12/19/2016

♪ သင့်ရဲ့ iPhone ကို ခလုတ်တွေမသုံးဘဲ reboot ချနည်းများ ♫


တကယ်လို့များ သင့်ရဲ့ Home button ဒါမှမဟုတ် power button ကို သုံးလို့မရခဲ့ဘူးဆိုရင် သင့်ရဲ့ iPhone ဒါမှမဟုတ် iPad ကို reboot လုပ်ဖို့ အခက်ကြုံရနိုင်ပါတယ်။ ဆော့ဝဲလ်ဆိုင်ရာ နည်းနည်းအခက်တွေ့နေပြီဆိုရင်တော့ ဖုန်းကို reboot လုပ်သင့်တဲ့အချိန်ရောက်လာပါပြီ။
အဲဒီလိုအခြေအနေမျိုးမှာ ဘယ်လိုလုပ်ရင် သင့်ရဲ့ iOS ပစ္စည်းတွေကို Home button ဒါမှမဟုတ် power button ကို မသုံးဘဲနဲ့ reboot လုပ်နိုင်မလဲဆိုတာကို ကျွန်တော်တို့ ဆွေးနွေးအဖြေရှာသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သင့်အနေနဲ့ touch screen ကလွဲပြီး ဘယ်အရာကိုမှ အသုံးပြုစရာမလိုပါဘူး။

