Oppo ရဲ့အသစ်ထွက်စမတ်ဖုန်းဖြစ်တဲ့ Oppo F1s ဟာ
နောက်ဘက်ကင်မရာထက် ရှေ့ဘက်ပိုင်းကင်မရာက ပိုကောင်းတဲ့ ဖုန်းဖြစ်ပါတယ်။
ရှေ့ဘက်ခြမ်းကင်မရာကိုပိုအသားပေးထားတာတွေ့ရပြီး ရှေ့ဘက်ခြမ်းကင်မရာက
နောက် ဘက်ခြမ်းကင်မရာထက် Megapixel ပိုများနေပါတယ်။ Oppo ကတော့ F1s ကို
Selfie ဘုရင် selfie expert လို့ ခေါ်ထားပါတယ်။

ဒီတော့ Oppo F1s အကြောင်းအသေးစိတ်လေ့လာကြည့်ကြရအောင်။
Oppo F1s မြန်မာနိုင်ငံတွင်စတင်မိတ်ဆက်သည့်ရက်စွဲနှင့် ဈေးနှုန်း
Oppo F1s ကို သြဂုတ်လ ၁၆ ရက် ၂၀၁၆ နေ့ မှာ ရန်ကုန်မြို့ Novotel Max မှာမိတ်ဆက်ပွဲအခမ်းအနားဖြင့်ပြုလုပ်ခဲ့ပါတယ်။ ဈေးနှုန်းအနေနဲ့  ၂၆၉၀၀၀ ကျပ်ဖြစ်ပါတယ် ။ဈေးကွက်မှာ ရနိုင်တဲ့ အနေ အထားနဲ့ ပတ်သတ်လို့စိတ်ဝင်စားစရာတစ်ခုကတော့ F1s ဟာ US နဲ့ Europe လို အဓိကဈေးကွက်တွေမှာ မရ နိုင်ပါဘူး။ Oppo ဟာ ဒီဖုန်းကို တောင်အာရှနဲ့ အရှေ့တောင်အာရှ ၊ အရှေ့အလယ်ပိုင်း ၊ မြောက်အာဖရိက နှင့် သြစတြေးလျ မှာပဲ ရောင်းချသွားဖို့ ဆုံးဖြတ်ထားပါတယ်။ မြန်မာနိုင်ငံမှာတော့ Oppo F1s ကို သြဂုတ်လ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း Pre Order အနေဖြင့်စတင်မှာယူနိုင်ပြီး သြဂုတ်လ ၂၇ ရက်နေ့မှာစတင်ရောင်းချပေးသွားမယ်လို့သိရပါတယ်။

မြန်မာမှာ ဒီဖုန်းကို ဖြန့် ချိသွားဖို့ ဆုံးဖြတ်လိုက်တာဟာ Oppo အနေနဲ့ ထိပ်တန်းအမြင့်ဖုန်းတွေဖြစ်တဲ့ Samsung , Huawei , Xiaomi , Vivo တို့လိုအရည်အသွေး မီတဲ့ဝယ်လိုအားရှိတဲ့ ဈေးကွက်တွေကို ပစ်မှတ် ထားနေတယ်ဆိုတာ ရှင်းလင်းသိသာပါတယ်။ Oppo ရဲ့ထုံးစံအတိုင်း Selfie ဆိုတဲ့စကားရပ်နဲ့ပဲကြွေးကြော်ပြီးအဓိကမိတ်ဆက်သွားတာကိုလည်းတွေ့ရပါတယ်။ Oppo F1s ကိုတော့ Gold,Rose Gold စတဲ့အရောင်တွေနဲ့  ဝယ်ယူရရှိနိုင်မှာပါ။

Oppo F1s design
Oppo F1s ရဲ့ ဒီဇိုင်းကိုသင်ခဏအတွင်းမှာပဲအာရုံစိုက်မိမှာပါ ။ ဒီဖုန်းကို ကြည့်ရတာ iPhone 6S Plus နဲ့  အတော်ဆင်နေတာကြောင့်ပါ။

ရှေ့ခြမ်းမှာ နှစ်ချက်ကလစ်နှိပ်လို့ ရတဲ့ home buttonအဖြစ် လက်ဗွေ sensor တစ်ခု ၊ ရှေ့ ခြမ်းကင်မရာ နဲ့ စွမ်းရည် ကောင်းမွန်တဲ့ navigation buttons ပါတာကို တွေ့ ရပါမယ်။ ဖုန်းရဲ့ အောက်ခြေဘက်မှာတော့ နားကြပ်ပေါက်တစ်ခု ၊ mono speaker ကွက်တွေ (နောက်ထပ်အသေ စပီကာ ကွက်လည်း ပါပါတယ်။) နဲ့ micro – USB port ပေါက်တစ်ခု ပါဝင်ပါတယ်။

