8/10/2016

♪ Photo Editing အတွက် ဗဟုသုတရနိုင်ဖွယ်ရာများ ♫


Photo Editing ဟာ ဓာတ်ပုံသမားတွေရဲ့အဓိကကျတဲ့အလုပ်တစ်ခုပါ။ Editing လုပ်ဖို့ Apps များစွာကို အသုံး ပြုနိုင်ပါတယ်။
၁။ Vintage ဓါတ်ပုံများ ဖန်တီးပါ။
<Litely>
Vintage ဓာတ်ပုံများဖန်တီးချင်ရင်တော့ Instagram မှာ ခရီးသွားဓာတ်ပုံများ တင်တဲ့ဓာတ်ပုံဆရာ ဖန်တီးထား တဲ့ Litely ကို သုံးပါ။ သူ့မှာ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ Presets များစွာ ပါပါတယ်။ Themes ၁၁ ခုကိုအခမဲ့ရရှိမှာ ဖြစ်ပါ တယ်။ Theme Boxes ကိုတော့ အခကြေးငွေဖြင့်ဝယ်ယူရမှာဖြစ်ပါတယ်။ ဒတ်စတော့ သမားတွေအတွက် Lightroom နဲ့ Photoshop အတွက် Litely ရဲ့ Presets များရှိပါတယ်။ iOS အတွက်အခမဲ့ အသုံးပြုနိုင်ပါတယ်။
၂။ Distortion ကို ပြင်ဆင်ပါ။
<Skwrt>
Wide-Angle Smartphone Lensesများဟာအချို့နေရာမှာအသုံးမ၀င်ပါဘူး။ ဒါပေမယ့်သူတို့ဟာ Perspective Distortion လို့ခေါ်တဲ့ထူးဆန်းတဲ့ Effect ကို ပြုလုပ်ပေးနိုင်ပါတယ်။ Skwrt က သင့်ဓာတ်ပုံရဲ့ Vertical နဲ့ Horizontal ကောက်ကြောင်းများကို ပြင်ဆင်ပေးနိုင်ပါတယ်။ ရိုးရှင်းတဲ့ Dial Control ကနေ ပြုလုပ်ရတာပါ။ iOS အတွက် စတာလင်ပေါင် ၁.၄၉ ဖြင့် ၀ယ်ယူနိုင်ပါ တယ်။
၃။ Wallpaper ကို ဒီဇိုင်းလုပ်ပါ။
<Fragment>
Fragment က ရှုခင်းဓာတ်ပုံများကို အနုပညာမြောက် ပန်းချီကားအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ သူ့မှာ Frames, Shapes, Patterns များစွာ ပါရှိ ပါတယ်။ သင့်ဓာတ်ပုံကို အရောင်စုံတဲ့ Pattern အဖြစ် ပြောင်းလဲပေး နိုင်ပါ တယ်။ Wallpaper များ ဖန်တီးဖို့အလွန်အသုံးဝင်ပါတယ်။ Android , iOS အတွက် စတာလင်ပေါင် ၁.၄၉ ဖြင့် ၀ယ်ယူနိုင်ပါတယ်။
၎။ Meme ပြုလုပ်ပါ။
<Aviary Photo Editor>
Meme များ ပြုလုပ်ချင်ရင်တော့ Aviary Photo Editor က အသုံးဝင်ပါတယ်။ သူ့က ဓာတ်ပုံများမှာ စာသားများ လျင်မြန်လွယ်ကူစွာရေးသားပေးနိုင်ပါတယ်။ ဖောင့်အမျိုးအစားများစွာကို ရွေးချယ်နိုင်ပါတယ်။ စတစ်ကာများ စွာကိုလည်း ပံ့ပိုးပေးထားပါတယ်။ Android, iOS အတွက် အခမဲ့ဖြန့်ချိပေးထားပါတယ်။
