6/05/2017

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫

Image may contain: one or more people, people sitting and text

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက ဖုန်းလိုင်းတိုင်အပြည့်မပေါ်ဘူးခင်ဗျာ။ တစ်ခါတစ်လေကျလဲ လိုင်းတိုင်က ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတယ်ခင်ဗျာ။
ဖြေ - ဟုတ်ကဲ့ဗျာ။ အရင်ဦးဆုံး အစ်ကို့ဖုန်းကို Reset ချကြည့်သင့်ပါတယ်။ မရရင် ထည့်ထားတဲ့ Sim Card မိရဲ့လား၊ ချောင်နေလား စစ်ကြည့်ပါ။ ဖုန်းအတွင်းထဲက Sim Card ကြိုး မကောင်းတာမျိုး၊ Antenna တိုင် မကောင်းတာမျိုးဆိုရင်လည်း ဖြစ်တတ်ပါတယ်ခင်ဗျာ။

မေး - အစ်ကိုတို့ရေ ကျွန်တော့်ဖုန်း Redmi 4X Gallery ထဲမှာ Video ရယ်၊ Zapya Video ရယ် နှစ်ခုပေါ်နေပါတယ်။ တစ်ခုဖျက်လိုက်ရင် နောက်တစ်ခုလည်း ပျက်သွားပါတယ်။ Zapya Video ကြီးမပေါ်အောင် လုပ်ချင်ပါတယ်။ အဲ့ဒါ ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးပါဦး အစ်ကိုတို့ရယ်။
ဖြေ - ဟုတ်ကဲ့ဗျာ။ အစ်ကို့ဖုန်း Setting ကနေ Zapya Application ကို Clear Data လုပ်ပြီး Uninstall အရင်လုပ်လိုက်ပါ။ ပြီးရင် တခြား Version တစ်ခု ပြောင်းထည့်ကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်ဗျာ။

မေး - အစ်ကို ကျွန်တော့် iPhone မှာ Android Phone တွေမှာလို Personal Hotspot သုံးလို့ မရဘူးဖြစ်နေတယ်။ ရှာလို့လည်းမတွေ့ဘူး။ မပါတာလားအစ်ကို။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ iPhone မှာ Personal Hotspot ပါပါတယ်။ Setting ထဲက Cellular ထဲက Cellular Data Options ထဲက Cellular Data Network ထဲဝင်ပြီး Personal Hotspot ရဲ့ APN နေရာမှာ Internet လို့ရိုက်ထည့်လိုက်ပါ။ Setting ထဲက Cellular ရဲ့အောက်မှာ Personal Hotspot ပေါ်လာပါလိမ့်မယ်။

မေး - အစ်ကို ကျွန်တော့် Samsung Phone မှာ Myanmar Font ထည့်ထားတယ်အစ်ကို။ ဒါပေမဲ့ Message ထဲမှာ Myanmar Font မပေါ်ဘူး။ အခြားနေရာတွေမှာပဲ Myanmar လိုပေါ်တယ်အစ်ကို။ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ Samsung Phone တွေမှာ ဖြစ်တတ်ပါတယ်။ Phone ရဲ့ Message ထဲဝင်လိုက်ပါ။ Menu Key (or) More Setting ထဲမှာ Input Mode ကိုတွေ့အောင်ရှာပါ။ Input Mode တွေ့ပြီဆိုရင် Input Mode မှာ Automatic ပြောင်းလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

မေး - အစ်ကို ကျွန်တော့် Phone က အားသွင်းရင် အားပြည့်မြန်တယ်။ အားသွင်းကြိုးဖြုတ်ပြီးသုံးရင် ခဏလေးနဲ့ အားကုန်သွားတယ်။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ Phone က Battery လဲပေးရမှာပါ။

မေး - အစ်ကိုရေ ကျွန်တော့် Phone က အားမသွင်းပဲ အားသွင်းတဲ့ပုံ ပြနေတယ်။ အားတော့မ၀င်ဘူး။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - ဟုတ် အစ်ကို့ Phone ကို USB ခေါင်းကို အရင်သန့်ရှင်းရေးလုပ်ကြည့်ပါ။ မရရင် Power IC လဲပေးရမယ်။

မေး - အစ်ကိုရေ ကျွန်တော့် Phone က အားမသွင်းရင် အသုံးပြုလို့ရတယ်။ အားသွင်းရင် Phone က Power သေသွားတယ်။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - ဟုတ် အစ်ကို့ Phone က အားသွင်းခေါင်းက Shock ဖြစ်နေတာပါ။ USB ခေါင်းလဲကြည့်ရပါမယ်။ မရရင်တော့ ပတ်လမ်းစစ်ရမှာပါ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Y-511 Huawei အမျိုးအစားပါဗျာ။ ရုပ်ထွက်မလာဘူးဗျ။ LCD က ဖွေးနေတယ်။ ဘယ်လိုလုပ်ရမလဲဗျာ။
ဖြေ - Y-511 တွေမှာဆိုရင် Coil, Condenser, Diocle တို့က Backlight ပိုင်းမှာ အဓိကလုပ်ဆောင်ပါတယ်။ အခုလို LCD ဖွေးနေတာကတော့ LCD Connector နားက Fuse 3 လုံးကြောင့်ဖြစ်ပါတယ်။ အဲ့ဒီ Fuse လေးတွေကို သေချာလဲလှယ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

မေး - Huawei 730U00 တစ်လုံး Earpeace မကောင်းလို့ပါ။ လဲချင်ပါတယ်။
ဖြေ - ကျွန်တော်က Earpeace ကို လဲလှယ်ပေးပေမယ့် ဖုန်းက Speaker မှာ အသံမထွက်တော့ပါဘူး။ တစ်ခါ Speaker ထပ်လဲပေးရပါတယ်။ ပြောချင်တာက Earpeace ဟာ Speaker ကြောင့် Error တက်ပါတယ်။ Earpeace က တကယ်တမ်းကောင်းပါတယ်။ Earpeace ကို သူ့ Original ပဲပြန်ထည့်တော့ အဆင်ပြေပါတယ်။ Speaker ကြောင့်လည်း Earpeace မှာ မကောင်းဘူးဆိုတာလည်း ရှိပါတယ်။

ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com