8/11/2016

♪ Pokemon Go မကစားရနယ်မြေတွေ သတ်မှတ်တော့မယ့် ထိုင်း ♫


ထိုင်းနိုင်ငံဟာ တော်ဝင်နန်းတော်မြေနေရာမျိုးတွေ၊ဗုဒ္ဓဘာသာဘုရားလိုနေရာတွေနဲ့ ဆေးရုံလိုနေရာတွေမှာ Nintendo ကထုတ်ပြီး တွင်တွင်ကျယ်ကျယ်ဆော့ကစားနေကြတဲ့ Pokemon Go ဂိမ်းဆော့ကစားခြင်းကို ကန့်သတ်တော့မှာဖြစ်တယ်လို့ ထိုင်းတယ်လီကွန်းအရာရှိဖြစ်သူ Takorn Tantasith က အင်္ဂါနေ့တုန်းက ပြောကြားခဲ့ပါတယ်။

အမျိုးသားတယ်လီကွန်းဆက်သွယ်ရေး (NBTC) ဟာ ထိုင်းမှာရှိတဲ့ တယ်လီကွန်းအော်ပရေတာ ၅ခုကို မြေပုံအနေအထားတွေကို ကာကွယ်နိုင်ဖို့အတွက် ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ Pokemon ရဲ့အဆက်အသွယ်နေရာတွေကို လိုင်စင်ချထားဖို့အတွက် ပြုလုပ်သွားမှာ ဖြစ်ပြီး အဆိုပါနေရာတွေမှာ အစိုးရအဆောက်အဦတွေနဲ့ Private Area တွေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့တွေဟာ လမ်းမကြီးတွေ၊ လမ်းလျှောက်တဲ့နေရာတွေလို အန္တရာယ်များနိုင်တဲ့ နေရာတွေကို ဂိမ်းဆော့လို့မရအောင်လုပ်ထားမှာ ဖြစ်ပါတယ်” လို့ Takorn Tantasith ကဆက်လက်ပြောကြားခဲ့ပါတယ်။
Pokemon Go ဂိမ်းဟာ နှစ်နှစ်ဆယ်ခန့်ရှိပြီဖြစ်တဲ့ Pokemon ဇာတ်ကောင်တွေကို အပြင်မှာ ဖမ်းတဲ့ ပုံစံ ပြုလုပ်ထားတဲ့ Reality ဂိမ်းတစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးက နှစ်သက်စွဲလမ်းစွာ ဆော့ ကစားနေကြ တာပါ။

ထိုင်းဟာ အရှေ့တောင်အာရှမှာ မကြာသေးမီက ထုတ်ဖော်ခဲ့တဲ့ 4G Mobile Connection စနစ်ဖွံ့ဖြိုးခဲ့တာကြောင့် မိုဘိုင်းလ်ဂိမ်းဈေးကွက်ကျယ်ပြန့်မှု အမြန်ဆန်ဆုံး နိုင်ငံတစ်နိုင်ငံလဲ ဖြစ်ပါတယ်။

Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com