Malware ၊ ransomware နဲ့ သတင်းစာခေါင်းကြီးပိုင်းတွေအထိ ပါဝင်ခဲ့တဲ့
ဟက်ခံရတဲ့သတင်းတွေကို စဉ်းစားကြည့်ရင်တော့ သင့်ဖုန်းထဲက
သင့်အချက်အလက်တွေကို လုံခြုံစိတ်ချမှုရှိစွာ သိမ်းဆည်းပေးထားနိုင်တဲ့
anti-virus ကောင်းကောင်းလေးတစ်ခုကို သင် သုံးချင်လာမယ်လို့ ထင်ပါတယ်။
ဒါကြောင့် သင့်ဖုန်းကို ကာကွယ်ပေးနိုင်တဲ့ app တွေထဲက update ဖြစ်တဲ့app
အနည်းငယ်ကို တင်ပြပေးသွားမှာဖြစ်ပါတယ်။ အခုပြထားတဲ့ဟာတွေကတော့ ၂၀၁၆ နဲ့
၂၀၁၇အတွက် အကောင်းဆုံးနဲ့ လုံခြုံစိတ်ချရဆုံးဖြစ်တဲ့ Android app တွေ
ဖြစ်ပါတယ်။
anti-virus ၊ browsing protection ၊ battery saving နဲ့ app တွေအတွက်
privacy protection စသဖြင့် feature များစွာကို ပေးထားပါတယ်။ အဲဒီလို
feature တစ်ခုခြင်းစီကို အသုံးပြုရတာလည်း အရမ်းကိုရိုးရှင်းအောင်
ပြုလုပ်ထားပေးပါတယ်။ CM security ဟာ threat တွေကို ဖော်ပြပေးပြီး
သင်ဘာလုပ်မလဲဆိုတာကို မေးမြန်းပေးပါတယ်။
ဒါဟာ settings menus ထဲကိုသွားပြီး လုပ်ရတာကို ကြိုက်တဲ့သူတွေကတော့ မကျေနပ်စရာဖြစ်ပါတယ်။ ဒါပေမယ့် CM Security နဲ့တော့ အဲဒီလို လုပ်စရာမလိုတော့ပါဘူး။ မကောင်းတာတစ်ခုကတော့ သင့်ကိုအကူအညီဖြစ်စေတဲ့ app နဲ့ အခြားဖိုင်တွေကို မညှာမတာ ဖျက်ပစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကို အပြစ်ဆိုလို့ မရပါဘူး။ အခမဲ့ပေးထားတာကိုး။
Download Link

CM Security is fully-featured, but you have to put up with ads. / © AndroidPIT
ဝက်ဘ်ပိုင်းမှာ ကာကွယ်ပေးခြင်းနဲ့ အခြား privacy options တွေလည်း ပါဝင်ပါတယ်။ အပြည့်အ၀သုံးချင်တယ်ဆိုရင်တော့ premium version အတွက် ငွေပေးချေဖို့ လိုအပ်ပါတယ်။ လက်ရှိမှာတော့ တစ်နှစ်ကို ဒေါ်လာ ၁၄.၉၅ ဖြစ်ပါတယ်။ Android ပစ္စည်းတစ်ခုထက်ပိုသုံးချင်ရင်တော့ တစ်နှစ်ကို ဒေါ်လာ ၅ ကျသင့်မှာဖြစ်ပြီး နောက်ထပ်ပစ္စည်းတွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့ premium features တွေကို စမ်းသုံးချင်ရင်တော့ ရက်သုံးဆယ် အခမဲ့သုံးနိုင်ပါတယ်။ ဒါပေမယ့် အချို့ feature တွေကတော့ အီးမေးလ်လိပ်စာနဲ့ အကောင့်လုပ်ဖို့ လိုအပ်ပါတယ်။ ဥပမာ anti-theft feature ဆိုရင် ပရီမီယမ်တော့မဟုတ်ပေမယ့် အကောင့်လုပ်မှ အလုပ်လုပ်မှာ ဖြစ်ပါတယ်။
Download Link