ညာဘက်အခြမ်းမှာ micro-SD ကတ်ထည့်တဲ့အခန်းရှိတဲ့ dual-SIM ပေါက်အောက်မှာ sleep/wake ခလုတ်တစ်ခုလည်း ပါပါတယ်။ ဒီကတ်သုံးခုလုံးကို တစ်ပြိုင်နက်တည်း သုံးလို့ ရနိုင်ပါတယ်။

ဘယ်ဘက်အခြမ်း ကတော့ အသံတိုးလျှော့ volume ပိုင်းနဲ့ ထိပ်နားမှာ မိုက်ကရိုဖုန်းပေါက်တစ်ခုလည်း ပါဝင်ပါတယ်။

Oppo F1s display
Oppo F1s ဟာ ၅.၅ လက်မ ရှိတဲ့ IPS LCD display နဲ့  အနားစွန်းတစ်လျှောက်မှာ 2.5D အခုံးဒီဇိုင်းကို သုံးထားပြီး Gorilla Glass 4 နဲ့ အုပ်ထားပါတယ်။

အရေးကြီးတာတစ်ခုက ရုပ်ထွက် resolution ပါပဲ။ F1s မှာ HD display လို့ဆိုပေမယ့် Screen resolution အနေနဲ့ 720 x 1280 pixel ပဲ ပါဝင်ပါတယ်။ 720p display ဆိုတာ အရမ်းတော့ မဆိုးတဲ့ပုံပါပဲ။ ဒါပေမယ့်လည်း အခုချိန်မှာတော့ဒီလို resolution အရည်အသွေးမျိုးကိုကောင်းလှပါတယ်လို့သတ်မှတ်လို့တော့မရတော့ပါဘူး ။

F1s ရဲ့ Screen မျက်နှာပြင်အရွယ်အစားနဲ့ ဆို Screen resolution က အရမ်း နိမ့်တယ်လို့ဆိုရမှာပါ ။ ဒီဈေးတန်းနဲ့အခြားစမတ်ဖုန်းတွေ 1080p Display တွေတပ်ဆင်အသုံးပြုနေချိန်မှာ 720p Display လောက်ကိုပဲတပ်ဆင်အသုံးပြုထားတာသိပ်တော့အဆင်မပြေလှပါဘူး ။ ပုံမှန် display မျိုးပဲ သုံးဖို့ မှန်းထားတယ်ဆိုရင် F1s က အဆင်ပြေပါတယ်။
Oppo F1s software
Oppo ကတော့ F1s ဟာ Android 5.1 ပေါ်အခြေခံထားတဲ့ ColorOS 3.0 အသစ်နဲ့ run ထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် Android 5.1 Lollipop ဟာ ၂၀၁၅ မတ်လတုန်းက ထွက်ရှိလာတဲ့ OS တစ်ခု ဖြစ်ပါတယ်။ တစ်နှစ်ခွဲလောက်ကြာနေပြီဖြစ်တဲ့ OS version ဖြစ်ပါတယ်။ ဒီတော့ F1s ဟာဒိတ်အောက်နေပြီ ဖြစ်တဲ့ Android ဗားရှင်းနဲ့  ပစ္စည်းအသစ်စက်စက်ပေါ်မှာ run နေတယ်လို့ ပြောရပါမယ်။ သေချာတာကတော့ Android 5.1 ဟာ လက်ရှိအနေအထားအရ တစ်ပတ်နွမ်းဗားရှင်းဖြစ်သွားပြီး အရမ်းကြီးခေတ်မစားတော့ပါဘူး။ Android 6.0 လောက်တော့အသုံးပြုသင့်တယ်လို့မြင်ပါတယ်။

၂၀၁၄ တုန်းက Android ကို အခြေခံတဲ့ OS မျိုးနဲ့ run တာကတော့ ရှုပ်ထွေးပွေလီလှတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါ တယ်။ နောက်ပိုင်း ဆော့ဖ်ဝဲလ်မှာ အသစ်အသစ်ထပ်ပြီး update လုပ်ဖို့ အတွက်လည်း ယိုယွင်းတဲ့ လက္ခဏာ တစ်ရပ်ဖြစ်ရုံသာမကတော့ပါဘူး ။ မကြာခင် ရက်သတ္တပတ် ၃ ပတ်လောက်ကြာရင်ကိုပဲ Android 7.0 Nougat ထွက်ရှိတော့မှာ ပါ။ဆိုတော့ F1s ကို ဝယ်တဲ့သူတွေဟာ ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ထွက်ထားတဲ့ ဖုန်းတွေပေါ် ရှိထားပြီးဖြစ်တဲ့ features အသစ်တွေပဲ သုံးရပြီး ရှိပြီးသား Android 6.0 ကိုပဲ သုံးနေရမယ့်ပုံပါပဲ။ ဒီဖုန်းကိုဝယ်မယ့်သူတွေအတွက်ကတော့ F1s ကို နောက်ပိုင်းမှာ Software update ပေးတောင်အလွန်ဆုံး Android 6.0 လောက်ပဲရနိုင်မှာပါ။