၅။ Tone များကို လက်ဖြင့် ပြင်ဆင်ပါ။
<Snapseed>
Google က ထုတ်လုပ်ပေးထားတဲ့ Snapseed ဟာဓာတ်ပုံတစ်ခုရဲ့ အစိတ် အပိုင်းတစ်ခုကိုပြင်ဆင်လို့ရတဲ့ ပထမ ဆုံး App ဖြစ်ပါတယ်။ သူ့ရဲ့ Selective Adjustment စွမ်းဆောင်ချက်က Curves, Layers များ အစား သုံးနိုင်တဲ့ ထူးခြားတဲ့စွမ်းဆောင်ချက်ဖြစ်ပါတယ်။ သင်ပြင်ဆင်ချင်တဲ့နေရာကိုဖိလိုက် တာနဲ့ Contrast, Saturation , Brightness တို့ကို ပြင်ဆင်နိုင်ပါတယ်။ သူ့ရဲ့ Filters များက အကောင်းဆုံးမဟုတ်ပါဘူး။ ဒါပေမယ့်သူဟာ Google Photos နဲ့ တွဲဖက်သုံးရင်ကောင်းမွန်ပါတယ်။
၆။ Batch Edit ပြုလုပ်ပါ။
<Vsco Cam>
ခရီးတစ်ခုမှာ ရိုက်ထားတဲ့ပုံများစွာကို တစ်ပြိုင်နက် Edit လုပ်ချင်ရင် Vsco Cam ကို သုံးပါ။ သူ့ရဲ့မကြာခင်က ဖြန့်ချိပေးလိုက်တဲ့ Update မှာ ဓာတ်ပုံ များစွာကိုတစ်ပြိုင်နက် Edit လုပ်ပေးတဲ့စွမ်းဆောင်ချက် ပါလာပါတယ်။ Android, iOS အတွက် အခမဲ့ဖြန့်ချိပေးထားပါတယ်။
၇။ Curves များဖြင့် Tones များကို ပြင်ဆင်ပါ။
<Darkroom>
Photo တစ်ခုရဲ့အစိတ်အပိုင်းတစ်ခုရဲ့ အရောင်ကိုချိန်ညှိနိုင်တဲ့ Curve Adjustments စွမ်းဆောင်ချက်ဟာ Darkroo ရဲ့ iPhonographers မှာပါ လာပါတယ်။ စတာလင်ပေါင် ၂.၂၉ ဖြင့် In-App Purchase ကနေ ၀ယ်ယူ ရမှာပါ။ သင့်ကိုယ်ပိုင် Filters များကိုတောင် ဖန်တီးနိုင်ပါတယ်။ iOS အတွက် အခမဲ့ဖြန့်ချိပေးထားပါတယ်။ Android Fans တွေအတွက် PhotoDirector ကို အခမဲ့ အသုံးပြုနိုင်ပါတယ်။
၈။ Web App ကို သုံးပါ။
<Google Photos>
ဓါတ်ပုံများကို Edit လုပ်ရတာ အချိန်ကုန်ပါတယ်။ Storybooks , GIFs များကို အလိုအလျောက် ဖန်တီးချင်ရင် Google Photos ၀န်ဆောင်မှုကိုသုံးပါ။ သူ့ရဲ့ Photos Assistant က သင့်ဓာတ်ပုံများကိုခွဲခြမ်းစိတ်ဖြာပေးပြိး သင့်တော်တဲ့ Collages များဖန်တီးဖို့အကြံပေးပါတယ်။သင့်ဓာတ်ပုံများကိုလည်း အလို အလျောက် Edit လုပ် ပေးပါတယ်။ Google ရဲ့ Auto Awesom Feature အဟောင်းလိုတော့ အလိုအလျှောက်လုပ်ပေးမှာ မဟုတ်ပေမယ့် အလို အလျောက်လုပ်စေချင်ရင်အောက်ကခဲတံပုံအိုင်ကွန်ကိုနှိပ်ပါ။ Android, iOS အတွက်အခမဲ့ အသုံးပြု နိုင်ပါတယ်။