Kaspersky has a pretty neat UI. / © AndroidPIT
ဒါကြောင့် သူဟာ အခြားသူတွေနဲ့ ယှဉ်ရင်တော့ ပေါ့ပေါ့ပါးပါး သုံးနိုင်ပါတယ်။ real-time protection ကိုလည်းအခမဲ့ ပေးထားပါတယ်။ ဒါ့အပြင် အသုံးဝင်တဲ့ privacy audit feature ဆိုတဲ့ သင့်ဖုန်းထဲက app တွေကို scan ဖတ်ပြီး အမျိုးအစား ခွဲပေးတဲ့ feature ပါဝင်ပါတယ်။ ဒါကြောင့် သင့်ဖုန်းထဲက app တွေကို အလွယ်အကူ မြန်မြန်ဆန်ဆန် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
သင်ဟာ ပိုက်ဆံကုန်မယ့် app ဆိုရင် နည်းနည်းလောက်ပိုပြီး စူးစမ်းဖို့ လိုအပ်ပါတယ်။ security audit feature ဆိုတာကလည်း သင့်ရဲ့ phone settings ရဲ့လုပ်ဆောင်ချက်တွေလိုပါပဲ။ လုံခြုံရေးအရ အားနည်းချက်တွေဖြစ်နိုင်တဲ့ app တွေကိုရှာပြီး ပိတ်ခိုင်းပါတယ်။ ဒါကြောင့် third-party sources တွေက app တွေကို install ခွင့်ပိတ်လိုက်ခြင်းနဲ့ developer options ကို ပိတ်လိုက်ခြင်းတို့လည်း ပြုလုပ်ပါတယ်။
အခြားအရာတွေပါဝင်သော်လည်း ဖုန်းတည်နေရာ feature တော့ မပါဝင်ပါဘူး။ ဒါပေမယ့် ဒါကလည်း Android တွေအတွက်ကတော့ မရှိမဖြစ်လိုအပ်နေတဲ့ အရာတစ်ခု မဟုတ်ပါဘူး။ Malwarebytes က အခြားအဆင့်မြင့်တဲ့ app တွေလိုမျိုး တန်းတူပေးနိုင်ချင်မှ ပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒါက အခမဲ့ဖြစ်တယ်၊ သုံးစွဲရအဆင်ပြေပြီး အသုံးဝင်တဲ့ option တွေ ပါဝင်ပါတယ်။
Download Link

Malwarebytes focuses on doing one job well. / © AndroidPIT
တချို့ feature တွေကတော့ အခြားapp တွေလိုပဲ နောက်ထပ် installation တွေ လိုအပ်ပါတယ်။ anti-virus app တစ်ခုကနေ သင်မျှော်လင့်ထားတာမျိုးကို Avast က ပေးနိုင်ပါတယ်။ သင့်ရဲ့လက်ရှိ WiFi connection ရဲ့ လုံခြုံရေးကို စစ်ဆေးပေးခြင်း နဲ့ သင်တစ်ယောက်တည်းကသာ app တွေကို ဖွင့်ပိတ်လုပ်နိုင်ခြင်း စတဲ့ feature တွေကိုလည်း လုပ်ဆောင်ပေးပါတယ်။
အဲဒီ app မှာ firewall option လည်း ပါဝင်ပါသေးတယ်။ ဒါပေမယ့် သုံးချင်တယ်ဆိုရင်တော့ ဖုန်းကို root ဖောက်ထားဖို့ လိုအပ်ပါတယ်။ ဒီမှာပြထားတဲ့ အခြားapp တွေနဲ့ မတူတာကတော့ ကြော်ငြာတွေ တအားပါခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ပိုမိုကောင်းမွန်အောင် စီစဉ်ထားတဲ့ သူ့ရဲ့ကိုယ်ပိုင် app တွေကို ပြတာပါ။ သင့်အနေနဲ့ အဲဒီ feature တွေကို မလိုချင်ဘူးဆိုရင်တော့ လျစ်လျူရှုတာတစ်ခုပဲ လုပ်နိုင်မှာပါ။ လုံးဝကြော်ငြာတွေ မမြင်ချင်ရင်တော့ premium version သုံးဖို့လိုပါတယ်။ သင်နေတဲ့နေရာပေါ်မူတည်ပြီးတော့ ပေးရမယ့် တစ်လစာ၊ တစ်နှစ်စာက ကွဲပြားပါတယ်။
အခပေးသုံးဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ subscription တိုင်းဟာ Play Store အကောင့်တစ်ခုတည်းကိုသုံးပြီး Android devices အားလုံးပေါ်မှာ အသုံးပြုလို့ ရပါတယ်။ call blocker နဲ့ privacy advisor app တို့ပါဝင်ခြင်း၊ အသုံးဝင်ပြီး သုံးရလွယ်တဲ့ feature တွေပါဝင်တဲ့ Avast ဟာ တကယ့်ကို ‘all in one’ anti-virus ဖြစ်ပါတယ်။
Download Link