ဆုံးဖြတ်ချက်ကတော့ ရှုပ်ထွေးနေပါတယ်။ သို့ ပေမယ့်လည်း ဒီအတွက် development ပိုင်းလုပ်ရာမှာ ကုန်ကျတဲ့စရိတ်စကတော့ နည်းကောင်းနည်းနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းတုန်းက Lollipop ကို သုံးခဲ့တဲ့ Oppo Find 7 နဲ့ အတူ ဆော့ဖ်ဝဲ update တွေကို ချက်ချင်းတင်ရာမှာ Oppo ဟာ အားနည်းချက်ရှိထားတဲ့ မှတ်တမ်းလည်း ရှိနေပါတယ်။
မျက်နှာပြင်ပိုင်းမှာတော့ F1s ပေါ်က ColorOS 3.0 ဟာ ကျွန်တော်တို့ နဲ့  ရင်းနှီးပြီး ဒီဇိုင်းမျိုးပါ။ home screen ကို သွားရင် ဆမ်ဆောင်း ရဲ့ TouchWiz interface အတွက် ထားတဲ့ Google Now search bar နဲ့  clock နဲ့ မှားသွားနိုင်ပါတယ်။

ဒီဇိုင်းပိုင်းက ပိုကောင်းလာပါတယ်။ iOS 9 နဲ့ တူတဲ့အချက်တွေကတော့ ထူးဆန်းတယ်ဆိုရပါမယ်။ နှစ်နဲ့ ချီပြီး iPhone ကိုင်လာတဲ့ လူတစ်ယောက်အနေနဲ့ ဒီဇိုင်းရဲ့ မှုလအသွင်ပိုင်း ချို့ တဲ့မှုက စိတ်ပျက်စရာပါပဲ။ ဒါပေမယ့်လည်း တစ်ခါမှ iPhone မသုံးဖူးသေးတဲ့ လူတစ်ယောက်အတွက်တော့ ပြဿနာ မရှိပါဘူး။
Oppo F1s Performance
Oppo F1s ဟာ ကောင်းလှချည်ရဲ့ဆိုတဲ့ ဖုန်းမျိုးတော့ မဟုတ်ပါဘူး။ ရန်ကုန်မှာမိတ်ဆက်ပြသသွားတဲ့ပွဲတုန်းက ဒီဖုန်းမှာ ဘာ Processor သုံးထားလဲဆိုတာကိုထုတ်မပြောဘဲ RAM 3GB တပ်ဆင်ထားတယ်ဆိုတာလောက်ကိုပဲအမွှန်းတင်ပြောသွားတာကိုလည်းတွေ့ရပါတယ်။ Oppo F1s မှာ Media Tek 64-bit octa-core MT6750 processor ပါပြီး မြန်နှုန်းကတော့ 1.5 GHz နဲ့ သွားပါတယ်။ RAM က 3 GB နဲ့ internal storage ကတော့ 32 GB ဖြစ်ပါတယ်။ Graphics ကတော့ ARM ရဲ့ Mali-T860 MP2 GPU ကို သုံးထားပါတယ်။
F1s ဟာ သူ့ စကေးကိုက် သတ်မှတ်ထားသလို လုပ်ဆောင်ပုံကို စီးရီးလိုက် run ကြည့်ခဲ့ပါတယ်။ CPU benchmark တစ်ခုမှာ သုံးခုrun ကြည့်ရာမှာ ပျမ်းမျှ score နဲ့ လုပ်ဆောင်တာကို တွေ့ ရပါတယ်။ Vellamo Metal မှာ score အနေနဲ 1266 မှတ်ထွက်ပြီး Vellamo Multicore မှာတော့ 1553 ထိ ထွက်ပါတယ်။ ဒီတန်ဖိုး တွေဟာ အတော်လေးနိမ့်ပါတယ်။ AnTuTu benchmark တိုင်းကြည့်ရာမှာ 41,565 မှတ်ထွက်ပြီး အတော်လေး နိမ့်တယ်လို့ ဆိုရပါမယ်။ ယှဉ်ကြည့်ရင် ကျွန်တော်တို့ စမ်းကြည့်တုန်းက Lenovo Moto G4 မှာ ထွက်တဲ့ scores ထက်နည်းနည်း နိမ့်ပါတယ်။ Geekbench တစ်ခုတည်းတိုင်းတာတာနဲ့  multicore တိုင်းတာတဲ့ performance မှာတော့ 704 နဲ့ 2938 မှတ်အသီးသီး ထွက်ပါတယ်။ နောက်ဆုံးဖြစ်တဲ့ Basemark X medium မှာ 10479 မှတ်ထွက်ပြီး အမြင့်စား high mode မှာဆို 4346 မှတ်ထွက်ပါတယ်။