၉။ RAW Files များကို Edit လုပ်ပါ။
<Filterstorm Neue>
သူက စွမ်းရည်မြင့်မားပြီး Uncompressed RAW Files များကို ကိုင်တွယ် နိုင်ပါတယ်။ Full Resolution DSLR Photos များကိုတောင် ကိုယ်တွယ် နိုင်တဲ့အတွက် ပရိုဓာတ်ပုံသမားများ နှစ်သက်ကြပါတယ်။ Layers, Masks, Clone Stamping စတဲ့ စွမ်းဆောင်ချက်များ ပါပါတယ်။ iOS အတွက် စတာလင်ပေါင် ၃ ပေါင်ဖြင့် ၀ယ်ယူနိုင်ပါတယ်။
၁၀။ ကြည့်ကောင်းတဲ့မျက်နှာ ဖန်တီးပါ။
<Faceturn>
သူက Retouching App ဖြစ်ပြီးရုပ်ဆိုးတဲ့မျက်နှာကိုတောင် မိနစ်ပိုင်း အတွင်း မှာကြည့်ကောင်းအောင် ပြုလုပ် ပေးနိုင်ပါတယ်။ အစက်အပြောက်များကို ဖယ်ရှားပေးနိုင်ပါတယ်။ မေးရိုးများကို ပြင်ဆင်ပေးနိုင်ပါတယ်။ Android, iOS အတွက် စတာလင်ပေါင် ၃ ပေါင်ဖြင့် ၀ယ်ယူနိုင်ပါတယ်။
Android, iOS တို့အတွက် အခမဲ့ဖြန့်ချိပေးထားပါတယ်
<Plush Plugins>
Instagram Filter များထက်ကောင်းတာကိုလိုချင်ရင် အောက်ပါ Plugins များကိုသုံးပါ။
<Topaz Labs>
Layers, Brush Tools များကိုမသုံးချင်ရင် Photoshop အတွက် ဒီ Plugin ဟာလွယ်ကူစွာပဲ အဲဒီအလုပ်များကို လုပ်ပေးနိုင်ပါတယ်။ Black and White Effects ကနေ High ISO များနဲ့ရိုက်ထားတဲ့ ဓာတ်ပုံများကို ရှင်းလင်း ချင်ဖို့ စွမ်းဆောင်ချက်များစွာ ပါပါတယ်။ topazlabs.com ကနေ ဒေါ်လာ ၃၀ ဖြင့် ၀ယ်ယူနိုင်ပါတယ်။
<Nik Collection>
ဒီ Plugins မှာ Effects ပေါင်း ၇ ခုပါပါတယ်။ HDR Editor ကနေ ရှေးဟောင်း ပြတိုက်များ၊ ဒေါ်လာထောင် ဂဏန်းပေးဝယ်ရတဲ့ eBay မှာ ရောင်းချနေတဲ့ Classic Camera များမှ Analog Efex Pro Effect များအထိ အသုံးပြုနိုင်ပါ တယ်။
google.com/nlkcollection ကနေ စတာလင်ပေါင် ၉၅ ဖြင့် ၀ယ်ယူနိုင် ပါတယ်။
<Imagenomic Noiseware>
