Facebook က ၃၆၀ ဒီဂရီဗီဒီယိုများရဲ့ အရသာကိုပိုမိုပေါ်လွင်စေဖို့နဲ့
လွယ်ကူစွာရှုထောင့်ပြောင်းလဲ ကြည့်နိုင် အောင် ပြုလုပ်ပေးနေပါတယ်။ Facebook က
၃၆၀ ဒီဂရီဗီဒီယို ကြည့်ရှုသူများအားဗီဒီယိုရဲ့ ကောင်းမွန်တဲ့ အစိတ်
အပိုင်းများကို ကြည့်နိုင်စေဖို့ Guide လုပ်ပေးနိုင်တဲ့ စွမ်းဆောင်ချက်ကို
ဗီဒီယိုဖန်တီးသူများအတွက် ထည့်သွင်းပေး လိုက်ပါတယ်။
၃၆၀ ဒီဂရီဗီဒီယို ဖန်တီးသူများက Publish မလုပ်ခင်မှာ Guide လုပ်ပေးထားရမှာ ဖြစ်ပါတယ်။ Guide ပြုလုပ်ပေးထားတဲ့ ဗီဒီယိုကို ကြည့်ရှုတဲ့အခါမှာညာဘက်မှ စက်ဝိုင်းပုံ ခလုတ်ကို Default အားဖြင့် Enable လုပ်ပေးထား မှာဖြစ်ပြီးဖန်တီးထားသူ Guide လုပ်ထားတဲ့ ရှုထောင့်များကိုအလိုအလျှောက် ကြည့်ရှုသူအား ပြသ ပေးမှာဖြစ်ပါတယ်။ အဲဒီ အတွက် ကြည့်ရှုသူကကိုယ်တိုင် ရှုထောင့်များ ပြောင်းလဲစရာမလိုဘဲဖန်တီးထားသူသတ်မှတ်ထားတဲ့ အကောင်းဆုံးရှုထောင့် များကနေ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
အဆိုပါ စွမ်းဆောင်ချက်ကိုအသုံးမပြုချင်ဘဲကိုယ်တိုင် ရှုထောင့်များပြောင်းလဲ ကြည့်ရှုနိုင်ပါသေးတယ်။ Facebook က ကြည့်ရှုမှုအရေအတွက် ၅၀ ၀၀၀ ကျော်တဲ့ ၃၆၀ ဒီဂရီဗီဒီယိုများအတွက် Heatmapလို့ ခေါ်တဲ့ ခွဲခြမ်းစိတ်ဖြာတဲ့ Tool ကိုလည်း ဖန်တီးသူများအတွက် ဖြန့်ချိပေးလိုက်ပါတယ်။ ဖန်တီးသူများ ကသူတို့ ဗီဒီယိုရဲ့ မည်သည့် အစိတ်အပိုင်းကိုလူအများဆုံး ကြည့်ရှုသလဲ ဆိုတာကိုရုပ်ပုံကားချက်များဖြင့် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Facebook က ဗီဒီယို ကြည့်ရှုသူများနဲ့ သူတို့ရဲ့ တုန့်ပြန်မှုများကိုဖန်တီးသူများ ခွဲခြမ်းစိတ်ဖြာနိုင်မယ့် Tool အသစ်ကိုလည်း ပံ့ပိုးပေးလိုက်ပါတယ်။
အသက် အရွယ် ၊ တည်နေရာနဲ့ လိင် အပိုင်းအခြားအလိုက် ကြည့်ရှုတဲ့ မိနစ်များကို လည်း ပြသပေးထားပါတယ်။ ဒါ့အပြင် Live Video များရဲ့ မည်သည့် အစိတ် အပိုင်းတွင် Likes, Comments, Reactions များ ပြုလုပ်ကြသလဲဆိုတာ ကိုသိနိုင်တဲ့ စွမ်းဆောင်ချက်ကိုလည်း ထည့်သွင်းပေးလိုက်ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

www.pyaephyo.com