ဒီလို CPU စွမ်းရည်အတိုင်းအတာက အတော်လေး ညံ့တယ်ဆိုပေမယ့် တကယ်တမ်း အသုံးပြုရာမှာတော့ F1s ဟာ သူ့ မှာ run မယ့်ပုံမှန်တာဝန်ကိုတော့သူ အပြည့်လုပ်နိုင်ပါတယ်။

ဂရပ်ဖစ်စွမ်းရည်ပိုင်းမှာ ဆက်တင်အမြင့်ထဲက Implosion-Never Lose Hope ဂိမ်းကို run ကြည့်ပါတယ်။ display resolution ဟာ ဂိမ်းရဲ့ ဂရပ်ဖစ်အရည်အသွေးကို ခပ်ဆွဲဆွဲသုံးနေရပေမယ့် ဂိမ်းဆော့ရတာ ထစ်သွားတာမျိုးမရှိဘဲ အေးအေးသက်သာ ဆော့သွားလို့ ရတယ်ဆိုတာ တွေ့ ရပါတယ်။ ရုပ်ထွက်အနိမ့်ပိုင်းနဲ့ processing power သိပ်မမြင့်ဘူးဆိုပေမယ့် ဖုန်းလည်း သိပ်ပူလာတာတော့ မရှိပါဘူး။ ဒီတော့ ဒီ Spec ပိုင်းနဲ့ ပတ်သတ်လို့ စိတ်ပူစရာ မရှိပါဘူး။
Fingerprint Scanner

Oppo ဟာ Oppo F1s ကို 0.22 စက္ကန့် အတွင်းဖွင့်ဖို့ လက်ဗွေစနစ်ကိုသုံးထားတယ်လို့ ဆိုပါတယ်။ ကျွန်တော်စမ်းကြည့်တော့ ဒီ senor ဟာလည်း မြန်ဆန်တိကျတယ်ဆိုတာ့ တွေ့ ရပါတယ်။ Oppo မှာ အသစ်ပါလာတဲ့ feature အသစ်ထဲမှာ လက်ဗွေသုံးပြီး ဖုန်းခေါ်ခြင်း အက်ပလီကေးရှင်းသုံးခြင်းများကို F1sမှာ ထည့်ထားပါတယ်။

