8/21/2016

♪ မြန်မာပြည်ဈေးကွက်သို့ Samsung Galaxy Tab J Tablet ကို မိတ်ဆက် ♫


Samsung Electronics Co., Ltd မှ Galaxy Tablet မျိုးဆက်သစ်ဖြစ်သော Galaxy Tab J ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် Galaxy Tab J အား ၂၀၁၆ သြဂုတ်လတတိယပတ်မှ စတင်၍ တန်ဖိုး ၂၂၅,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး အရောင်အနေဖြင့် ရွေရောင်၊ အမည်းရောင် နှင့် အဖြူရောင်ဟူ၍ အရောင်သုံးမျိုး ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် Galaxy Tab J စတင်ရောင်းချသည့် အထူးအစီအစဉ်အနေဖြင့် ဝယ်ယူသူများကို Samsung original 8GB micro SD card အား အရေအတွက်အကန့်အသတ်ဖြင့် လက်ဆောင်ပေးအပ်သွားမည်ဟု သိရသည်။

Galaxy Tab J မှာ ၇ လက်မအရွယ်မျက်နှာပြင်ဖြစ်ပြီး WXGA TFT diplay ကို ထည့်သွင်း အသုံးပြုထားသည်။ 1.5 GHz quad core processor နှင့်အတူ RAM ပိုင်းအတွက် 1.5 GB ထောက်ပံ့ ပါဝင်သည်။ Tablet အတွင်း Storage Memory အနေဖြင့် 8GB ပါဝင်ပြီး micro SD card slot ထည့်သွင်းပေးထားသည့်အတွက် 200 GB အထိ တိုးမြှင့်အသုံးပြုနိုင်မည် ဖြစ်သည်။

နောက်ကျောဘက်အခြမ်းတွင် 8MP AF ရှိသည့်ကင်မရာလည်း ပါဝင်သည်။ 4000 mAh အရွယ်အစားရှိသောဘက်ထရီကို ထည့်သွင်းအသုံးပြုထားပြီး သုံးစွဲသူများအနေဖြင့် ၉ နာရီကြာဆက်တိုက် အသုံးပြုနိုင်မည် ဖြစ်သည်။

Credit to ==> Internet Journal


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com