သင့် ဓာတ်ပုံများဟာ ရှင်းလင်းပြတ်သားခြင်းမရှိရင်တော့ ဒီ Plugin ကို သုံးပါ။ သူက ဓာတ်ပုံရဲ့အရည်အသွေး မကျစေဘဲ Noise-Suppressing Algorithm ဖြင့် လွယ်ကူလျင်မြန်စွာပြုပြင်ပေးနိုင်ပါတယ်။ သူနဲ့ ပြုပြင်လိုက် တဲ့ပုံများဟာ သဘာဝကျစေပါတယ်။ imagenomic.com ကနေ ဒေါ်လာ ၈၀ ဖြင့် ၀ယ်ယူ နိုင်ပါတယ်။
<Finishing Touches>
လှပတဲ့ Photo Album များ ဖန်တီးပါ။ ထူးခြားတဲ့ လူမှုကွန်ရက်ဓာတ်ပုံများ ဖန်တီးပါ။
<Cheerz>
လူမှုကွန်ရက်ဓာတ်ပုံများကိုပရင့်ထုတ်တဲ့ဝန်ဆောင်မှု Cheerz က Magnets နဲ့ Books များအပါအ၀င် ဖော်မက် များစွာကို ဖန်တီးပေးပါတယ်။ သင့်ရဲ့ အကောင်းဆုံး ပုံများကို Polaroid Form ဖြင့်ဖန်တီးထားတဲ့ Polabox ၀န် ဆောင်မှုကိုလည်း ပံ့ပိုးပေးထားပါတယ်။ cheerz.com ကနေ စတာလင်ပေါင် ၆.၄၅ ဖြင့် အသုံးပြုနိုင်ပါတယ်။
<Eyeem>
Eyeem ဟာ သင့်ဓာတ်ပုံများကနေငွေရှာနိုင်တဲ့ဝက်ဆိုက်ပါ။ 500px, Foap တို့ကလည်းအလားတူ ၀န်ဆောင်မှု များဖြစ်ပါတယ်။ Eyeem ကတော့ အကောင်းဆုံးဖြစ်ပြီး သူ့ရဲ့အကောင်းဆုံးဝန်ဆောင်မှုကတော့ မဂ္ဂဇင်းများ၊ ကုမ္ပဏီများ၊ ဓာတ်ပုံစတူဒီယိုများကနေ ပြိုင်ပွဲများ ပြုလုပ်ပေးတဲ့ Missions ဖြစ်ပါတယ်။
eyeem.com
“ပိုမိုမာကျောတဲ့အဆင့်မြင့်စမတ်ဖုန်းတွေဖြစ်လာစေဖို့Gorilla Glass 5”
အနာဂတ်မှာသင့်အနေနဲ့စမတ်ဖုန်းတစ်လုံးကိုဘယ်လိုပုံစံနဲ့ကိုင်တွယ်ချင်ပါ သလဲ၊အပေါ့ပါးဆုံးဖုန်းတစ်လုံးလား၊လုပ်ဆောင်ချက်အားလုံးကိုတစ်ပြိုင်နက်တည်းပြုလုပ်တာတောင်ဘာမှ မဖြစ်သွားနိုင်မယ့်ပရိုဆက်ဆာအမြင့်စားနဲ့ စမတ်ဖုန်းလား၊လက်ထဲမှာကိုင်တွယ်လိုက်တာနဲ့ဟိုဘက်ဒီဘက်ဖောက်ထွင်း မြင်နိုင်မယ့် (transprecy)ဖုန်းတစ်လုံးလား၊စက္ကူတစ်ရွက်ထက်တောင် ပိုမို ပါးလွှာလာတော့မယ့်စမတ်ဖုန်းလားပြောရမယ်ဆိုရင်တော့အားလုံးသော စမတ်ဖုန်းတွေဟာနှစ်သက်စရာတွေကြီးပါပဲ။ယနေ့တိုးတက်လာတဲ့နည်းပညာတွေထဲမှာတော့ရှေ့တန်း အရောက်ဆုံးလို့ဆိုနိုင်တာကစမတ်ဖုန်းတွေပဲဖြစ်ပါတယ်။စမတ်ဖုန်းတွေရဲ့တိုးတက်ပြောင်းလဲမှုကလည်း အဆင့်ဆင့်ဆိုတာထက်တောင်ပိုနေပါပြီ။ဒါပေမယ့်စမတ်ဖုန်းတွေရဲ့တိုးတက်ပြောင်းလဲမှုကို