8/23/2016

♪ “ပိုကီမွန်စီးပွားရေး” ♫


ကမ္ဘာကျော်Forbes မဂ္ဂဇင်းကြီးကတော့Pokémon GO ဂိမ်းကြီးကနေ စီးပွားရေး လုပ်ငန်းတွေဘယ်လိုအကျိုးကျေးဇူးတွေရယူကြမလဲလို့ မေးခွန်း ထုတ်လိုက်ပါတယ်။အကြောင်းကတော့ရုတ်ချည်းဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ Pokemon Go ဂိမ်းကြောင့်လူတွေဟာစမတ်ဖုန်းတွေကိုင်ပြီးလမ်းမတွေ ပေါ်တက်လာကြလို့ပါ။Pokémon GO ဆိုတာကနာမည်ကျော်ဂိမ်း ထုတ်လုပ် သူ Nintendo ကGoogle developer ဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့Niantic အဖွဲ့နဲ့ပူးပေါင်းပြီးစမတ်ဖုန်းတွေအတွက်ထုတ်လုပ်ထားတဲ့တည်နေရာအခြေခံဂိမ်းတစ်မျိုးပါ။ လက်ရှိ မှာတော့ ဖြန့်ချိပြီးရက်ပိုင်းအတွင်းမှာကမ္ဘာပေါ်မှာ ၀က်ဝက်ကွဲအအောင်မြင်ဆုံးဂိမ်းတစ်ခုဖြစ်နေပြီးတော့ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ နာမည်ကျော်လူမှုကွန်ရက်Facebook ထက်တောင်အသုံးပြု ချိန်ပိုများနေတယ်လို့ဆိုပါတယ်။ဒီလိုအောင်မြင်လာတာကြောင့် စီးပွားရေး လုပ်ငန်း တွေရဲ့သဘောအရအလှုပ်အခတ်တွေမှာအကျိုးအမြတ်ဝင်ယူတတ်ဖို့ လိုတယ်လို့Forbes မဂ္ဂဇင်းကြီးကဆိုပါတယ်။တကယ်လည်းဝင်ပြီးနေရာယူ ကုန်ကြပါပြီ။နိုင်ငံတကာမှာတော့Pokemon ကိုအသုံးချပြီးဝန်ထမ်း ခန့်ထား ဖို့ကြိုးပမ်းတာ၊ ဈေးကွက်ချဲ့ထွင်ဖို့ကြိုးစားမှုတွေသိသိသာသာတက်လာတယ်။ တချို့နိုင်ငံတွေမှာတော့PokeDates ဆိုပြီးPokemon Go ကစားတဲ့သူတွေ ကိုDate လုပ်ပေးတဲ့ဝန်ဆောင်မှုတွေတောင်စတင်နေပါပြီ။
တချို့ကော်ဖီဆိုင်တွေကတော့Pokemon နဲ့ဆက်စပ်တဲ့ ကော်ဖီတွေမုန့်တွေ ဖန်တီးပြီးဂိမ်းကစားသူတွေကိုဆွဲဆောင်ကြပါတယ်။ နောက်ပြီးကိုယ့်ဖုန်းက ဂိမ်းLevel ကိုပြရင်အဲ့အခြေအနေပေါ်မူတည်ပြီး ဈေးလျှော့ပေးပါသေးတယ်။
ဒါ့အပြင်Niantic ရဲ့CEO ဖြစ်တဲ့John Hanke ကလည်းPokémon GO နဲ့ ပတ်သက်တဲ့Pokestop တွေ၊Poke Gym တွေကိုကိုယ့်ဆိုင်မှာထားချင်သူ တွေအတွက်sponsored locations တွေလည်းလုပ်ကိုင်ခွင့်ပြုတော့မယ်လို့ ဆိုထားတာကြောင့်စီးပွားရေးသမားတွေကတော့လှုပ်လှုပ်ရှားရှားဖြစ်နေကြပါတယ်။သူတို့စီးပွားရေးဈေး ကွက်ကိုအပြိုင်ချဲ့ထွင်နေကြသလိုကျွန်တော်တို့ နိုင်ငံမှာလည်းမထူးခြားနားပါပဲ။သြဂုတ်လ၆ရက်နေ့မှာ တရားဝင်စတင်ကစား လို့ရခဲ့တဲ့ မြန်မာပြည်မှာလည်းစီးပွားရေးလုပ်ငန်းတွေဘက်က ခြေလှမ်းတွေ လှမ်းလာကြတာမြင်နေရပါတယ်။တချို့နေရာတွေမှာ ကိုယ့်လုပ်ငန်းနေရာ မှာPokéStop ထားတာမျိုးတွေ မြင်လာရပါတယ်။PokéStop ကိုPokémon GO ရဲ့တရားဝင်website မှာ လျှောက်ထားနိုင်ပါတယ်။ဒါဟာPokémon GO ကစားသူတွေ သေချာပေါက်လာကြမယ့်နေရာတစ်ခုဖြစ်တာကြောင့် နိုင်ငံ တကာမှာတော့လုပ်ကိုင်သူတွေများလာနေပါပြီ။အထူးသဖြင့်Pokemon Go ကစားသူတွေအတွက်သီးသန့်ပြင်ဆင်ထားတဲ့စားသောက်ဆိုင်တွေအမှတ်တရပစ္စည်းအရောင်းဆိုင်တွေ အပြိုင်အဆိုင် ပေါ်လာနေပါတယ်။
