6/11/2017

♪ 20Megapixel ရှေ့ကင်မရာတွေရဲ့ အားသာချက်က ဘာတွေလဲ ♫


ဒီနေ့ခေတ်မှာ ဖုန်းကင်မရာဆိုတာဟာ သာမန်ကင်မရာတွေထက်တောင် ပိုမိုကောင်းမွန်တဲ့ အရည်အသွေးကို ပေး စွမ်းနိုင်ပြီ ဖြစ်ပါတယ်။ ဒါကို Vivo V5 ရဲ့ 20Mp ရှေ့ကင်မရာက သက်သေပြ လိုက်ပါပြီ။ အရည်အသွေးကောင်းမွန်တဲ့ မှန်ဘီလူးကို အသုံးပြုထားတဲ့အပြင် အရည်အသွေးမြင့်မားတဲ့ နည်းပညာတွေကိုလည်း ထည့်သွင်းအသုံးပြုထားတာကြောင့် ရိုက်ကူးလိုက်သမျှပုံရိပ်တိုင်းဟာ ကြည်လင်ပြတ်သားပြီး မှန်ကန်တဲ့ အရောင်အသွေး စိုပြေမှုကိုလည်း ရရှိစေပါတယ်။ ရှေ့ကင်မရာရဲ့ အပါချာ 2.0 အထိ ရယူနိုင်ခြင်းကလည်း အရည်အသွေးမြင့် ပုံရိပ်တွေကို ရယူနိုင်တဲ့ အကြောင်းအရင်း တစ်ခု ဖြစ်ပါတယ်။


Vivo V5 ရဲ့ ရှေ့ကင်မရာဟာ ပုံကောင်းတစ်ပုံ ရယူနိုင်ဖို့ လိုအပ်ချက်တွေ အပြည့်အ၀ ပါဝင်ပြီးသား ဖြစ်ပါတယ်။ ပုံမှန်၊ သဘာဝအတိုင်းပဲ ရိုက်ရိုက်၊ မျက်နှာရဲ့ အလှကို အဓိက ထားပြီးတော့ပဲ ရိုက်ရိုက် အဆင်ပြေအောင် ထိန်းညှိပေးတဲ့ စနစ်တွေ ပါဝင်ပြီးသား ဖြစ်ပါတယ်။ ရုပ်ပုံသီးသန့်ပဲဖြစ်ဖြစ် လှုပ်ရှားမှုတွေကို ရယူတာပဲဖြစ်ဖြစ် Vivo V5 ရဲ့ ရှေ့ကင်မရာက အကောင်းဆုံး ပုံထွက်ကို ပေးအပ်နိုင်ပါတယ်။ နောက်ထပ် အားသာချက်တစ်ခုက ရုပ်ပုံတွေ ဖမ်းယူတဲ့နေရာမှာ ဖုန်းမျက်နှာပြင်ကို တို့ထိပြီး ရိုက်ယူမှ မဟုတ်ပါဘူး၊ အသံပြုအမိန့်ပေးစေခိုင်းပြီးပဲဖြစ်ဖြစ်၊ မိမိရဲ့ လက်ဝါးကို ထောင်ပြပြီး စေခိုင်းခြင်းပဲဖြစ်ဖြစ်၊ အချိန်မှတ်ပြီး ရိုက်ယူရန် စေခိုင်းခြင်းပဲဖြစ်ဖြစ် နှစ်သက်ရာ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

မြင်ကွင်းကျယ် ပုံရိပ်တွေကို ရယူချင်တာပဲဖြစ်ဖြစ်၊ ညမြင်ကွင်းတွေကို အကောင်းဆုံး ရယူချင်တာပဲဖြစ်ဖြစ်၊ လွန်ကဲတဲ့ အရောင်အသွေးနဲ့ ပုံရိပ်တွေကို ရယူချင်တာပဲဖြစ်ဖြစ် အဆင်ပြေစေမယ့် စနစ်တွေ ပါဝင်ပြီးသား ဖြစ်ပါတယ်။

Vivo V5 နဲ့ ပတ်သက်ပြီး နောက်ထပ်မေးခွန်းတစ်ခုက Softlight camera ဆိုတာဘာလဲ ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ အလင်းရောင် အပြည့်အ၀ မရတဲ့ အနေအထားမျိုးမှာ Selfie ရိုက်တဲ့အခါ သာမန်ကင်မရာတွေထက် ပိုပြီး ကြည်လင်ချောမွေ့တဲ့ ပုံရိပ်ကို ဖြစ်ပေါ်စေမယ့် သိပ်ပြီး ပြင်းအားမရှိဘဲနူးညံ့တဲ့ အလင်းရောင်ဖျော့ဖျော့လေးကို ပေါင်းထည့်ပေးထားခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်အချိန်၊ ဘယ်နေရာမဆို အရည်အသွေးကောင်းပြီး ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။ V5 နဲ့သာဆိုရင် ကိုယ်တိုင်ရိုက်ပေမယ့် ၀ါရင့် ဓာတ်ပုံဆရာ တစ်ယောက်က ရိုက်ကူးပေးထားသလို ပုံရိပ်တွေကို ရရှိမှာ ဖြစ်ပါတယ်။ နောက်တစ်ကြိမ်ပြန်မရတော့မယ့် အခိုက်အတန့်တွေကို ဓာတ်ပုံရိုက်ပြီးမှ မှုန်ဝါးဝါးဖြစ်နေလို့ စိတ်ပျက်သွားရတဲ့ အဖြစ်မျိုးလည်း ဘယ်တော့မှ ဖြစ်တော့မှာ မဟုတ်ပါဘူး။

Vivo V5 Plus မှာတော့ 20Mp နဲ့ 8Mp ကင်မရာ နှစ်လုံးကို တပ်ဆင်ထားတာကြောင့် ပုံရိပ်တွေ ဖမ်းယူတဲ့နေရာမှာ ပိုပြီးမြန်ဆန်၊ ပိုပြီး တိကျလာစေပါတယ်။


==Endorsed by VIVO==



Credit to ==>> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com