12/02/2016

♪ Facebook News Feed နဲ့ Messenger မှာ Instant Game တွေကစားနိုင်ပြီ ♫


Facebook User တွေအနေနဲ့ Facebook news feed မှာရော Messenger ပေါ်မှာပါ Instant Game တွေကို ဆော့ကစားနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။

games-titles-2

Facebook ကို Mobile မှာရော Web မှာ ပါ အသုံးပြုသူတွေအနေနဲ့ ဘာ App မှ ထပ်မံ install လုပ်စရာမလိုဘဲ Instant Game တွေကို ဆော့ကစားနိုင်မှာဖြစ်ပြီး ဂိမ်းအတွေ့အကြုံတွေကို အချင်းချင်း မျှဝေနိုင်မှာဖြစ်ပါတယ်။

15292533_1671967796448249_5351397094672302080_n


ငယ်ငယ်က နှစ်ခြိုက်စွာ ဆော့ကစားဖူးခဲ့ကြတဲ့ PAC-MAN အပါအဝင် Galaga, SPACE INVADERS, EverWing အစရှိတဲ့ Instant Game တွေကိုဆော့ကစားပြီး အားလပ်ချိန်တွေမှာ အကောင်းဆုံး အပြင်းပြေစေ နိုင်ပြီဖြစ်ပါတယ်။

15274180_1144715758977313_6026735222559604736_n

ဆော့ကစားဖို့အတွက်က Facebook နဲ့ Messenger နောက်ဆုံး Version ကို ထည့်သွင်းထားဖို့လိုအပ်ပြီး Messenger ကိုဖွင့်ကာ game controller icon ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။ သင်ကစားလို့ရတဲ့ အမှတ်က သင်ဖွင့်ထားတဲ့ conversation မှာ သွားပေါ်မှာဖြစ်ပြီး သင့် friend က သင့်ကို ပြန်လည်စိန်ခေါ် လို့ရမှာ ဖြစ်ပါတယ်။ တစ်ယောက်တည်း သီးသန့်ကစားချင်ရင်တော့ Facebook News Feed မှာ ကစားလို့ရမှာ ဖြစ်တယ်လို့သိရပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com