Avast offers a decent set of free options without too many ads. / © AndroidPIT
power saving options ဟာ Android settings menus ထဲကလုပ်ဆောင်ချက်တွေနဲ့ သိပ်မကွာသော်လည်း တစ်နေရာတည်းမှာ လွယ်လွယ်ကူကူပြုလုပ်နိုင်အောင် စုစည်းထားပေးတာဖြစ်ပါတယ်။ junk cleaning options ကို သုံးချင်ရင် AVG Cleaner ကို install လုပ်လိုက်ပါ။ ဒါပေမယ့် အဲဒါဟာ AVG Antivirus မှာ ပေါင်းစပ်ထားပါတယ်။
ဒါကြောင့် AVG ဟာ cleaner functionality ကို သီးသန့် download ကနေပြီးတော့ ရယူရတာဖြစ်ပြီး app suite ထဲမှာပါဝင်နေတဲ့ app အစုလိုက်အကြီးကြီးတွေ မဟုတ်ပါဘူး။ AVG Antivirus လိုပဲ AVG Cleaner ကလည်း free download ဖြစ်ပါတယ်။ အခြား app တွေလိုပဲ ကြော်ငြာတွေဖယ်ချင်ရင်၊ feature အစုံအလင်သုံးချင်ရင်တော့ Pro version ၀ယ်ဖို့လိုပါတယ်။
Phone Locator option အတွက်တော့ အခြား app တွေလိုမျိုး premium version သုံးစရာမလိုပါဘူး။ အီးမေးလ်နဲ့သာ ချိတ်လိုက်ပါ။ သုံးလို့ရပါပြီ။
Download Link

AVG is one of the most fully-featured options on this list. / © AndroidPIT
Free သုံးမလား၊ premium သုံးမလားဆိုတာ ရွေးရတော့မယ်ဆိုရင် premium က တစ်လကို ၂ ဒေါ်လာ ကုန်ကျပါတယ်။ free ကတော့ app security နဲ့ phone location features ကိုသာ အသုံးပြုနိုင်မှာဖြစ်ပြီး premium ကတော့ Web browsing ပိုင်း၊ app တွေရဲ့ privacy နဲ့ anti-theft လိုမျိုး feature တွေ ပါဝင်ပါတယ်။
သင်အသုံးပြုနေတဲ့ ၀န်ဆောင်မှုတွေကို ဟက်ခံရပြီဆိုရင် အသိပေးတဲ့ feature လည်း ပါဝင်တာမို့ အရမ်းအသုံးဝင်ပါတယ်။ ဒါကြောင့် အချိန်နဲ့တပြေးညီ သင့်ရဲ့ လျှို့ဝှက်အချက်အလက်တွေကို ပြောင်းလဲနိုင်ပါတယ်။ free version က အများကြီးမပေးဘူးလို့ ပြောရင်တော့ ဒါကလွဲနေတာပါပဲ။
App လုံခြုံရေးအောက်မှာဆိုရင် သင့်ကို adware ၊ bots ၊ click fraud ၊ remote exploits ၊ root enabler threats ၊ spyware နဲ့ အခြား malicious software တွေကနေပြီးတော့ ကာကွယ်ပေးနိုင်ပါတယ်။
Download Link