ကိုယ့်အသုံးအများဆုံး အက်ပ်ကို အလွန်မြန်မြန်ဖွင့်ဖို့ အတွက် လက်ဗွေငါးကြိမ်နဲ့ sign up ဝင်ထားလို့ ရနိုင်ပါတယ်။ ဖုန်းဖွင့်ဖို့ ကိုယ့်လက်မနဲ့ ပဲသုံးရပြီး အရမ်းလွယ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ရဲ့ တစ်ခြား လက်ချောင်းတွေနဲ့ ဖုန်းကို ကိုင်ထားရင်း ထိထိသွားတတ်လို့  သုံးရာမှာ နည်းနည်းတော့ ကသိကအောက်နိုင်ပါတယ်။ တစ်ခြားဟာတွေထက် ဒီ feature ဟာ သုံးစွဲတွေအတွက် တိုက်ရိုက် အကျိုးရှိတဲ့ feature ကောင်းတစ်ခုဖြစ်ပါတယ်။
Oppo F1s audio
Oppo F1 မှာ အသံပိုင်းကတော့ အံ့အားသင့်လောက်အောင် ကောင်းမွန်ပါတယ်။ စပီကာကျယ်တာ နဲ့ ကို ဖုန်းကို ဝယ်ဖို့ ကောင်းပြီး အသံပိုင်းမှာကောင်းမွန်တဲ့ အလတ်စားနှုန်းကနေ အမြင့်နှုန်းထိ အသံထုတ်လွှင့် နိုင်ပါတယ်။ အပြင် စပီကာအပိုမလိုပေမယ့် ပန်းကန်ဆေးရင်း ကိုယ့်အကြိုက်ဆုံးသီချင်းဖွင့်နားထောင်လို့  တောင် ရပါတယ်။
ကြိုပြီးသွင်းထားတဲ့ သီချင်းနဲ့  ရေဒီယို အက်ပ်တွေလည်း ပါပြီး ကောင်းကောင်းအလုပ်လုပ်ပါတယ်။ ကိုယ်ပိုင် music streaming library ကနေလည်း သီချင်းတွေကို ဒေါင်းလုပ်ဆွဲနိုင်ပါတယ်။ အခြေခံကတော့ ကိုယ်ကြိုက်တဲ့သီချင်းကို ဒီထဲမှာပဲ ရှာလို့ ရပါတယ်။ နားကြပ်ပဲ တပ်တပ် စပီကာပဲ ဖွင့်ဖွင့် အသံပိုင်းကတော့ အရည်အသွေးကောင်းပါတယ်။
Music player မှာ Dirac Power Sound လို့ ခေါ်တဲ့ အသံအရည်အသွေးပိုင်းကို ဆက်တင်အမျိုးမျိုး လိုက်ပြောင်းနိုင်တဲ့ equalizer တစ်ခုပါရှိပါတယ်။ အသံပိုင်းတကယ်ကောင်းလိုတယ်ဆိုရင် Dirac ကို မသုံးဘဲ နားကြပ်ကောင်းကောင်းသာ ရှာလိုက်ပါ။
ဖုန်းခေါ်တဲ့အရည်အသွေးကလည်း အတော်လေးကောင်းပါတယ်။ call speaker မှာ အသံပိုင်း ပြတ်သား ကြည်လင်ပြီး ဆူညံနေတဲ့ ပတ်ဝန်းကျင်မျိုးမှာကို ကြားနိုင်တဲ့ အသံမျိုးပါဝင်ပါတယ်။ ဒီလို အလတ်တန်းစားဖုန်းမျိုးမှာ ဒါမျိုးတွေ့ ရတာ အရမ်းမိုက်ပါတယ်။
Oppo F1s camera
Oppo ဟာ F1s ကို Selfie expert လို့ ခေါ်ပါတယ်။နည်းနည်းလေးထူးတာက ဖုန်းရဲ့ရှေ့ဘက်မျက်နှာပြင်ကင်မရာဟာ ဒီဖုန်းရဲ့ အရေးပါတဲ့ feature တစ်ခုအဖြစ် ရည်ရွယ်ထားတာပါ။ ကင်မရာနှစ်ခုလုံးကို အနေအထားအမျိုးမျိုးနဲ့ စမ်းကြည့်ပါတယ်။
နောက်ဘက်ကင်မရာမှာ LED flash ပါဝင်တဲ့ aperture f/2.2 နဲ့ အတူ 13 MP sensor ပါရှိပါတယ်။ ကင်မရာအက်ပ်ကို ဖွင့်တာနဲ့ အဦးဆုံး သတိထားမိတဲ့အရာကတော့ ဒီအက်ပ်ဟာ iOS camera app နဲ့ ဆင်နေတယ်လို့ တွေ့ ရမှာပါ။ ဒါကတော့ ကော်ပီသက်သက်ပါ။ ဒါပေမယ့်လည်း ဆက်ပြီး သုံးကြည့်မယ်ဆိုရင် ကျောဘက်ကင်မရာဟာ ကောင်းမွန်တဲ့ လျှပ်တစ်ပြက်ပုံတွေကို ရိုက်နိုင်တာ တွေ့ ရပါတယ်။ macro shots ရိုက်ရာမှာလည်း သီးသန့် ရုပ်ဝတ္ထုပစ္စည်းတွေကို ရိုက်ရတာလည်းလွယ်ကူ ကောင်းမွန်တာကို တွေ့ ရပါတယ်။