ခလုတ်အသုံးမပြုဘဲ သင့်ရဲ့ iPhone ကို Reboot ချနည်း

သင့်ရဲ့ jailbroken လုပ်မထားတဲ့  iPhone ကို ခလုတ်မသုံးဘဲ reboot လုပ်လို့ရတဲ့နည်းတွေ ရှိပါတယ်။ အဲဒါတွေအားလုံးကို အောက်မှာ တင်ပြထားပေးပါတယ်။
နည်းလမ်း တစ် ။ assistive touch
ခလုတ်မသုံးဘဲ သင့်ရဲ့ iPhone ကို reboot ပြုလုပ်ရာမှာ အဆင်ပြေသက်တောင့်သက်သာရှိမယ့် နည်းလမ်းတစ်ခုဆိုရင်တော့ Assistive Touch ဖြစ်ပါလိမ့်မယ်။ သူဟာ အမြန်ဆုံးနဲ့ အဆင်ပြေဆုံး နည်းလမ်းတစ်ခုဖြစ်ပြီး ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။
Assistive Touch ကို သုံးမယ်ဆိုရင်တော့ လုပ်ဆောင်ရမယ့် အချက်တွေကတော့
1) သင့်ရဲ့  iPhone ၊ iPad မှာ Settings app ဖွင့်လိုက်ပါ။
2) General → Accessibility → AssistiveTouch ကို သွားလိုက်ပါ။
iPhone Settings Assistive Touch
3) Assistive Touch က ပိတ်ထားတယ်ဆိုရင် ဖွင့်ပေးလိုက်ပါ။
AssistiveTouch Toggle Switch
Note: အခုဆိုရင်တော့ သင်ဟာ အနက်ရောင် box လေးကို သင့်ရဲ့ screen ပေါ်မှာ မြင်ရမှာဖြစ်ပြီး အလယ်ခေါင်မှာ စက်ဝိုင်းပုံလေးပါပါတယ်။
4) အရင်အဆင့်မှာ ပေါ်နေတဲ့ box လေးကို နှိပ်လိုက်ပါ။
5) Device button ကို နှိပ်လိုက်ပါ။
Assistive Touch Power Off iPhone
6) Lock Screen button ကို power off slider မမြင်ရမချင်း ဖိနှိပ်ထားပါ။
7) power off slider တက်လာပြီဆိုရင်တော့ ညာဘက်ကို ဆွဲလိုက်ပါ။
8)  shuts down လုပ်နေတာပြီးသွားပြီဆိုရင်တော့ အားသွင်းကြိုးနဲ့ ချိတ်ပြီးတော့ အားသွင်းလိုက်ပါ။
အဲဒီအဆင့်တစ်လျှောက်လုံးမှာ သင့်အနေနဲ့ hardware button တစ်ခုတလေကိုမှ နှိပ်စရာမလိုပါဘူး။ အခုဆိုရင်တော့ သင်ဟာ reboot လုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
နည်းလမ်း နှစ် ။ network settings restart ချခြင်း
သင့်ရဲ့ iPhone ၊ iPad မှာရှိတဲ့ reset settings တွေသုံးပြီးတော့ reboot လုပ်နိုင်ပါတယ်။ သတိထားရမှာက အဲဒီလိုလုပ်တော့မယ်ဆိုရင် အကုန်လုံးကို ဖျက်ပစ်ပြီးတော့ အရာအားလုံးကို reset လုပ်လိုက်မှာဖြစ်ပါတယ်။
ဒီနည်းလမ်းက သင့်ရဲ့ Wi-Fi passwords တွေနဲ့ pair Bluetooth devices တွေအထိပါ ဖျက်ပစ်နိုင်ပြီး အဆုံးမှာတော့ သင့်ရဲ့ဖုန်းဟာ reboot ဖြစ်သွားပါလိမ့်မယ်။
ဒီနည်းလမ်းကို အသုံးပြုဖို့ လုပ်ဆောင်ရမှာတွေကတော့
1)  iPhone ၊ iPad မှာ Settings app ဖွင့်လိုက်ပါ။
2)  General → Reset ကို သွားပါ။
iPhone Reset Network Settings
3)  Reset Network Settings button ကို နှိပ်ပါ။
4) passcode ထည့်ပေးပြီး Done button နှိပ်ပါ။
iPhone Reset Network Settings Passcode
5)  Reset Network Settings button ကို နှိပ်လိုက်ပါ။
သင့် iPhone ရဲ့ network settings တွေဟာ factory settings အဖြစ်သို့ပြောင်းလဲသွားမှာဖြစ်ပြီး ချက်ချင်းဆိုသလိုပဲ reboot ကျသွားမှာ ဖြစ်ပါတယ်။
နံပါတ် သုံး ။ ဘတ်ထရီအားကျစေခြင်း
တကယ်လို့ သင့်မှာ အသုံးချစရာအချိန်ကောင်းကောင်းရှိတယ်ဆိုရင်တော့ သင့်ရဲ့ iOS ပစ္စည်းတွေကို ဘတ်ထရီ အားကုန်တဲ့အထိ ပစ်ထားလိုက်ပါ။ ဒီနည်းအားဖြင့် shut down ဖြစ်သွားစေပါတယ်။ ပြီးရင်တော့ အားသွင်းကြိုး နဲ့ချိတ်ပြီး အားသွင်းလိုက်ပါ။ ချက်ချင်းပဲ reboot တက်လာပါလိမ့်မယ်။
improving-ios-10-battery-life
ဒီနည်းကတော့ အမြန်ဆုံးနည်း ဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း သင့်ရဲ့ဘတ်ထရီကို မြန်မြန်ကုန်စေချင်ရင်တော့ လိုင်းအားနည်းတဲ့နေရာသွားခြင်း၊ LTE ပိတ်ထားခြင်း၊ Pokémon GO လို အားစားတဲ့ app ဖွင့်ထားခြင်း၊ အလင်းအားကောင်းကောင်းနဲ့ သုံးခြင်း စတာတွေကို ပြုလုပ်နိုင်ပါတယ်။
ဒီနည်းလမ်းကတော့ စိတ်ရှည်ရပါတယ်။ ဒါပေမယ့်လည်း သင့်ရဲ့ ဖုန်းကို ဘာပြောင်းလဲမှုမှ မဖြစ်စေပါဘဘူး။ နောက်တစ်ခုသတိပေးချင်တာကတော့ boot back up လုပ်ပြီးတဲ့အခါမှာ သင့်ရဲ့ဖုန်း အားပြန်ပြည့်တဲ့အချိန်အထိ စောင့်ရဦးမှာပါ။