Lookout is one of the simpler options here, but the breach report is worth considering. / © AndroidPIT
real-time threat protection တွေအပြင် install လုပ်ထားတဲ့ app တွေရဲ့ အချက်အလက်တွေ အသုံးပြုမှု၊ app တွေကို လော့ချနိုင်ခြင်း စတာတွေလည်း ပါဝင်ပါတယ်။ အခြား feature တွေကတော့ backup options၊ ‘Find device’ mode နဲ့ အီးမေးလ်နဲ့ စာရင်းသွင်းခြင်းတွေလိုအပ်တဲ့ specific profile options စတာတွေ ဖြစ်ပါတယ်။
premium version ကတော့ အတော်လေး ဈေးကြီးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ တစ်နှစ်ကို ၂၉ဒေါ်လာ ကျသင့်တဲ့အတွက် အခြားဟာတွေရဲ့ နှစ်ဆလောက် ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာ သာတယ်လို့တော့ မပြောနိုင်ပါဘူး။
Download Link

Functional, but a little retro looking. / © AndroidPIT
သင့်ရဲ့ လုံခြုံရေးမှာတွေ့ကြုံလာနိုင်ရတဲ့ အန္တရာယ်တွေကို ရိုးရှင်းပြီး နားလည်လွယ်အောင် ပြသပေးနိုင်တဲ့ now-familiar app advisor feature ကိုလည်း ထည့်သွင်းပေးထားပါတယ်။ အခြားသူတွေမပေးထားတဲ့ အသုံးဝင်တဲ့ feature တစ်ခုဖြစ်တဲ့ Google Play နဲ့ ပေါင်းစပ်ပြီး download မဆွဲခင်မှာ သတိပေးတဲ့ feature ကိုလည်း Norton က ပေးထားပါတယ်။ ဒါကြောင့် တကယ်လို့ ဘတ်ထရီထိစေမယ့် app ကို သင် download ဆွဲတော့မယ်ဆိုရင် သင် ချက်ချင်းသိနိုင်ပါတယ်။
premium version အတွက် ရက်သုံးဆယ် အခမဲ့လည်း ရနိုင်ပါသေးတယ်။ ပြီးရင်တော့ တစ်နှစ်ကို ၂၉.၉၉ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ ဒါကြောင့် McAfee နဲ့ တန်းတူလောက်ရှိပါတယ်။ သူ့မှာ ရိုးရှင်းတဲ့ဒီဇိုင်းရှိရုံမျှမက အသုံးပြုရတာလည်း အဆင်ပြေပါတယ်။
Download Link

Norton is one of our favorite antivirus apps for 2016 – 2017 / © AndroidPIT
တကယ်လို့ သင့်ကြိုက်နဲ့ ကျွန်တော်တို့ပြထားတာတွေ မတူခဲ့ဘူးဆိုရင်တော့
သင်ဘယ်တစ်ခုကို ကြိုက်လဲ၊ ဘာကြောင့်ကြိုက်လဲဆိုတာကို ကျွန်တော်တို့
သိခွင့်ရှိမလား။
Aung Phyo Oo (Myanmar Mobile App)
1. CM Security
CM security (Clean Master) ကို Cheetah Mobile က ထုတ်လုပ်ပြီး အခမဲ့ အသုံးပြုခွင့်ပေးထားတဲ့အတွက် ကြော်ငြာအနည်းတော့ ပါဝင်ပါတယ်။ ဒါပေမယ် သူဟာ anti-virus အဖြစ်သုံးနိုင်ပြီး အခြားလုံခြုံရေး feature တွေလည်း ပါဝင်ပါတယ်။ တကယ်လို့ ကြော်ငြာတွေ မကြိုက်ဘူးဆိုရင်တော့ တစ်လကို ဒေါ်လာ ၀.၉၉ ပေးလိုက်ပါ။ မျက်စိနောက်သက်သာသွားပါလိမ့်မယ်။ဒါဟာ settings menus ထဲကိုသွားပြီး လုပ်ရတာကို ကြိုက်တဲ့သူတွေကတော့ မကျေနပ်စရာဖြစ်ပါတယ်။ ဒါပေမယ့် CM Security နဲ့တော့ အဲဒီလို လုပ်စရာမလိုတော့ပါဘူး။ မကောင်းတာတစ်ခုကတော့ သင့်ကိုအကူအညီဖြစ်စေတဲ့ app နဲ့ အခြားဖိုင်တွေကို မညှာမတာ ဖျက်ပစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကို အပြစ်ဆိုလို့ မရပါဘူး။ အခမဲ့ပေးထားတာကိုး။
Download Link