City Mart နဲ့တွဲဖွင့်တဲ့Seasons Bakery က“မုန့်လာဝယ်ရင်းနဲ့အထဲမှာ ရှားရှား ပါးပါးအလန်းစားအကောင်တွေမိရင်မိမှာပေါ့” လို့Facebook မှာမျှဝေခဲ့တာ တွေ့ခဲ့ရပါတယ်။တခြားစီးပွားရေးလုပ်ငန်းလေးတွေလည်းဒီလိုဆွဲဆောင်လာတာတွေ မြင်နေ ရပါတယ်။နိုင်ငံတကာမှာတော့တချို့လုပ်ငန်းတွေ ဟာသူတို့ရဲ့ လုပ်ငန်းဧရိယာမှာ ရောက်နေတဲ့Pokémon GO ကစားသူတွေကိုဖုန်း အားသွင်းဖို့နဲ့Wifi အခမဲ့သုံးဖို့ခွင့်ပြုပေးထားတာပါပဲ။ဘဏ်တွေ၊ စားသောက်ဆိုင်တွေ၊အ၀တ်အထည်ရောင်းချတဲ့ဆိုင်တွေနဲ့Shopping Center တွေမှာဒီလိုလုပ်လေ့ရှိပါတယ်။မြန်မာပြည်မှာလည်းတချို့စားသောက်ဆိုင် လေးတွေဒီလိုလုပ် လာတာ မြင်လာရပါတယ်။ဒါနဲ့ဆက်စပ်ပြီးတော့ ပြည်တွင်း လုပ်ငန်းရှင်တစ်ယောက်ကတော့Pokemon Go ကဖုန်းဘက်ထရီအရမ်း အကုန်မြန်စေတာကြောင့်Power Bank တွေပိုသွင်းနေတယ်လို့ဆိုပါတယ်။ ဈေးကွက်ကိုကြိုဦးထားတဲ့သဘောပေါ့။အကြောင်းကတော့ဂျပန်နဲ့ ထိုင်ဝမ်မှာPower Bank ရောင်းအားသိသိသာသာထိုးတက်လာတာကြောင့်လို့ဆိုပါတယ်။
တချို့ကတော့မိမိတို့ နေရာကိုရောက်လာတဲ့ဂိမ်းကစားသူတွေကိုမိမိတို့မိတဲ့ ကောင်နဲ့မိမိတို့နာမည်ကို#Tag လုပ်ပြီးလူမှုကွန်ရက်ပေါ်တင်ခိုင်းတာမျိုး၊ Check-in ၀င်ခိုင်းတာမျိုးတွေလည်းရှိပါတယ်။အဲ့အတွက်ဂိမ်းကစားသူကို ကျသင့်ငွေထဲကပမာဏတစ်ခု လျှော့ပေးတဲ့promotion တွေလုပ်ပေးပါတယ်။ မြန်မာပလာဇာမှာရှိတဲ့ Imperial Garden ကတော့ဆိုင်ထဲမှာပိုကီမွန်ဖမ်းခဲ့ကြ တဲ့ လူတွေကိုဆိုင်အတွင်း မြင်ကွင်းနဲ့အတူScreenshot ပြုလုပ်ပြီးသူရဲ့ ဖေ့စ်ဘုတ်မှာ#igarden pokemon ဆိုပြီးလာရောက်တင်ဆက်ခဲ့မယ် ဆိုရင် စားသုံးမှုရဲ့၁၀ရာခိုင်နှုန်းကိုဈေးလျှော့ပေးမှာ ဖြစ်တယ်လို့ဆိုထားပါတယ်။ ဒီနည်းကိုအသုံးပြုထားတယ်လို့ဆိုရမှာပါ။
အရင်CoC တုန်းကလိုပါပဲ။တစ်ချိန်ချိန်မှာPokemon Go အကောင့်တွေ လက်လွှဲ ရောင်းချမှုတွေ ဖြစ်လာနိုင်ပါတယ်။CoC တစ်ခေတ်ဆန်းစဉ်ကလည်း ဒီလိုပဲ ပေါက်ပေါက်မြောက်မြောက် ဆော့ထားတဲ့သူတွေကအချိန်ကုန်ခံ မဆော့ချင်သူတွေဆီကိုအကောင့်တွေ ဈေးကောင်းကောင်းနဲ့ ရောင်းချခဲ့တာ ဈေးကွက်တစ်ခုဖြစ်ခဲ့ပါသေး တယ်။မြန်မာပြည်မှာPokemon Go စပြီး ဆော့နိုင်တာမကြာသေးတဲ့အတွက်နိုင်ငံတကာမှာလိုတော့Pokemon နဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းတွေ၊Pokemon အခြေပြုပြီး ဈေးကွက် ချဲ့ထွင် တာတွေနည်းနေပါသေးတယ်။ဒါပေမယ့်လက်ရှိလူတွေအကြားမှာ ဒီဂိမ်းရဲ့ အောင်မြင်မှုအရဆိုရင်လာမယ့်အချိန်အနည်းငယ်အတွင်းမှာပဲ ဒီဂိမ်း အခြေပြုလုပ်ငန်း တွေအပြိုင်းအရိုင်းပေါ်လာဖို့ရှိနေပါတယ်။Pokemon Go ဂိမ်းကစားသူတွေများလာတာနဲ့အမျှသူတို့ကိုမှီတည်ပြီးအကျိုးရှာကြမယ့် လုပ်ငန်းတွေလည်းပေါများလာမှာဖြစ်ပါတယ်။စီးပွားရေးသမားတွေနဲ့SMEs တွေဘက်ကဂိမ်းကစားသူတွေကို ဘယ်လိုဆွဲဆောင်ကြမယ်ဆိုတာကြိုတွေး ထားကြဖို့သာလိုပါတော့တယ်။

မောင်မိုးဇွန်
Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com