Burst mode ကတော့ သိပ်မမြန်ပါဘူး။ တကယ်လို့ ကိုယ်ရိုက်လိုတဲ့ ရိုက်ကွင်းပေါ်ချိန်ဖို့ တစ်စက္ကန့် ပဲ အချိန်ရမယ်ဆိုရင် burst နဲ့ သုံးပြီး ရိုက်လိုက်တဲ့ ပုံတွေက ကိုယ်ကြိုက်သလို ကြည်ကြည်လင်လင် ထွက်မလာ တော့ပါဘူး။ ဒါကတော့ ကင်မရာရဲ့ focus လုပ်နိုင်စွမ်းမှာ အနည်းငယ် နှေးကွေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ခြား modes တွေ ဖြစ်တဲ့ panorama နဲ့  timelapse ကတော့ အလုပ်ကောင်းကောင်း လုပ်ပါတယ်။ ဒါပေမယ့်လည်း ဖရိန်ကြားမှာ နည်းနည်း အချိန်ဟတာ ကြာတာနဲ့  ကိုယ်ရိုက်မယ့် ပုံကို ဖမ်းရ ခက်တတ်ပါတယ်။ timelapse mode မှာ frame rate ကို ပြောင်းလို့ ရတဲ့ options တော့ မရှိပါဘူး။ ဒီတော့ ကိုယ်ရိုက်လိုတဲ့ ပုံရိပ်ရွေ့ လျားမှုကို အချိန်အနည်းငယ်အတွင်း ဖမ်းယူဖို့ ထက် ကိုယ့်ရိုက်မယ့် အကြောင်းအရာ subject မှာပဲ တကယ်တမ်း focus ထားပြီး ဖမ်းရမှာပါ။
ရုပ်ပုံအရည်အသွေးလည်း အဆင်ပြေပါတယ်။ ကင်မရာက အလုပ်ဖြစ်တယ်ဆိုပေမယ့် အလင်းအားနည်းချိန် မှာ စွမ်းဆောင်ရည်က သိသိသာသာဆိုးရွားတတ်ပါတယ်။ ဒီတော့ အလန်းဇယား ဓါတ်ပုံတွေကို ရိုက်ဖို့ သိပ်မမျှော်လင့်ပါနဲ့ ။ ဒါဟာ အလတ်တန်းစားဖုန်းတစ်လုံးဖြစ်ပြီး အဓိကကင်မရာပဲ စားတာပါ။ ဒီတော့ ကိုယ်လုပ်လို့ ရတာကတော့ အလတ်တန်းစား အရည်အသွေးမီ ဓါတ်ပုံတွေပဲ ရိုက်လို့ ရမှာပါ။
ရှေ့ပိုင်းကင်မရာကတော့ aperture f/2.0 နဲ့ 16 MP နဲ့ ရိုက်ကူးနိုင်ပါတယ်။ အနီးကပ်ကြည့်ရင် ကျောဘက် ကင်မရာနဲ့ ယှဉ်ရင် အလင်းဝင်ပေါက်ဖွင့်တဲ့ aperture က နည်းနည်းပိုကြီးထားတာကို တွေ့ ရမှာပါ။ ဒီကင်မရာက အတော်လေးကောင်းတဲ့ ကင်မရာမျိုးဆိုပေမယ့် ဓါတ်ပုံအရည်အသွေးဟာ sensor ကြောင့်လား software processing ကြောင့်လားတော့ မသေချာပါဘူး။ ပုံမှန် ဓါတ်ပုံဆရာတွေဟာ ဓါတ်ပုံတွေကို editing လုပ်ဖို့ မရည်ရွယ်ဘဲ သူတို့ ရဲ့ ဓါတ်ပုံအရည်အသွေးကို တိုးတက်ကောင်းမွန်စေဖို့ software trick လေးတွေသုံးတတ်တာ သိပါတယ်။ ကျွန်တော်ကတော့ ကိုယ်နှစ်သက်သလို ပြင်လို့ ရအောင် ပုံလေးတွေကို ပြင်တာ လုပ်ချင်ပါတယ်။
Beautify 4.0 ကတော့ selfie ရိုက်တဲ့အခါ ကိုယ့်အသားအရေကို ချောမောပြေပြစ်အောင်လုပ်တဲ့ level ကို တင်ထားပါတယ်။ Huawei လို တစ်ခြား စမတ်ဖုန်းကုမ္ပဏီတွေကလည်း ဒီဆော့ဖ်ဝဲလ်မျိုး သုံးပါတယ်။ ကိုယ့်အသားအရေဟာ ကြွေသားလိုဖြစ်နေပြီး တစ်ချိန်တည်းမှာ သကာအုပ်ထားသလို သဘာဝမကျဘဲ ခပ်ကြောင်ကြောင်ပုံတော့ပေါက်စေပါတယ်။ တစ်ခြား selfie အသားပေး features တွေမှာ အသံတို့ လက်ရိပ် ပြပြီးဖွင့်တာတို့ ကနေ အလင်း ရှပ်တာ activation ပိုင်းကို နှိုးလို့ ရတဲ့ နည်းအမျိုးမျိုး ပါဝင်ပါတယ်။ ဖုန်းကို မှောက်ထားရင် ကိုယ်မျက်နှာရှေ့ ခပ်လှမ်းလှမ်းကနေ ကိုင်ထားရင်timer မှတ်ဖို့ လက်နဲ့ တားထားလို့ ရ ပါတယ်။
