မံ မိတ်ဆက်လိုက်သော ရိုးရိုးလေးအစီအစဉ် အရ မည်သည့်ဖုန်း အော်ပရေတာကိုမဆို တစ်မိနစ်လျှင် ၁၅ ကျပ်ဖြင့် ခေါ်ဆိုနိုင်မည်ဖြစ်ပြီး အဆိုပါအစီအစဉ်ရယူလိုက်ပါက မူလရရှိထားသည့် အင်တာနက်အခမဲ့၊ ဖုန်းအခမဲ့ အစီအစဉ် ပျက်ပြယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရိုးရိုးလေးအစီအစဉ်တွင် တယ်လီနော၊ အူရီဒူး၊ အမ်ပီတီ မည်သည့်ဖုန်း ဖြစ်စေ တစ်မိနစ် ဖုန်းပြောခ ၁၅ ကျပ်ကျသင့်မည် ဖြစ်ပြီး စာတိုပေးပို့ခ တစ်စောင်လျှင် ၁၅ ကျပ်ဖြင့် ပြည်တွင်း ဖုန်းနံပါတ်အားလုံးကို ပေးပို့နိုင် မည်ဖြစ်ပါသည်။ အချိန်ကာလမရွေး အင်တာနက်အသုံးပြုနိုင်ရန်အတွက် အင်တာနက်အသုံးပြုခကို တစ်မီဂါ ဗိုက်လျှင် ၈ကျပ်နှုန်းဖြင့် ပေးဆောင်ရ မည်ဖြစ်သည်။

၂၀၁၇ ခုနှစ် မေလ ၃၁ ရက် နေ့တွင် စတင်မည်ဖြစ်ပြီး အူရီဒူးဝန်ဆောင်မှု အသုံးပြုသူများအနေဖြင့် *777# သို့ ခေါ်ဆိုပြီး အခမဲ့ရယူနိုင်ပါသည်။ သို့ရာတွင် ထိုသို့ရယူလိုက်ပါက နဂိုအသုံးပြုနေသည့် ငွေကျပ် တစ်ထောင် ဖုန်းငွေဖြည့်လျှင် တစ်ရက်လျှင် အူရီဒူးအချင်းချင်း မိနစ်ငါးဆယ်ဖုန်းအခမဲ့ ပြောခွင့်၊ ဖေ့ဘုတ်၊ viber အစရှိသည်တို့ 500 MB အခမဲ့အသုံးပြုနိုင်ခြင်း ကို ဆက်လက်ရရှိတော့မည်မဟုတ်ကြောင်း သိရသည်။

အူရီဒူးမြန်မာမှ တာဝန်ရှိသူတစ်ဦးက “အစ်မတို့ရဲ့ အူရီဒူးရိုးရိုးလေးကို မယူခင် ဖုန်းဘေတစ်ထောင် ဖြည့်ထားမယ်၊ သုံးရက်အခမဲ့ရထားမယ် ဆိုရင် တစ်ရက်သုံးပြီး နောက်တစ်နေ့မှာ ဒီရိုးရိုးလေးယူလိုက်ရင် အခမဲ့ က ခဏရပ်သွားမယ်၊ ပြီးလို့ရိုးရိုးလေးကို မသုံးချင်တော့ဘူး၊ အခမဲ့ပြန် သုံးချင်တယ်ဆိုရင် *5050# ကိုပြန်ခေါ် လိုက်တာနဲ့ ရိုးရိုးလေးက ပြန်ပျက်သွားပြီး အခမဲ့အစီအစဉ် ပြန်ရသွားမယ်၊ အဲဒီအခါကြရင် သုံးရက်ရမယ့်ဟာ ကို တစ်ရက်ပဲသုံးထားတာဖြစ်လို့ အခမဲ့အစီအစဉ် အတွက် ကျန်တဲ့နှစ်ရက်ကို အလိုလိုပြန်ပြီး active ဖြစ်မှာပါ”ဟု ပြောသည်။

ရိုးရိုးလေးအစီအစဉ်မှာ ဖုန်းအသုံးပြုမှုများသူများအတွက် ရည်ရွယ်ခြင်း ဖြစ်ပြီး အခမဲ့ Facebook အစီအစဉ် (သို့မဟုတ်) ရိုးရိုးလေးအစီအစဉ်ထဲမှ မိမိတို့နှစ်သက်ရာ ပြောင်းလဲအသုံးပြုနိုင်ပါသည်။ အခမဲ့ Facebook နှင့် ရိုးရိုးလေးအစီအစဉ် ပြောင်းလဲအသုံးပြုခြင်းကို တစ်ရက်လျှင်တစ်ကြိမ် သာ ပြောင်းလဲ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ 



ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com