8/21/2016

♪ “Samsung Galaxy On7” ♫


Samsung ရဲ့ အရွယ်အစားကြီးမားသော ဖုန်းများထဲတွင် တစ်ခုအပါအ၀င် ဖြစ်သော Galaxy On7ဟာ မော်ဒယ် နံပါတ်ပေါ်မူတည်၍ ဖြန့်ချိရောင်းချရာ နိုင်ငံ ကွဲပြားပါတယ်။ G600FY ဟာ အိန္ဒိယနဲ့ ဘရာဇီးနိုင်ငံအတွက်ဖြစ်ပါ တယ်။ ဖုန်းရဲ့ အရွယ်အစားပမာဏကတော့ 151.8 × 77.5 × 8.2 mm ဖြစ်ကာ အလေးချိန်မှာ 172g ရှိပါတယ်။

ဆင်းကတ်နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစား ဖြစ်ပါတယ်။ ထည့်သွင်းသုံးစွဲရမယ့် ဆင်းကတ်အရွယ်အစားကတော့ Micro SIM ပါ။ ဖုန်းမျက်နှာပြင်မှာ TFT Capacitive Touch Screen ဖြစ်ပြီး မျက်နှာပြင်အကျယ်အ၀န်းကတော့ 5.5 inches ရှိပါတယ်။ မြင်ကွင်း စွမ်းရည်အတွက် ထောက်ပံ့ပေးထားသော pixels ပမာဏမှာ 720 × 1280 ဖြစ်ပြီး တစ်လက်မမှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆ ကတော့ 267 ppi ပါ။ ထည့်သွင်းပေးထားသော ကင်မရာနှစ်မျိုး နှစ်စားမှာ အရည်အသွေးကောင်းမွန်ပါတယ်။

အဓိက ကင်မရာဟာ 13MP, f/2.1ဖြစ်ပြီး ရှေ့ကင်မရာငယ်ကတော့ 5MP, f/2.2 ဖြစ်ပါတယ်။ ဗီဒီယို ရိုက်ကူးနိုင်မယ့် စွမ်းရည် ကတော့ 1080p ဖြစ်ပြီး နှုန်းမှာ တစ်စက္ကန့်ကို 30 Frames ဖြစ်ပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 1.5 GB ထည့် သွင်းပေးထားပြီး Internal Storage တွင် 8GB ပါရှိအောင် ဆောင်ရွက် ပေးထားပါတယ်။ အချက်အလက်အများအပြား သိမ်းဆည်းနိုင်စေဖို့ အတွက် လည်း Cardslot စနစ်ပါရှိပါတယ်။

အသုံးပြုပေးထားသော Chipset အမျိုးအစားမှာ Qualcomm Snapdragon 410 ဖြစ်ပြီး CPU စွမ်းရည်ကတော့ Quad Core 1.2 GHz ဖြစ်ပါတယ်။ GPU ကတော့ Adreno 306 အမျိုးအစား ပါ။ သုံးစွဲနိုင်မယ့် OS အမျိုးအစားကတော့ Lollipop ပါ။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Ion 3000 mAh ဖြစ်ပြီး 3G Network တွင် စကားပြောဆိုဖို့ ၂၁ နာရီနီးပါး ခံနိုင်စွမ်း ရှိမှာ ဖြစ်ပါတယ်။ သီချင်းနားထောင်ဖို့အတွက်ကတော့ ၇၈ နာရီ နီးပါး ခံနိုင်စွမ်းရှိမှာဖြစ်ပါတယ်။

<Specification>
Network - GSM/ HSPA/ LTE
Memory - 8 GB
CPU - Quad Core 1.2 GHz
Camera - 13MP
Screen - 5.5 inches
OS - Android OS, v5.1
Contact - 01-381129
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com