Kaspersky Internet Security
Kaspersky ဆိုတာကတော့ အတော်လေးကို လူသိများတဲ့ anti-virus ဖြစ်ပြီးတော့ desktop မှာ သုံးကြတာ များပါတယ်။ အခု Android app အနေနဲ့လည်း အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနဲ့ မက်ဆေ့ခ်ျထိန်းချုပ်မှု၊ anti-theft နဲ့ anti-phishing features တွေကို anti-virus တစ်ခုတည်းမှာ ရနိုင်မှာ ဖြစ်ပါတယ်။ဝက်ဘ်ပိုင်းမှာ ကာကွယ်ပေးခြင်းနဲ့ အခြား privacy options တွေလည်း ပါဝင်ပါတယ်။ အပြည့်အ၀သုံးချင်တယ်ဆိုရင်တော့ premium version အတွက် ငွေပေးချေဖို့ လိုအပ်ပါတယ်။ လက်ရှိမှာတော့ တစ်နှစ်ကို ဒေါ်လာ ၁၄.၉၅ ဖြစ်ပါတယ်။ Android ပစ္စည်းတစ်ခုထက်ပိုသုံးချင်ရင်တော့ တစ်နှစ်ကို ဒေါ်လာ ၅ ကျသင့်မှာဖြစ်ပြီး နောက်ထပ်ပစ္စည်းတွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့ premium features တွေကို စမ်းသုံးချင်ရင်တော့ ရက်သုံးဆယ် အခမဲ့သုံးနိုင်ပါတယ်။ ဒါပေမယ့် အချို့ feature တွေကတော့ အီးမေးလ်လိပ်စာနဲ့ အကောင့်လုပ်ဖို့ လိုအပ်ပါတယ်။ ဥပမာ anti-theft feature ဆိုရင် ပရီမီယမ်တော့မဟုတ်ပေမယ့် အကောင့်လုပ်မှ အလုပ်လုပ်မှာ ဖြစ်ပါတယ်။
Download Link