ဒီတော့ ပြောရရင် ကင်မရာနှစ်ခုစလုံးဟာ ပုံကောင်းကောင်းထုတ်နိုင်ပြီး ကာလာပိုင်းမှာတော့ အလင်း အနေအထားပိုင်းမှာ စံနှုန်းမီခြင်းမရှိဘူးဆိုရင် ဆေးပါးသွားတတ်ပါတယ်။ ပုံသားအရည်အသွေးပိုကောင်းတာ ရဖို့ ရှေ့ဘက် sensor ပါတဲ့ ကင်မရာငယ်ကို သုံးတာက ပိုကောင်းပါတယ်။ expert selfie ရိုက်ကူးလို့ ရတယ်ဆိုတဲ့အချက်ကလည်း ဟာ့ဒ်ဝဲလ်မှာ တကယ်တမ်း အရည်အသွေးမပြည့်မီတာကြောင့်ဖြစ်ပါတယ်။ သို့ သော်လည်း ဈေးနှုန်းဘက်ကကြည့်ရင်တော့ Oppo F1s ကင်မရာတွေဟာ ကောင်းမွန်ပါတယ်။ ဓါတ်ပုံပညာ အမြင်ကနေ ပိုပြီး ဈေးကြီးတဲ့ ဖုန်းတွေနဲ့ ရိုက်လို့ ရတာမျိုးကို မျှော်လင့်လို့ တော့ မရပါဘူး။
Oppo F1s Battery
Oppo F1s battery သက်တမ်းဟာ ဖုန်းရဲ့ performance စွမ်းရည်အနိမ့်ပိုင်းနဲ့ display resolution ကို အထောက်အကူပေးထားလို့ သက်တမ်းကောင်းမွန်ပါတယ်။ သူ့ မှာ သုံးထားတာက 3075 mAh ဘက်ထရီ ဖြစ်ပြီး သာမန်အသုံးပြုမှုအတွက်နဲ့ ဆို တစ်ရက်နဲ့ နေ့ တစ်ပိုင်း အသုံးခံပါတယ်။ Oppo ဟာ နဂိုပါတဲ့ power-saving နည်းပညာပါတဲ့ ColorOS 3.0 ကို သုံးထားတာပါ။ ဒီဖုန်းဟာ တကယ်တော့ Doze mode ပါတဲ့ Android Marshmallow နဲ့ ဖြစ်သင့်တာပါ။ နောက်ထပ် ဆော့ဖ်ဝဲလ် update ထွက်လာတဲ့အခါ ဘက်ထရီသက်တမ်းကို ဒီထက်ဆွဲဆန့် နိုင်မယ်လို့ ထင်ပါတယ်။
ဘက်ထရီ benchmark ကို AnTuTu tester မှာ တိုင်းကြည့်ပါတယ်။ Oppo F1s ဟာ 6798 မှတ်ရထား ပါတယ်။ ဒါကတော့ ကျွန်တော်တို့ တိုင်းတာထားတဲ့ ဘက်ထရီစစ်ဆေးမှုမှာ တစ်ခြားဖုန်းတွေနဲ့ ယှဉ်ကြည့်ရင် သာမန်ထက်ပိုတဲ့ အဆင့်မှာ ရှိပါတယ်။ ဒီအတိုင်းအတာကို ဘေးဖယ်ကြည့်ရင် ဒီဘက်ထရီသက်တမ်းဟာ ဒီနေ့  ခေတ် တစ်ခြား ဖုန်းတွေအများကြီးထက် သက်တမ်းပိုခံတယ်ဆိုတာ တွေ့ ရပါတယ်။ သာမန်သုံးကြည့်စဉ် အတွင်း တစ်နေ့ မက ခံပါတယ်။ ဒီတော့ turbocharge လိုမျိုးနဲ့ တွဲသုံးရင်ပိုကောင်းပါတယ်။ သာမန် specs တွေ ထက်ပိုတာကတော့ ပိုမိုကောင်းမွန်တဲ့ ဘက်ထရီသက်တမ်းပါပဲ။
Oppo F1s technical specifications
Oppo F1s ဟာ နောက်ဘက်ကင်မရာပိုင်းစွမ်းရည်ကောင်းခြင်း display အရည်အသွေးမီခြင်း ၊ performance ပိုင်း ကောင်းတဲ့ အချက်တွေရှိသလို တစ်ချို့ အားနည်းချက်တွေရှိရင်တောင် မြန်မာငွေ ၂၆၉၀၀၀ ၀န်းကျင်ပဲကျသင့်မှာဖြစ်လို့ ဒီဈေးတန်းနဲ့စမတ်ဖုန်းတွေထဲမှာတော့မဆိုးဘူးလို့ပြောလို့ရပါတယ်။
အခုလို ဈေးသက်သက်သာနဲ့ ဘက်ထရီသက်တမ်းခံတဲ့အပြင် နောက်တစ်ခု ရမှာက ရှေ့ ဘက်ကင်မရာ ကောင်းတစ်လုံးပဲဖြစ်ပါတယ်။ ဒီတော့ ကိုယ်ကျသင့်တဲ့ ငွေနဲ့ အများကြီး ရနိုင်ပါတယ်။ စိတ်ပျက်စရာတစ်ခုကတော့ ဒီဖုန်းဟာ အိုင်ဖုန်းရဲ့ ဆော့ဖ်ဝဲလ် နဲ့  ဟာ့ဒ်ဝဲလ်ဒီဇိုင်းနဲ့အလွန်အမင်းတူနေတာပါပဲ ။ ပုံမှန် app,game လေးတွေလောက်ပဲသုံးမယ် ၊ ကင်မရာပိုင်းအဆင်ပြေတာကိုပဲရွေးမယ် ၊ ဈေးလည်းသင့်တင့်ရမယ်ဆိုရင်တော့ Oppo F1s ဟာ ကောင်းမွန် သက်သာပြီး ဝယ်ထိုက်တဲ့စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။

