8/23/2016

♪ မကြာခင်ထွက်ရှိလာတော့မယ် Samsung Galaxy On7 (2016) ♫


Samsung က ထုတ်ထားတဲ့ စမတ်ဖုန်းမော်ဒယ်တွေထဲမှာ Galaxy On7 ဖုန်းကိုလည်း လူကြိုက်တော်တော်များကြတာကို တွေ့ရပါတယ်။အခုဆိုရင် မနှစ်ကထွက်ရှိထားတဲ့ Galaxy On7 ဖုန်းရဲ့ ၂၀၁၆ မော်ဒယ်အသစ်ဟာ လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Galaxy On7 (2016) စမတ်ဖုန်းကို တရုတ်နိုင်ငံရဲ့ ဆက်သွယ်ရေးမှတ်ပုံတင်ရုံး (TENAA) မှာ မှတ်ပုံတင်ပြီး ဖြစ်သလို၊ ယခုအခါ အမေရိကန်နိုင်ငံအတွင်းမှာ ရောင်းချဖို့အတွက်လည်း ဖက်ဒရယ်ဆယ်သွယ်ရေးကော်မရှင် (FCC) မှာ မှတ်ပုံတင်ပြီးဖြစ်တယ်လို့ သိရပါတယ်။

FCC က ဖော်ပြထားချက်အရ Samsung Galaxy On7 (2016) မှာ 3300mAh ဘက်ထရီ ပါဝင်လာမှာ ဖြစ်တယ်လို့ သိရပြီး၊ FCC ရဲ့ ထုံးစံအတိုင်း တခြားအသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။

gsmarena_002

ဒါပေမယ့် TENAA မှာ ဖော်ပြထားချက်အရတော့ On7 (2016) ဟာ ၅.၅ လက်မအကျယ် 1080p မျက်နှာပြင်၊ Snapdragon 625 SoC ၊ RAM 3GB နဲ့ ဖုန်းတွင်း storage 32 GB တို့ ပါဝင်မှာဖြစ်ပြီး၊ ကင်မရာကတော့ 13MP ကျောကင်မရာနဲ့ 8MP ရှေ့ကင်မရာဖြစ်တယ်လို့ တွေ့ရှိထားပါတယ်။

Credit to ==>Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com