12/17/2016

♪ " Samsung Myanmar မှ Year-End Mega Sales နှင့် Samsung Golden Lucky Draw အစီအစဉ်ကိုပြုလုပ် " ♫

No automatic alt text available.

Samsung Myanmar မှ သုံးစွဲသူပရိတ်သတ်များအား ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် Samsung မိုဘိုင်းဖုန်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ဝယ်ယူသူများ အတွက် Year-End Mega Sales နှင့် Samsung Golden Lucky Draw အစရှိသည့် အထူးပရိုမိုးရှင်းအစီအစဉ်များ ဒီဇင်ဘာလအတွင်း ပြုလုပ်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

Samsung Galaxy မိုဘိုင်းဖုန်းများအတွက် Year-End Mega Sales အစီအစဉ်အား ဒီဇင်ဘာလ ၆ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အိမ်သုံးလျှပ်စစ်ပစ္စည်းများအတွက် Samsung Golden Lucky Draw အစီအစဉ်အား ဒီဇင်ဘာလ ၅ ရက် မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။

မိုဘိုင်းဖုန်း သို့မဟုတ် တက်ဘလက်ဝယ်ယူသူများအတွက် ပြုလုပ်ပေးသော Year End Mega Sales အစီအစဉ်တွင် J1 (2016)၊ J2၊ J2 Prime၊ J3၊ On 7၊ J7 (2016)၊ J7၊ J5 Prime၊ Tab J 7”၊ J7 Prime၊ Tab A 8” LTE၊ Tab A 10.1”၊ A7 (2016)၊ A9 Pro၊ Note 5၊ S7 Edge၊ Tab S2 VE 8” နှင့် Tab S2 VE 9.7” အစရှိသည့်မော်ဒယ်များပါဝင်ပြီး လက်ငင်းငွေသား ကျေးဇူးတုံ့ပြန်မှုနှင့်အတူ လက်ဆောင်များပေးအပ် သွားမည်ဖြစ်ကာ သက်ဆိုင်ရာ မော်ဒယ်အလိုက် လက်ဆောင်များကွဲပြားမှုရှိသည်။

ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ တီဗွီ၊ ဖုန်စုပ်စက်နှင့် မိုက်ခရိုဝေ့ဗ် အစရှိသည့် အိမ်သုံးလျှပ်စစ်ပစ္စည်း ဝယ်ယူသူများအနေဖြင့် ၂၀၁၇ ခုနှစ် ပြက္ခဒိန် အား လက်ဆောင်အဖြစ်ပေးအပ်မည်ဖြစ်သည့်အပြင် ရွှေ (၅) ကျပ်သားဆွဲပြား (၁) ဆု၊ ရွှေ (၃) ကျပ်သားဆွဲပြား (၃) ဆု နှင့် ရွှေ (၁) ကျပ်သားဆွဲပြား (၁၀၀) ဆု ပါဝင်သည့် Samsung Golden Lucky Draw အစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်မည့် ကံစမ်းမဲကူပွန်အားရရှိမည်ဖြစ်သည်။


ထို့အပြင် နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ ကမ္ဘာတစ်ဝန်း၌ သတ်မှတ်ထားသော ဈေးကွက်များတွင် ဝယ်ယူရရှိခဲ့သည့် Galaxy S7 Edge ၏ နောက်ဆုံးထုတ်လုပ်လိုက်သောအရောင်သစ်ဖြစ်သည့် ပင်လယ်ပြာရောင် (Coral Bule) အား ဒီဇင်ဘာလ ၆ ရက်နေ့မှစ၍ ဈေးနှုန်း ၉၃၅၀၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com