8/23/2016

♪ Macbook တစ်လုံးနီးပါး storage ပါဝင်လာဖွယ်ရှိတဲ့ iPhone 7 ♫


Apple ဟာ နောက်လ (စက်တင်ဘာလ) ထဲမှာ လက်ရှိ iPhone မော်ဒယ်တွေထက် storage နှစ်ဆလောက်ပိုများတဲ့ iPhone 7 ကို မိတ်ဆက်သွားဖို့ရှိနေပါတယ်။

လာမယ့် iPhone 7 ဟာ 16GB မော်ဒယ်ထွက်လာတော့မှာမဟုတ်ဘဲ၊ 32 GB ကနေ စထွက်မှာဖြစ်ကာ၊ လက်ရှိသတင်းအတိုင်းဆိုရင် 32GB, 128GB နဲ့ 256GB ဆိုပြီး မော်ဒယ်သုံးမျိုးထွက်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့သတင်းတွေမှာတော့ iPhone 7 Plus မှာပဲ 256GB မော်ဒယ်ထွက်မှာဖြစ် တယ်လို့ ရေးသားထားပြီး၊ ရိုးရိုး iPhone 7 မှာ 256GB ရမလားဆိုတာကတော့ သေချာမသိရသေးပါဘူး။

iPhone_256GB

DigiTimes က ရရှိထားတဲ့ သတင်းရင်းမြစ်တွေအရ NAND flash မမ်မိုရီချစ်ပ် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ storage 256GB အထိပါဝင်တဲ့ iPhone 7 အပါအဝင် တခြားစမတ်ဖုန်းအသစ်တွေရဲ့ ဝယ်လိုအားမြင့်တက်မှုကြောင့် ချစ်ပ်ဈေးနှုန်းတွေကို တိုးမြှင့်လိုက်ပြီဖြစ်ကာ ၂၀၁၆ ခုနှစ်၊ နောက်ဆုံးသုံးလပတ်အထိ ဈေးနှုန်း ဆက်လက်မြင့်တက်နေဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

တကယ်လို့ iPhone 7 မှာသာ 256GB storage တငယ်ပါလာမယ်ဆိုရင် iPhone storage ဟာ ၂၀၁၆ ခုနှစ် MacBook အနိမ့်ဆုံးမော်ဒယ်နဲ့ storage တူတူဖြစ်သွားမှာပါ။

128GB ပါတဲ့ လက်ရှိ iPhone 6S က ဒေါ်လာ ၈၅၀ လောက်ရှိပြီး၊ 6S Plus က ၉၅၀ ဒေါ်လာလောက်ရှိတာကြောင့် iPhone 7 256GB ဟာ အနည်းဆုံး ၉၅၀ ဒေါ်လာနဲ့ iPhone 7 Plus က ဒေါ်လာ ၁၁၁၀ လောက်ရှိနိုင်ပါတယ်။

ယခုသတင်းတွေ အပြည့်အဝမှန်မလားဆိုတာကတော့ စက်တင်ဘာလ (၇) ရက်၊ ဗုဒ္ဓဟူးနေ့မှာ Apple က ပြုလုပ်မယ့် iPhone 7 ပွဲမှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။


Credit to ==>Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com