6/07/2017

♪ " ဖုန်းအားသွင်းနှုန်း (4) ဆ ပိုမြန်စေမယ့် ZTE Nubia Z17 " ♫

Image may contain: 1 person, phone

Qualcomm ရဲ့ Quick charge 4.0 အသုံးပြုထားတာကြောင့် ဖုန်းအားသွင်းနှုန်း (4) ဆ ပိုမြန်လာစေမယ့် ZTE Nubia Z17 မကြာမီ ထွက်ရှိလာမယ်လို့ သိရပါတယ်။ Nubia 17 က ZTE ဖုန်းတွေထဲမှာ ပထမဆုံး အားသွင်းမြန်စနစ်အသုံးပြုထားတဲ့ ဖုန်းတစ်လုံးဖြစ်လာမှာပါ။

ဘက်ထရီခံနိုင်ရည်အား 3200 mAh ရှိပြီး 25 မိနစ်အားသွင်းရုံနဲ့ ဖုန်းအား 50% နီးပါးရရှိမှာဖြစ်ပါတယ်။ Quickcharge 4+ က အားအမြန်ပြည့်အောင် တွန်းအားပေးပေမယ့် ဖုန်းပူလာတာမျိုး မရှိအောင်လည်း ပြုလုပ်ပေးနိုင်ပါတယ်။ Snapdragon 835 RAM 6/8 GB ၊ ROM 64 GB / 128 GB ဆိုပြီး နှစ်မျိုးထွက်ရှိလာ မှာဖြစ်ပါတယ်။

မျက်နှာပြင်အရွယ်အစား 5.5 လက်မနဲ့ 1080p resolution တို့က သိပ်ပြီးထူးခြားတယ်လို့ မဆိုနိုင်ပေမယ့် ကုမ္ပဏီဘက်ကတော့ ဒီ resolution က အသင့်တော်ဆုံးပဲလို့ ဆိုထားပါတယ်။ ဘေးဘောင်တွေကို မရှိသလောက်မြင်တွေ့ရမယ့် edge-to-edge ပုံစံအသုံးပြုထားပြီး စမတ်ဖုန်းရဲ့နောက်ကျောဘက်မှာ 23 MP နဲ့ 12 MP ကင်မရာနှစ်လုံး တပ်ဆင်ထားပါတယ်။ ရှေ့ကင်မရာကတော့ 16 MP ဖြစ်ပါတယ်။

လက်ရှိ တရုတ်ပြည်တွင်းမှာပဲ ရောင်းချမယ့် ZTE Nubia Z17 ကို တစ်ခြားနိုင်ငံဈေးကွက်တွေမှာပါ တိုးချဲ့ရောင်းချနိုင်ဖို့ မှန်းထားပါတယ်။ 6 GB RAM နဲ့ 64 GB ROM အတွက် အမေရိကန်ဒေါ်လာ 410 ဝန်းကျင်နဲ့ 8 GB RAM နဲ့ 128 GB အတွက် အမေရိကန်ဒေါ်လာ 590 သတ်မှတ်ရောင်းချမယ်လို့ သိရပါတယ်။


သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com