jailbroken iPhone တွေကို Reboot ပြုလုပ်ခြင်း

တကယ်လို့ jailbroken ဖြစ်နေမယ်ဆိုရင်တော့ သင်ဟာ တော်တော်လေးကို အဆင်ပြေမှာပါ။ သင့်ရဲ့ဖုန်းကို ခလုတ်တွေသုံးစရာမလိုဘဲ reboot ချနိုင်ရုံမျှမက အချိန်တွေ ဖြုန်းတီးပြီး အားကုန်ခံစရာမလိုပါဘူး။ ပြီးတော့ ဘယ် setting မှလည်း အပြောင်းခံစရာမလိုတော့ပါဘူး။
jailbreak tweak လို့ခေါ်တဲ့ Ryan Petrich ပြုလုပ်ထားတဲ့ Activator ကို အသုံးပြုပြီးတော့ reboot လုပ်နိုင်ပါတယ်။
အဲဒီလိုလုပ်ဖို့ လုပ်ဆောင်ရမှာတွေကတော့
1)  မရှိသေးဘူးဆိုရင်တော့ Cydia’s BigBoss repository  ကနေပြီးတော့ Download and install Activator ပြုလုပ်လိုက်ပါ။
2)  Home screen ကနေပြီးတော့ Activator app ကို ဖွင့်လိုက်ပါ။
3) Anywhere ကို နှိပ်လိုက်ပါ။
Activator Reboot Action
4) သင်သုံးချင်တဲ့ reboot ကို ရွေးဖို့ Activator gesture ကိုရွေးနှိပ်လိုက်ပါ။
Note: ဒီသင်ခန်းစာမှာတော့ Double Tap Status Bar gesture ကို အသုံးပြုထားတာဖြစ်ပါတယ်။ သင့်စိတ်ကြိုက် တခြားဟာတွေကိုလည်း ရွေးနိုင်ပါတယ်။
5)  Reboot option ကို မမြင်မချင်း အောက်ဆွဲချရှာပြီး နှိပ်လိုက်ပါ။
Note: အခုဆိုရင်တော့ သင်ရွေးထားတဲ့ Activator gesture ကို Reboot command သတ်မှတ်ပေးသင့်ပါတယ်။
Activator Double Tap Status Bar Reboot
) သင်ရွေးထားခဲ့တဲ့ Activator gesture ကို ပြုလုပ်လိုက်ပါ။ ချက်ချင်းပဲ reboot ဖြစ်သွားတာကို တွေ့ရပါလိမ့်မယ်။
Note: ကျွန်တော်တို့က Double Tap Status Bar gesture ကိုရွေးထားတာဖြစ်လို့နှစ်ချက်ထိလိုက်ရုံနဲ့ အဆင်ပြေသွားမှာ ဖြစ်ပါတယ်။
အခုဆိုရင်တော့ စိတ်ရှည်ရှည်နဲ့ သင့်ရဲ့ဖုန်း ပြန်တက်လာမယ့်အချိန်လေးကို စောင့်လိုက်ပါ။ တကယ်လို့ သင်ဟာ semi-untethered jailbreak သုံးထားတယ်ဆိုရင်တော့ boot semi-untethered လုပ်ဖို့ မမေ့ပါနဲ့။

ဘယ်တစ်ခုကို သုံးသင့်သလဲ

ကျွန်တော့အတွေးကို ပြောရမယ်ဆိုရင်ကတော့ Assistive Touch သုံးတာက stock iPhones တွေအတွက် အကောင်းဆုံးဖြစ်ပြီး Activator ကတော့ jailbroken iPhones တွေအတွက် ကောင်းပါတယ်။ နှစ်ခုစလုံးဟာ အမြန်ဆုံးနဲ့ အလွယ်ဆုံးနည်းတွေဖြစ်ပြီး ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။


Aung Phyo Oo (Myanmar Mobile App)





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com