8/13/2016

♪ အကောင်းဆုံးအရည်အသွေးနဲ့ တန်ဖိုးနည်းစမတ်ဖုန်းမော်ဒယ်အသစ်တစ်မျိုးကို Meizu ထုတ်လုပ် ♫


Meizu ဟာ ဗုဒ္ဓဟူးနေ့က ဘေဂျင်းမြို့မှာပြုလုပ်ခဲ့တဲ့ ကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ ကုမ္ပဏီရဲ့ တန်ဖိုးနည်းစမတ်ဖုန်းမော်ဒယ်အသစ် M3E ကို မိတ်ဆက်သွားခဲ့ပါတယ်။

M စီးရီးရဲ့ နောက်ဆုံးမော်ဒယ်အသစ်ဖြစ်တဲ့ M3E ဟာ Meizu m3 note နဲ့ ဒီဇိုင်းပိုင်းကော၊ သုံးထားတဲ့ဟာ့ဒ်ဝဲပစ္စည်းတွေပါ တော်တော်တူညီပြီး၊ ဈေးနှုန်းကတော့ တရုတ်ယွမ်ငွေ ၁၂၉၉ ( မြန်မာငွေ ၂ သိန်း ၃သောင်းခန့်) ရှိပါတယ်။

SIM နှစ်ကတ်ထိုးဖြစ်တဲ့ Meizu M3E မှာ ၅.၅ လက်မအကျယ် full-HD (1080×1920 pixels) IPS မျက်နှာပြင်ပါရှိပြီး၊ အကောင်းစား 2.5D ဖန်သားပြင်အကွေးကို အသုံးပြုထားပါတယ်။ ကိုယ်ထည်ကလည်း အလူမီနီယမ်ကိုယ်ထည်ဆိုတော့ တန်ဖိုးကြီးဖုန်းတစ်လုံးကိုင်နေရသလို ခံစားမှုပေးနိုင်မှာပါ။

meizu
Android စနစ်အခြေခံ Flyme UI သုံး YunOS နဲ့ လည်ပတ်မှာဖြစ်ကာ၊ octa-core MediaTek Helio P10 SoC ၊ RAM အတွက် LPDDR3 3GB RAM ၊ ဂရပ်ဖစ်ပိုင်းအတွက် Mali T860 GPU တို့ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။  ဖုန်း storage အနေနဲ့ 32GB တပါတည်းပါရှိပြီး၊ microSD ကတ် 128GB အထိ ထပ်စိုက်နိုင်ပါတယ်။

ဧပြီလတုန်းက ထွက်ရှိထားတဲ့ Meizu m3 note နဲ့ ကွာတဲ့အချက်တွေကတော့ M3E မှာ 4100mAh ဘက်ထရီမဟုတ်တော့ဘဲ၊ 3100mAh ဘက်ထရီ ဖြစ်သွားတာကို တွေ့ရပါတယ်။ ဒါပေမယ့် mCharge အားအမြန်သွင်းစနစ်အသုံးပြုနိုင်တာကြောင့် မိနစ်သုံးဆယ်အတွင်းမှာ အားတစ်စက်မှ မရှိရာကနေ အားတစ်ဝက် ၅၀ ရာခိုင်နှုန်းအထိ သွင်းနိုင်မှာဖြစ်ပါတယ်။

Meizu M3E ရဲ့ ကင်မရာပိုင်းကလည်း တန်ဖိုးနည်းစမတ်ဖုန်းတစ်လုံးအနေနဲ့ အားရစရာဖြစ်ပြီး၊ ကျောကင်မရာက Sony IMX258 ဆန်ဆာသုံး 13MP ကင်မရာ ဖြစ်ကာ ရှေ့ကင်မရာကတော့ 5MP ပဲဖြစ်ပါတယ်။ Meizu m3 note တုန်းက ကင်မရာအရည်အသွေးက သိပ်မကောင်းပေမယ့်၊ ဒီဖုန်းမှာတော့ Sony ဆန်ဆာသုံးထားတော့ ပုံထွက်ပိုကောင်းမယ်လို့ မျှော်လင့်ရပါတယ်။

ဟုမ်းခလုတ်မှာ လက်ဗွေရာဆန်ဆာပါဝင်ပြီး၊ တန်ဖိုးကြီးဖုန်းတွေလိုပဲ USB-Type C port ပါဝင်လာတာတွေ့ရပါတယ်။ Meizu M3E ကို မီးခိုးရောင်၊ငွေရောင်၊ပန်းရောင်၊ရွှေရောင်နဲ့ အပြာရောင်ဆိုပြီး ကာလာမျိုးစုံဝယ်ယူရရှိနိုင်မှာဖြစ်ကာ၊ သြဂတ်စ်လ ၁၄ ရက်နေ့မှာ တရုတ်ပြည်တွင်း စတင်ရောင်းချ သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Meizu_M3E-Back_Side_575px

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com