Malwarebytes Anti-Malware
Malwarebytes ဆိုတာကတော့ ကျွန်တော်တို့အကြိုက်ထဲက တစ်ခုဖြစ်ပါတယ်။ အကြောင်းရင်းတချို့ ရှိပါတယ်။ ပထမဆုံး တစ်ခုဆိုတစ်ခု အာရုံသေချာစိုက်ပေးခြင်း ဖြစ်ပါတယ်။ malware ကနေ ဖုန်းကို ကာကွယ်ပေးပါတယ်။ ဒုတိယတစ်ခုကတော့ ရိုးရှင်းတဲ့ interface နဲ့ ရွေးလို့ အဆင်ပြေတဲ့ option တွေ ပါဝင်ပါတယ်။ဒါကြောင့် သူဟာ အခြားသူတွေနဲ့ ယှဉ်ရင်တော့ ပေါ့ပေါ့ပါးပါး သုံးနိုင်ပါတယ်။ real-time protection ကိုလည်းအခမဲ့ ပေးထားပါတယ်။ ဒါ့အပြင် အသုံးဝင်တဲ့ privacy audit feature ဆိုတဲ့ သင့်ဖုန်းထဲက app တွေကို scan ဖတ်ပြီး အမျိုးအစား ခွဲပေးတဲ့ feature ပါဝင်ပါတယ်။ ဒါကြောင့် သင့်ဖုန်းထဲက app တွေကို အလွယ်အကူ မြန်မြန်ဆန်ဆန် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
သင်ဟာ ပိုက်ဆံကုန်မယ့် app ဆိုရင် နည်းနည်းလောက်ပိုပြီး စူးစမ်းဖို့ လိုအပ်ပါတယ်။ security audit feature ဆိုတာကလည်း သင့်ရဲ့ phone settings ရဲ့လုပ်ဆောင်ချက်တွေလိုပါပဲ။ လုံခြုံရေးအရ အားနည်းချက်တွေဖြစ်နိုင်တဲ့ app တွေကိုရှာပြီး ပိတ်ခိုင်းပါတယ်။ ဒါကြောင့် third-party sources တွေက app တွေကို install ခွင့်ပိတ်လိုက်ခြင်းနဲ့ developer options ကို ပိတ်လိုက်ခြင်းတို့လည်း ပြုလုပ်ပါတယ်။
အခြားအရာတွေပါဝင်သော်လည်း ဖုန်းတည်နေရာ feature တော့ မပါဝင်ပါဘူး။ ဒါပေမယ့် ဒါကလည်း Android တွေအတွက်ကတော့ မရှိမဖြစ်လိုအပ်နေတဲ့ အရာတစ်ခု မဟုတ်ပါဘူး။ Malwarebytes က အခြားအဆင့်မြင့်တဲ့ app တွေလိုမျိုး တန်းတူပေးနိုင်ချင်မှ ပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒါက အခမဲ့ဖြစ်တယ်၊ သုံးစွဲရအဆင်ပြေပြီး အသုံးဝင်တဲ့ option တွေ ပါဝင်ပါတယ်။
Download Link

Avast Antivirus & Security
Avast ရဲ anti-virus နဲ့ security package ဟာလည်း feature စုံလင်တဲ့ တစ်ခုဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ သင့်လုံခြုံရေးအတွက်၊ RAM boosting၊ junk cleaning စသဖြင့် အလုံးစုံကို ပြုလုပ်ပေးနိုင်တဲ့ app ကို ရှာနေတယ်ဆိုရင်တော့ Avast က ပြုလုပ်ပေးနိုင်ပါတယ်။တချို့ feature တွေကတော့ အခြားapp တွေလိုပဲ နောက်ထပ် installation တွေ လိုအပ်ပါတယ်။ anti-virus app တစ်ခုကနေ သင်မျှော်လင့်ထားတာမျိုးကို Avast က ပေးနိုင်ပါတယ်။ သင့်ရဲ့လက်ရှိ WiFi connection ရဲ့ လုံခြုံရေးကို စစ်ဆေးပေးခြင်း နဲ့ သင်တစ်ယောက်တည်းကသာ app တွေကို ဖွင့်ပိတ်လုပ်နိုင်ခြင်း စတဲ့ feature တွေကိုလည်း လုပ်ဆောင်ပေးပါတယ်။
အဲဒီ app မှာ firewall option လည်း ပါဝင်ပါသေးတယ်။ ဒါပေမယ့် သုံးချင်တယ်ဆိုရင်တော့ ဖုန်းကို root ဖောက်ထားဖို့ လိုအပ်ပါတယ်။ ဒီမှာပြထားတဲ့ အခြားapp တွေနဲ့ မတူတာကတော့ ကြော်ငြာတွေ တအားပါခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ပိုမိုကောင်းမွန်အောင် စီစဉ်ထားတဲ့ သူ့ရဲ့ကိုယ်ပိုင် app တွေကို ပြတာပါ။ သင့်အနေနဲ့ အဲဒီ feature တွေကို မလိုချင်ဘူးဆိုရင်တော့ လျစ်လျူရှုတာတစ်ခုပဲ လုပ်နိုင်မှာပါ။ လုံးဝကြော်ငြာတွေ မမြင်ချင်ရင်တော့ premium version သုံးဖို့လိုပါတယ်။ သင်နေတဲ့နေရာပေါ်မူတည်ပြီးတော့ ပေးရမယ့် တစ်လစာ၊ တစ်နှစ်စာက ကွဲပြားပါတယ်။
အခပေးသုံးဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ subscription တိုင်းဟာ Play Store အကောင့်တစ်ခုတည်းကိုသုံးပြီး Android devices အားလုံးပေါ်မှာ အသုံးပြုလို့ ရပါတယ်။ call blocker နဲ့ privacy advisor app တို့ပါဝင်ခြင်း၊ အသုံးဝင်ပြီး သုံးရလွယ်တဲ့ feature တွေပါဝင်တဲ့ Avast ဟာ တကယ့်ကို ‘all in one’ anti-virus ဖြစ်ပါတယ်။
Download Link

