၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှစပြီး၂၀၁၆-၁၇
ဘဏ္ဍာရေးနှစ်၊ ဖေဖော်ဝါရီလကုန်အထိ အကောက်ခွန် ဦးစီးဌာနမှ ကောက်ခံရရှိခဲ့တဲ့
ဘဏ္ဍာရေးနှစ်အလိုက် လက်ကိုင်ဖုန်းရေအတွက် (၁၆၃၂၁၈၇)လုံးရှိ တယ်လို့သိရပါတယ်။
ပြီးတော့ ကုန်သွယ်လုပ်ငန်းခွန် ကျပ်(၁၇၄၇၆၆၅၀၁၁)၊ အမေရိကန် ဒေါ်လာ (၅၀၄၇၀၁၅၆)ဒေါ်လာရရှိခဲ့ တယ်လို့ သိရပါတယ်။ နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးနစ်နာမှုများ မဖြစ်စေရေးအတွက် လုပ်ငန်းဆက်စပ် ဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက်ပြီး သတင်းစာရင်းများရရှိရေး ဆောင်ရွက်လျက်ရှိတယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်ဝင်းကပြည်သူ့လွှတ် တော်အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
-ထွန်းထွန်း