12/16/2016

♪ ဘက်ထရီ မစားတဲ့ ၀ိုင်ဖိုင် နည်းပညာ ♫


စမတ်ဖုန်းမှာ ၀ိုင်ဖိုင်ချိတ်ဆက်ပြီး သုံးရတာဟာ ဘက်ထရီ အလွန်စားပါတယ်။ အခုတော့ အမေရိကန်မှာ အင်ဂျင်နီယာများက လက်ရှိ ၀ိုင်ဖိုင်နည်းပညာထက် အဆ ၁၀ ၀၀၀ ဘက်ထရီ သက်သာစေတဲ့ ၀ိုင်ဖိုင်နည်းပညာကို တီထွင်လိုက်ပါတယ်။ အချိန်ပြည့် ဒေါင်းလုပ်လုပ်နေရင်တောင် ဘက်ထရီ မကုန်ဘူးလို့ ပြောပါတယ်။ လက်ရှိ စမတ်ဖုန်းအားလုံးနဲ့ သူတို့ရဲ့ ၀ိုင်ဖိုင်နည်းပညာကို ချိတ်ဆက်သုံးနိုင်တာက အဆင်ပြေစေပါတယ်။

ဝါရှင်တန် တက္ကသိုလ်မှ ပညာရှင်များရဲ့ ၀ိုင်ဖိုင်နည်းပညာအသစ်ဟာ တစ်စက္ကန့်လျှင် 11 Megabits အမြန်နှုန်းရှိပါတယ်။ ဒီထက်မြန်အောင် ပညာရှင်များက ကြိုးစားနေကြပါတယ်။ သူတို့ရဲ့ ၀ိုင်ဖိုင်နည်းပညာကို Passive WiFi နည်းပညာလို့ အမည်ပေးထားပြီး လက်ရှိ Routers များ၊ စမတ်ဖုန်းများနဲ့ စမ်းသပ်အောင်မြင်ပြီး ပါပြီ။

သူတို့ရဲ့ နည်းပညာဟာ MIT Technology Review ရဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး နည်းပညာ ၁၀ ခု စာရင်းမှာ ထိပ်တန်းတစ်နေရာ ရနေပါတယ်။ Passive WiFi ကို လက်တွေ့စမ်းသပ်တဲ့ အခါမှာ Router နဲ့ စမတ်ဖုန်းဟာ ပေ ၁၀၀ ( မီတာ ၃၀) အတွင်း အလုပ်လုပ်တာကို တွေ့ရပါတယ်။

“ Passive WiFi နည်းပညာဟာ စမတ်ဖုန်း ၊ တက်ဘလက်များရဲ့ ဘက်ထရီကို ချွေတာပေးနိုင်သလို ၀ိုင်ဖိုင်ချိတ်ဆက်နိုင်တဲ့ စမတ်တီဗီ၊ စမတ် မီးလုံး၊ စမတ် ရေခဲသေတ္တာ၊ စမတ်လေအေးပေးစက်တို့လို Internet of Thing ကိရိယာများအတွက် အလွန် အသုံးဝင်မှာ ဖြစ်ပါတယ်။ ၀ိုင်ဖိုင်ချိတ်ဆက်နိုင် တဲ့ ရေခဲသေတ္တာနဲ့ အ၀တ်လျှော်စက်များဟာ ဘက်ထရီ အလွန်စားမှာ ဖြစ်ပါတယ်။ “ လို့ ၀ါရှင်တန် တက္ကသိုလ်ရဲ့ ပညာရှင်အဖွဲ့မှ တစ်ဦးဖြစ်သူ Vamsi Talla က ပြောပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com