AVG Antivirus Security
AVG Antivirus Security ဟာ app locking ၊ anti-theft ၊ task killer နဲ့ app backup features တွေ ပါဝင်ပါတယ်။ interface ကောင်းကောင်းနဲ့ အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ battery-saving options တချို့လည်းပါဝင်ပါတယ်။ ဘယ် app က သင့်ရဲ့ ဘတ်ထရီအားကို အများဆုံးကုန်စေသလဲဆိုတာ ပြသပေးနိုင်တဲ့ feature လည်း ပါပါသေးတယ်။power saving options ဟာ Android settings menus ထဲကလုပ်ဆောင်ချက်တွေနဲ့ သိပ်မကွာသော်လည်း တစ်နေရာတည်းမှာ လွယ်လွယ်ကူကူပြုလုပ်နိုင်အောင် စုစည်းထားပေးတာဖြစ်ပါတယ်။ junk cleaning options ကို သုံးချင်ရင် AVG Cleaner ကို install လုပ်လိုက်ပါ။ ဒါပေမယ့် အဲဒါဟာ AVG Antivirus မှာ ပေါင်းစပ်ထားပါတယ်။
ဒါကြောင့် AVG ဟာ cleaner functionality ကို သီးသန့် download ကနေပြီးတော့ ရယူရတာဖြစ်ပြီး app suite ထဲမှာပါဝင်နေတဲ့ app အစုလိုက်အကြီးကြီးတွေ မဟုတ်ပါဘူး။ AVG Antivirus လိုပဲ AVG Cleaner ကလည်း free download ဖြစ်ပါတယ်။ အခြား app တွေလိုပဲ ကြော်ငြာတွေဖယ်ချင်ရင်၊ feature အစုံအလင်သုံးချင်ရင်တော့ Pro version ၀ယ်ဖို့လိုပါတယ်။
Phone Locator option အတွက်တော့ အခြား app တွေလိုမျိုး premium version သုံးစရာမလိုပါဘူး။ အီးမေးလ်နဲ့သာ ချိတ်လိုက်ပါ။ သုံးလို့ရပါပြီ။
Download Link

Lookout
Lookout ဟာ desktop အတွက် မရှိတဲ့ app တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့အဓိကကတော့ မိုဘိုင်းလ်ဖြစ်ပါတယ်။ သင့်ရဲ့ အကောင့်နဲ့ချိတ်ဆက်ပြီးမှသာ feature တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။Free သုံးမလား၊ premium သုံးမလားဆိုတာ ရွေးရတော့မယ်ဆိုရင် premium က တစ်လကို ၂ ဒေါ်လာ ကုန်ကျပါတယ်။ free ကတော့ app security နဲ့ phone location features ကိုသာ အသုံးပြုနိုင်မှာဖြစ်ပြီး premium ကတော့ Web browsing ပိုင်း၊ app တွေရဲ့ privacy နဲ့ anti-theft လိုမျိုး feature တွေ ပါဝင်ပါတယ်။
သင်အသုံးပြုနေတဲ့ ၀န်ဆောင်မှုတွေကို ဟက်ခံရပြီဆိုရင် အသိပေးတဲ့ feature လည်း ပါဝင်တာမို့ အရမ်းအသုံးဝင်ပါတယ်။ ဒါကြောင့် အချိန်နဲ့တပြေးညီ သင့်ရဲ့ လျှို့ဝှက်အချက်အလက်တွေကို ပြောင်းလဲနိုင်ပါတယ်။ free version က အများကြီးမပေးဘူးလို့ ပြောရင်တော့ ဒါကလွဲနေတာပါပဲ။
App လုံခြုံရေးအောက်မှာဆိုရင် သင့်ကို adware ၊ bots ၊ click fraud ၊ remote exploits ၊ root enabler threats ၊ spyware နဲ့ အခြား malicious software တွေကနေပြီးတော့ ကာကွယ်ပေးနိုင်ပါတယ်။
Download Link

