အူရီဒူးမြန်မာမှ ဆင်းမ်ကတ်နှစ်ကတ်အသုံးပြုနိုင်သော Samsung Galaxy Note 7 ရောင်းချရာတွင် အမြန်ဆန်ဆုံးသော 4G အင်တာနက်အစီအစဉ် 6 GB နှင့်တကွ အခြားလက်ဆောင်များ ပေးအပ်သွားမည်
အူရီဒူးမြန်မာအနေဖြင့် Samsungနှင့် ပူးပေါင်း၍ Samsung Galaxy Note 7 ကို မြန်မာပြည်ဈေးကွက်တွင် စတင်မိတ်ဆက်သွားမည်ဖြစ်သည်။ ပထမဦးဆုံး iris scanner ကိုအသုံးပြုပြီး မိုဘိုင်းဖုန်းလုံခြုံရေးကို ထိန်း သိမ်းနိုင်သည့် လုပ်ဆောင်ချက်များစွာပါဝင်ကာ Samsung ၏ Knox နည်းပညာ ကိုပါထည့်သွင်းထားသော  အဆိုပါစမတ်ဖုန်းကို သက်ဆိုင်ရာအရောင်းဆိုင်များတွင် ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့မှ စတင်၍  ကျပ် (၉၂၀,၀၀၀) ဖြင့် ၀ယ်ယူရရှိနိုင်မည်ဖြစ်သည်။

လွန်စွာအဆင့်မြင့်လှသည့် နည်းပညာကြောင့် Smasung Galaxy Note 7 နှင့်ပတ်သက်ပြီး ကမ္ဘာတစ် ဝှမ်းရှိ မီဒီယာအသီးသီးမှ ခေါင်းစဉ်အမျိုးမျိုးဖြင့် စိတ်ဝင်စားဖွယ် ရေးသားဖော်ပြလျက်ရှိရာ  သုံးစွဲသူများမှ ဈေး ကွက်အတွင်းရရှိနိုင်မည့်နေ့အား စိတ်အားထက်သန်စွာ စောင့်မျှော်လျက်ရှိပါသည်။ အဆိုပါစမတ်ဖုန်းတွင် iris scanner အပြင် Samsung ၏ ကိုယ်ပိုင်နည်းပညာပါ ပါဝင်လာမည်ဖြစ်သည့်အတွက် သုံးစွဲသူများအနေဖြင့်  ဖုန်းမျက်နှာပြင်အား မျက်စိဖြင့်ကြည့်ရုံဖြင့်ပင် unlock လုပ်နိုင်မည်ဖြစ်သည့်အပြင် လက်ဗွေစနစ်ဖြင့်လည်း lock ဖြေနိုင်မည် ဖြစ်သည်။ အဆိုပါစမတ်ဖုန်းသည် အူရီဒူးမြန်မာ၏ ကမ္ဘာ့အဆင့်မီ မိုဘိုင်းကွန်ရက် နည်း ပညာနှင့် တွဲဖက်အသုံးပြုရန် အထူးသင့်လျော်မည်ဖြစ်သည်။

Galaxy Note 7 သည် IP 68 နည်းပညာကိုအသုံးပြုထားသော ရေဒဏ်နှင့် ဖုန်ဒဏ်ကို ခံနိုင်သော စမတ်ဖုန်းအမျိုးအစား ဖြစ်ပါသည်။ Samsung မှ ထုတ်လုပ်ခဲ့သော အခြား Note Series စမတ်ဖုန်းများကဲ့သို့ Galaxy Note 7 တွင်လည်း မျက်နှာပြင်တွင် တိုက်ရိုက်ရေးသားနိုင်မည့်  Pen ပါဝင်မည်ဖြစ်ပြီး သုံးစွဲသူများအား စမတ်ဖုန်းဖြင့်ပင် မှတ်စုစာအုပ်ကဲ့သို့၊ ကွန်ပျူတာတစ်လုံးကဲ့သို့ အသုံးဝင်မည့်ဖြစ်ရာ လုပ်ငန်းသုံးအတွက် အထူးသင့်လျော်မည်ဖြစ်သည်။ အဆိုပါဖုန်းအနေဖြင့် အရည်အသွေးမြင့်ပြီး ကြည်လင်ပြတ်သားသည့် 12-megapixel OIS Dual Pixelကင်မရာ F1.7 နှင့် ရှေ့ကင်မရာ 5-megapixel (F1.7)၊ ဒေတာများ၊ ဖိုင်များစွာသိမ်းဆည်းရန်အတွက် လုံလောက်သည့် storage ပမာဏ၊ ကြာရှည်ခံ ဘက်ထရီတို့ပါဝင် မည်ဖြစ်သည်။ ထို့အပြင် 4GB RAM ပါရှိမည်ဖြစ်သောကြောင့် သုံးစွဲသူများအနေဖြင့် လျှင်မြန်ကောင်းမွန်သည့် စမတ်ဖုန်းသုံးစွဲမှုအတွေ့အကြုံကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။

