12/10/2016

♪ “OPPO က 13MP Selfie Camera ပါတဲ့ A57 ကိုကြေညာ” ♫


OPPO က စွမ်းဆောင်ရည်သင့် စမတ်ဖုန်းများကိုဦးစားပေးထုတ်လုပ်ရောင်းချ နေပါတယ်။ အခုလည်း OPPO A57 ကိုတရုတ်မှာပွဲထုတ်လိုက်ပါတယ်။ OPPO A57 ကိုရွှေ၊ နှင်းဆီရွှေရောင် ၂ မျိုးထုတ်လုပ်ပေးထားပါတယ်။ သတ္တု ကိုယ်ထည် တပ်ဆင်ထားပြီး ၅.၂ လက်မ HD Display ပါရှိပါတယ်။ 

အနောက်ဘက်မှာ f/2.2 Aperture ပါတဲ့ 13 Megapixel Camera ကို LED Flash တစ်ခုနဲ့ ပူးတွဲတပ်ဆင်ထားပြီး ကင်မရာမှာ Phase Detection Autofocus နည်းပညာပါပါတယ်။ အရှေ့ဘက်မှာ f/2.0 Aperture ပါတဲ့ 16 Megapixel Camera တပ်ဆင်ထားတဲ့အတွက် Selfie ဓါတ်ပုံကောင်းများ ရိုက်ကူးနိုင်ပါတယ်။ 

OPPO A57 မှာစွမ်းဆောင်ရည်သင့် Qualcomm Snapdragon 435 Chipset မောင်းနှင်မှာဖြစ်ပြီး 1.4GHz Octa-Core Cortex-A53 Processor နဲ့ Adreno 505 GPU ပါရှိပါတယ်။ 3GB RAM, 32GB Internal Storage ပါတဲ့အပြင် microSD Card ဖြင့် Storage ကိုတိုးမြှင့် နိုင်ပါတယ်။ OPPO A57 မှာ 4G LTE ဆက်သွယ်မှုကိုအသုံးပြုနိုင်ပါတယ်။

2900mAh Battery တပ်ဆင်ထားပြီး Android 6.0 Marshmallow ကိုOPPO ColorOS 3.0 နဲ့ ပေါင်းစပ်ထားပါတယ်။ တရုတ်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ မှာယွမ် ၁၅၉၉ ( ၂၃၁ ဒေါ်လာ ) ဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။ OPPO က A57 ကိုအခြားနိုင်ငံများမှာရောင်းချမယ့် သတင်းကိုကြေညာခြင်းမရှိသေး ပါဘူး။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com