NETWORK | Technology | GSM / HSPA / LTE |
---|
LAUNCH | Announced | 2016, August |
---|---|---|
Status | Coming soon. Exp. release 2016, August |
BODY | Dimensions | 154.5 x 76 x 7.4 mm (6.08 x 2.99 x 0.29 in) |
---|---|---|
Weight | 160 g (5.64 oz) | |
SIM | Dual SIM (Nano-SIM, dual stand-by) |
DISPLAY | Type | IPS LCD capacitive touchscreen, 16M colors |
---|---|---|
Size | 5.5 inches (~71.0% screen-to-body ratio) | |
Resolution | 720 x 1280 pixels (~267 ppi pixel density) | |
Multitouch | Yes | |
Protection | Corning Gorilla Glass 4 | |
– Color OS 3.0 |
PLATFORM | OS | Android OS, v5.1 (Lollipop) |
---|---|---|
Chipset | Mediatek MT6750 | |
CPU | Octa-core 1.5 GHz Cortex-A53 | |
GPU | Mali-T860MP2 |
MEMORY | Card slot | microSD, up to 256 GB (dedicated slot) |
---|---|---|
Internal | 32 GB, 3 GB RAM |
CAMERA | Primary | 13 MP, f/2.2, phase detection autofocus, LED flash, check quality |
---|---|---|
Features | 1/3″ sensor size, geo-tagging, touch focus, face detection, panorama, HDR | |
Video | 1080p@30fps, check quality | |
Secondary | 16 MP, f/2.0, 1/3.1″ sensor size, 1080p |
SOUND | Alert types | Vibration; MP3, WAV ringtones |
---|---|---|
Loudspeaker | Yes | |
3.5mm jack | Yes | |
– Active noise cancellation with dedicated mic |
COMMS | WLAN | Wi-Fi 802.11 a/b/g/n, Wi-Fi Direct, hotspot |
---|---|---|
Bluetooth | v4.0 | |
GPS | Yes, with A-GPS | |
Radio | No | |
USB | microUSB v2.0, USB Host |
FEATURES | Sensors | Fingerprint, accelerometer, proximity, compass |
---|---|---|
Messaging | SMS (threaded view), MMS, Email, Push Email | |
Browser | HTML5 | |
Java | No | |
– MP4/H.264 player – MP3/WAV/eAAC+/FLAC player – Document viewer – Photo/video editor |
BATTERY | Non-removable Li-Po 3075 mAh battery |
---|
MISC | Colors | Gold, Rose Gold, Gray |
---|---|---|
SAR US | 0.31 W/kg (head) 0.36 W/kg (body) | |
SAR EU | 1.60 W/kg (head) 1.05 W/kg (body) |
Oppo F1s ဟာ နောက်ဘက်ကင်မရာပိုင်းစွမ်းရည်ကောင်းခြင်း display အရည်အသွေးမီခြင်း ၊ performance ပိုင်း ကောင်းတဲ့ အချက်တွေရှိသလို တစ်ချို့ အားနည်းချက်တွေရှိရင်တောင် မြန်မာငွေ ၂၆၉၀၀၀ ၀န်းကျင်ပဲကျသင့်မှာဖြစ်လို့ ဒီဈေးတန်းနဲ့စမတ်ဖုန်းတွေထဲမှာတော့မဆိုးဘူးလို့ပြောလို့ရပါတယ်။
အခုလို ဈေးသက်သက်သာနဲ့ ဘက်ထရီသက်တမ်းခံတဲ့အပြင် နောက်တစ်ခု ရမှာက ရှေ့ ဘက်ကင်မရာ ကောင်းတစ်လုံးပဲဖြစ်ပါတယ်။ ဒီတော့ ကိုယ်ကျသင့်တဲ့ ငွေနဲ့ အများကြီး ရနိုင်ပါတယ်။ စိတ်ပျက်စရာတစ်ခုကတော့ ဒီဖုန်းဟာ အိုင်ဖုန်းရဲ့ ဆော့ဖ်ဝဲလ် နဲ့  ဟာ့ဒ်ဝဲလ်ဒီဇိုင်းနဲ့အလွန်အမင်းတူနေတာပါပဲ ။ ပုံမှန် app,game လေးတွေလောက်ပဲသုံးမယ် ၊ ကင်မရာပိုင်းအဆင်ပြေတာကိုပဲရွေးမယ် ၊ ဈေးလည်းသင့်တင့်ရမယ်ဆိုရင်တော့ Oppo F1s ဟာ ကောင်းမွန် သက်သာပြီး ဝယ်ထိုက်တဲ့စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။
www.pyaephyo.com