အူရီဒူးမြန်မာအနေဖြင့် သုံးစွဲသူများပိုမိုအဆင်ပြေပျော်ရွှင်စွာအသုံးပြုနိုင်ရန် Samsung Galaxy Note 7 နှင့်အတူ အထူးအင်တာနက်လက်ဆောင်အစီအစဉ်အား ပေးအပ်မည်ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် အခမဲ့ အူရီဒူး 4Gဆင်းကတ်နှင့်တကွ တစ်လစီတွင် ငွေကျပ် ၁၀၀၀၀ စီဖြည့်တိုင်း အခမဲ့အင်တာနက်အစီအစဉ် 2GB စီဖြင့် သုံးလတိတိရရှိမည်ဖြစ်ရာ စုစုပေါင်း 6GB အင်တာနက်လက်ဆောင် ရရှိမည်ဖြစ်ပါသည်။ ထို့အပြင် ၂၅၀၀ကျပ်တန်ဖိုး ဖုန်းဘီလ်ကို လက်ဆောင်ထည့်ပေးထားမည်ဖြစ်သောကြောင့် အူရီဒူးအချင်းချင်း ဖုန်းခေါ် ဆိုနိုင်ခြင်း၊ အခမဲ့ SMS ပေးပို့နိုင်ခြင်း၊ အင်တာနက်အသုံးပြုနိုင်ခြင်း တို့ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ရန်ကုန်နှင့် မန္တလေးရှိအူရီဒူးသုံးစွဲသူများအနေဖြင့် အူရီဒူးမြန်မာမှပေးအပ်မည့် အခြားအသုံးဝင်မည့် လက်ဆောင်ပစ္စည်း များကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

Samsung Galaxy Note 7 ကို ၀ယ်ယူလိုသူများအတွက် ထပ်မံရရှိနိုင်မည့် အားသာချက်တစ်ခုမှာ Samsung Galaxy Note7 နှင့်အတူ KBZ ဘဏ်မှ ၆လ အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်မည့် micro financing support ကိုပါ ရရှိနိုင်မည်ဖြစ်သည်။

Samsung Galaxy Note 7 အား ၂၀၁၆ ခုနှစ်၊  စက်တင်ဘာလ (၁၁) ရက် မှ စတင် က မြန်မာနိုင်ငံတွင်ဝယ်ယူ ရရှိနိုင်မည်ဖြစ်သည်။ ရွှေရောင်၊ အနက်ရောင်၊ အဖြူရောင် စသည်ဖြင့် နှစ်ခြိုက် ရာအရောင် ရွေးချယ်နိုင်မည်ဖြစ်သည်။ မိုဘိုင်းဖုန်းအသုံးပြုသူများ အနေဖြင့် Samsung မှ မြန်မာနိုင်ငံအတွက် အသစ်စက်စက်မိတ်ဆက်ပေးလိုက်သည့် အရည်အသွေးမြင့် Galaxy Note 7 စမတ်ဖုန်းနှင့်အတူ အူရီဒူးမြန်မာ၏ အမြန်ဆန်ဆုံးသော 4G အင်တာနက်နှင့် ကြည်လင်ပြတ်သားသောအသံတို့ကို သဘော ကျနှစ်ခြိုက်စွာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။