McAfee Mobile Security
McAfee ကတော့ desktop ရဲ့ လုံခြုံရေးနယ်ပယ်မှာ အချိန်အကြာကြီးနေရာယူထားတဲ့ တစ်ခုဖြစ်ပါတယ်။ Android app ကလည်း premium က ပေးနိုင်လောက်တဲ့ feature မျိုးတွေကို ပေးထားပါတယ်။real-time threat protection တွေအပြင် install လုပ်ထားတဲ့ app တွေရဲ့ အချက်အလက်တွေ အသုံးပြုမှု၊ app တွေကို လော့ချနိုင်ခြင်း စတာတွေလည်း ပါဝင်ပါတယ်။ အခြား feature တွေကတော့ backup options၊ ‘Find device’ mode နဲ့ အီးမေးလ်နဲ့ စာရင်းသွင်းခြင်းတွေလိုအပ်တဲ့ specific profile options စတာတွေ ဖြစ်ပါတယ်။
premium version ကတော့ အတော်လေး ဈေးကြီးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ တစ်နှစ်ကို ၂၉ဒေါ်လာ ကျသင့်တဲ့အတွက် အခြားဟာတွေရဲ့ နှစ်ဆလောက် ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာ သာတယ်လို့တော့ မပြောနိုင်ပါဘူး။
Download Link

Norton Security Antivirus
Norton Security Antivirus ဟာ desktop protection platform မှာ အတော်လေး ရေပန်းစားခဲ့သလို အခုလည်း မိုဘိုင်းလ်ဘက်ကို နယ်ချဲ့လာပါပြီ။ အတိုချုပ်ပြောရမယ်ဆိုရင်တော့ malware တွေကို ဖယ်ရှားပိတ်ဆို့ထားပေးပါတယ်။သင့်ရဲ့ လုံခြုံရေးမှာတွေ့ကြုံလာနိုင်ရတဲ့ အန္တရာယ်တွေကို ရိုးရှင်းပြီး နားလည်လွယ်အောင် ပြသပေးနိုင်တဲ့ now-familiar app advisor feature ကိုလည်း ထည့်သွင်းပေးထားပါတယ်။ အခြားသူတွေမပေးထားတဲ့ အသုံးဝင်တဲ့ feature တစ်ခုဖြစ်တဲ့ Google Play နဲ့ ပေါင်းစပ်ပြီး download မဆွဲခင်မှာ သတိပေးတဲ့ feature ကိုလည်း Norton က ပေးထားပါတယ်။ ဒါကြောင့် တကယ်လို့ ဘတ်ထရီထိစေမယ့် app ကို သင် download ဆွဲတော့မယ်ဆိုရင် သင် ချက်ချင်းသိနိုင်ပါတယ်။
premium version အတွက် ရက်သုံးဆယ် အခမဲ့လည်း ရနိုင်ပါသေးတယ်။ ပြီးရင်တော့ တစ်နှစ်ကို ၂၉.၉၉ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ ဒါကြောင့် McAfee နဲ့ တန်းတူလောက်ရှိပါတယ်။ သူ့မှာ ရိုးရှင်းတဲ့ဒီဇိုင်းရှိရုံမျှမက အသုံးပြုရတာလည်း အဆင်ပြေပါတယ်။
Download Link

Aung Phyo Oo (Myanmar Mobile App)
www.pyaephyo.com