8/20/2016

♪ တရုတ်ပြည်တွင်းစမတ်ဖုန်းဈေးကွက်မှာ Xiaomi ကို ကျော်ဖြတ်ပြီး၊ Huawei ထိပ်ဆုံးက ဦးဆောင် ♫


တရုတ်အခြေစိုက်ဈေးကွက်လေ့လာရေးကုမ္ပဏီ IDC က နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ တရုတ်စမတ်ဖုန်းဈေးကွက်ဟာ ဒုတိယသုံးလပတ် (Q2) အတွင်းမှာ သိသိသာသာပြောင်းလဲမှုတွေ ရှိခဲ့တာကို တွေ့မြင်ရပါတယ်။

တရုတ်စမတ်ဖုန်းဈေးကွက်မှာ ထိပ်ဆုံးနေရာက ဦးဆောင်ခဲ့တဲ့ Xiaomi ကုမ္ပဏီဟာ ယခုနှစ်ဒုတိယသုံးလပတ်မှာ စမတ်ဖုန်းအလုံးရေ ၁၀.၅ သန်းသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး၊ ယခင်နှစ် ဒု-သုံးလပတ်မှာ ရောင်းချခဲ့ရတဲ့ အလုံးရေ ၁၇.၁ သန်းထက် အများကြီးလျော့နည်းသွားခဲ့ပါတယ်။

အခုလို ၃၈ ရာခိုင်နှုန်းအထိ ဆိုးရွားစွာကျဆင်းခဲ့မှုကြောင့် Xiaomi ဟာ နံပါတ် ၄ နေရာအထိ ထိုးဆင်းသွားခဲ့ပြီး၊ Huawei ကုမ္ပဏီကတော့ တရုတ်ပြည်ဈေးကွက်ဝေစုကို ၁၇.၂ ရာခိုင်နှုန်းအထိ သိမ်းပိုက်ကာ၊ ထိပ်ဆုံးနေရာကို ဦးဆောင်နိုင်ခဲ့ပါတယ်။ Huawei ကုမ္ပဏီဟာ ယခုနှစ်ဒုတိယသုံးလပတ်မှာ စမတ်ဖုန်းအလုံးရေ ၁၉.၁ သန်းအထိ တင်ပို့ရောင်းချနိုင်ခဲ့တယ်လို့ IDC ရဲ့ စာရင်းဇယားမှာ ဖော်ပြထားပါတယ်။

Huawei နောက်မှာတော့ ပြိုင်ဘက်တရုတ်စမတ်ဖုန်းကုမ္ပဏီတွေဖြစ်တဲ့ Oppo နဲ့ Vivo တို့က စမတ်ဖုန်းတင်ပို့မှုအလုံးရေ ၁၈ သန်းနဲ့ ၁၄.၇ သန်း အသီးသီးနဲ့ ဒုတိယနဲ့ တတိယနေရာတို့မှာ ရပ်တည်လျက်ရှိပါတယ်။

440081471244628936

တရုတ်စမတ်ဖုန်းဈေးကွက်ရဲ့ နံပါတ် ၅ နေရာကိုတော့ တရုတ်ကုမ္ပဏီမဟုတ်တဲ့ Apple က နေရာယူထားပြီး၊ စမတ်ဖုန်းတင်ပို့ရောင်းချရမှု အလုံးရေ ၈.၆ သန်းရှိခဲ့ကာ၊ တရုတ်ဈေးကွက်ရဲ့ ၇.၈ ရာခိုင်နှုန်းကို သိမ်းပိုက်ထားပါတယ်။

Xiaomi ဘက်ကတော့ IDC ရဲ့ ယခုကိန်းဂဏန်းတွေကို ငြင်းဆိုထားပြီး၊ တခြားသုတေသနကုမ္ပဏီတွေရဲ့ အစီရင်ခံစာတွေမှာ ဒီထက်ပမာဏများကြောင်း ထောက်ပြခဲ့ပါတယ်။

ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုကတော့ တခြားအစီရင်ခံစာတွေမှာလည်း Xiaomi ရဲ့ ယခုသုံးလပတ်တင်ပို့မှုဟာ အရင်နှစ်ကထက် အများကြီးလျော့ကျနေတာကို တွေ့ရှိခဲ့ရပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com