6/16/2017

♪ “Apple က ၁၀.၅ လက်မနဲ့ ၁၂.၉ လက်မ iPad Pro အသစ်များကို မိတ်ဆက်” ♫

No automatic alt text available.

Apple က သူ့ရဲ့ World Wide Developer Conference မှာ iPad Pro မော်ဒယ် အသစ်များကိုမိတ်ဆက်လိုက် ပါတယ်။ တက်ဘလက်များရဲ့ အရွယ်အစားများမှာ ၁၀.၅ လက်မနဲ့ ၁၂.၉ လက်မ ဖြစ်ကြပါတယ်။ တက်ဘလက်များရဲ့ Retina Display ဟာ ယခင်မော်ဒယ်များထက် အရောင်ပိုမိုစုံလင်လာပြီးအရည်အသွေး မြင့်မားလာပါတယ်။

600 nit brightness အထိထုတ်လုပ်ပေးနိုင်ပြီး HDR ကိုထောက်ပံ့ပါတယ်။ Display Refresh Rate ကို 60hz ကနေ 120hz အထိ နှစ်ဆ မြှင့်တင်ပေးတဲ့ ProMotionစွမ်းရည် အသစ်ပါလာပါတယ်။ နေအိမ်ပြင်ပ မှာသုံးလို့ အဆင်ပြေသလို ပတ်ဝန်းကျင် အလင်းရောင်အပေါ် မူတည်၍ White Balance ကိုအလိုအလျောက် ချိန်ညှိပေးတဲ့ True Tone စွမ်းရည် လည်းပါပါတယ်။

တက်ဘလက်များမှာ Core ၆ လုံးပါတဲ့ CPU နဲ့ Core ၁၂ လုံးပါတဲ့ GPU တပ်ဆင်ထားတဲ့ A10 Fusion Chip ထည့်သွင်း ထားပါတယ်။ Apple က CPU ဟာ ၃၀ ရာခိုင်နှုန်းနဲ့ GPU ဟာ ၄၀ ရာခိုင်နှုန်းပိုမိုစွမ်းရည်မြင့်လာတယ်လို့ ပြောပါတယ်။ OIS ပါတဲ့ 12MP Camera ကိုအနောက်ဘက်မှာတပ်ဆင်ထားပြီး 7MP FaceTime HD Camera ကိုအရှေ့ဘက်မှာတပ်ဆင်ထား ပါတယ်။ iPad အသစ်များ အတွက် သီးခြားစွမ်းဆောင်ချက်အသစ်များကို iOS 11 မှာထည့်သွင်းပေး ထားပါတယ်။

Drag & Drop Support ပါလာပြီး Multi-Windows App များကိုလည်း နှစ်သက်သလိုနေရာပြောင်းရွှေ့ခြင်း၊ Resize လုပ်ခြင်းများ လုပ်နိုင်ပါပြီ။ ၀ိုင်ဖိုင်မော်ဒယ်များဟာ ၁၀ နာရီနဲ့ LTE Model များဟာ ၉ နာရီအသုံးခံတယ်လို့ ကုမ္ပဏီကပြောပါတယ်။ ၁၀.၅ လက်မရဲ့ တန်ဖိုး အနည်းဆုံး LTE Model ကို ၆၄၉ ဒေါ်လာနဲ့ ၁၂.၉ လက်မရဲ့ တန်ဖိုး အနည်းဆုံး LTE Model ကို ၇၉၉ ဒေါ်လာသတ်မှတ်ထားပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com