နောက်ယောင် ခံလိုက်ကြည့်တဲ့အခါမှာအားလုံးပြည့်စုံနေပြီလို့ထင်ရပါတယ်။ ဘာကြောင့်အဲလိုပြောရလဲဆိုရင်ပရိုဆက်ဆာသုံးစွဲမှုအပိုင်းကိုကြည့်လိုက်မယ်ဆိုပါကCore (၁၀)လုံး၊RAM 6GB နဲ့ဖုန်းတွေကိုမြင်တွေ့နေရပါပြီ။ ဘက်ထရီ တွေရဲ့တာရှည်ခံနိုင်စွမ်းဆိုရင်လည်းလုံးဝအမြင့်မားဆုံးဆိုတဲ့အဆင့်ကိုရောက်နေပါပြီ။ ဘယ်လောက်ထိတောင်အဆင့်မြင့်လာသလဲဆိုရင်ဖုန်းတစ်လုံးကနေအခြားဖုန်းတစ်လုံးကိုအားပြန်လည် သွင်းပေးနိုင်တဲ့အထိတောင်ဖြစ်နေပါပြီ။ ရေငွေ့တွေစိမ့်ဝင်တာကိုခံနိုင်စွမ်းရှိမယ့်စမတ်ဖုန်းမျက်နှာပြင် တစ်ခုကို မြင်တွေ့ရဖို့ဆိုတာလက်ရှိအချိန်မှာမဖြစ်နိုင်သေးပါဘူး။အဲ့အတွက်အချိန် အနည်းငယ်လောက်စောင့်ရဦးမယ်လို့Corning ရဲ့တာဝန်ရှိသူတွေက ပြောကြား ထားပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့စမတ်ဖုန်းတွေရဲ့ မျက်နှာပြင်ကိုကာကွယ်ပေးမယ့်ဖန်သားအမှတ်တံဆိပ်တစ်ခုကို ပြန်လည် သတိရစေနိုင်ဖို့အတွက်Corning ကုမ္ပဏီရဲ့Gorilla Glass 5 ကိုမိတ်ဆက် လိုက်ပါပြီ။
Gorilla Glass ကိုတော့လက်ရှိစမတ်ဖုန်းနဲ့အီလက်ထရောနစ်ထုတ်လုပ်တဲ့ ကုမ္ပဏီအများစုကဖန်သားပြင်ကာကွယ်မှုတစ်ခုအနေနဲ့သုံးစွဲနေကြပါတယ်။ အဓိကသုံးစွဲနေတဲ့စက်မှုကုမ္ပဏီကြီးတွေကတော့Samsung, LG, HTC, Huawei တို့ဖြစ်ပြီးနောက်ပိုင်းမှာတော့ကုမ္ပဏီငယ်လေးတွေကအစထည့်သွင်း သုံးစွဲနေကြပါတယ်။Gorilla Glass ကို၂၀၀၇ခုနှစ်မှာစတင်ဖြန့်ဖြူးခဲ့ပြီး လက်ရှိ အချိန်မှာတော့အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်သူ (၄၀)ကျော်လောက် ကထုတ်ကုန်ပေါင်း(၁၈၀၀)မှာတပ်ဆင်သုံးစွဲနေကြပါပြီ။၂၀၀၇ခုနှစ် စတင် ထွက်ရှိချိန်ထဲကဆိုရင်တော့စုစုပေါင်းထုတ်ကုန်ပေါင်း(၄.၅)ဘီလီယံကျော် လောက်မှာအသုံးပြုနေကြပါပြီ။ ဒါကြောင့်ဒီနေ့မှာအရည်အသွေးမြင့်စမတ်ဖုန်းတစ်လုံးကိုဝယ်ယူလိုက်တယ်ဆိုရင်သူ့တို့မှာတပ်ဆင်ပေး ထားတဲ့ဖန်သားဟာ Gorilla Glass ပဲဖြစ်နေပါလိမ့်မယ်။စတင်ထုတ်လုပ်တဲ့ ၂၀၀၇ကစလို့ နှစ်စဉ် နှစ်တိုင်းပိုကောင်းပြီး၊ပိုမာကျောတဲ့ဒီဇိုင်းနဲ့ဖန်သားတွေကိုCorning အနေနဲ့ ထုတ်လုပ်ပေးခဲ့ပါတယ်။Gorilla Glass 3 ကတော့ပကတိထိခိုက်မှုတွေကို ကာကွယ်နိုင်စွမ်းရှိမယ်ဆိုတဲ့အတိုင်းနေ့ရက်တိုင်းသင်တို့ရဲ့အိတ်ကပ်ထဲမှာဖုန်းနဲ့ကားသော့ကိုအတူတွဲထား ရင်တောင်ဘယ်လိုအစင်းရာမျိုးမှမဖြစ်စေဖို့ အတွက်ကူညီပေးခဲ့ပါပြီ။သို့ပေမယ့်လည်းပဲလူသားတွေအတွက်နေ့စဉ် တွေ့နေရတာကတော့Glass 3 ဟာပြုတ်ကျသွားတဲ့အချိန်မှာကွဲလွယ်တာပါပဲ။
Glass 4 ရောက်တဲ့အချိန်မှာတော့နောက်ဆုံးပေါ်စမတ်ဖုန်းတွေရဲ့နံပါတ်တစ် ရန်သူလို့သတ်မှတ်နိုင်တဲ့ရုတ်တရက်လွတ်ကျသွားတဲ့အချိန်မှန်ကွဲသွားတဲ့ ပြဿနာကိုCorning အနေနဲ့ဖြေရှင်းပေးလိုက်ပါတယ်။Corning ရဲ့ပြောကြား ချက်တွေအရသူတို့ရဲ့တီထွင်ဖန်တီးသူတွေဟာရာနဲ့ချီပြီးကျကွဲသွားတဲ့Device တွေနဲ့အစိတ်စိတ်အမွှာမွှာ ကွဲကျေသွားတဲ့Screen တွေကိုအသေးစိတ် လေ့လာ ပြီးတော့ပိုမိုတိုးတက်ကောင်းမွန်တဲ့မျိုးဆက်သစ်ဖန်သားကိုထုတ်လုပ်ခဲ့တယ်လို့ဆိုပါတယ်။တီထွင်ဖန်တီး သူတွေအနေနဲ့ဘာကိုရှာတွေခဲ့လဲဆိုရင်သုံးစွဲသူ တွေကိုဘယ်လောက်ထိအံ့သြသွားစေတယ်ဆိုတာပါပဲ။ စမတ်ဖုန်းတွေဟာ မာကျောကြမ်းတမ်းတဲ့ဘိလပ်မြေမျက်နှာပြင်တွေထက်ပိုမိုမာကျောဖို့လိုအပ် တယ်ဆိုတာပါပဲ။ဖန်သားပြင်တွေအနေနဲ့နိုင်လွန်ကတ္တရာလမ်းတွေပေါ်ပြုတ်ကျလို့ထွက်လာတဲ့အသံဟာ အလွန်ကိုစိတ်မသက်သာဖွယ်ရာကောင်းလှပါ တယ်။ဖုန်းတွေဟာမကြာခဏဆိုသလိုပြုတ်ကျသွားတဲ့အခါမှာမထိမရှဘဲ အကောင်းပဲကျန်ခဲ့တယ်ဆိုတာရှားလှပါတယ်။သို့ပေမယ့်လည်း ပြုတ်ကျတဲ့ မြေပြင်အနေအထားပေါ်မူတည် ပြီးတော့ပကတိအတိုင်းပြန်ရတယ်ဆိုတဲ့ မတူညီသောအကြောင်းအရာတွေလည်းရှိနေပါတယ်။ဇူလိုင်(၂၀)ရက်နေ့ မှာမိတ်ဆက်သွားတဲ့ပွဲနဲ့ပတ်သက်ပြီးCorning ရဲ့တရားဝင်ထုတ်ပြန်ချက် မှာတော့မျိုးဆက်သစ်ဖန်သားပြင်ဟာပြိုင်ဘက်ဖန်သားဒီဇိုင်းတွေထက် (၄)ဆပိုမိုမာကျောကြံ့ခိုင်သွားမယ်လို့ဆိုပါတယ်။Corning ရဲ့ကွင်းဆင်း လေ့လာ စမ်းသပ်ချက်တွေအရ (၈၅)ရာခိုင်နှုန်းသောစမတ်ဖုန်းပိုင်ရှင် တွေဟာ တစ်နှစ် အတွင်းဖုန်းမှာတစ်ကြိမ်လောက်ပြုတ်ကျလေ့ရှိပြီး၊ (၅၅)ရာခိုင်နှုန်းကတော့
(၃)ကြိမ်လောက်ပြုတ်ကျလေ့ရှိတယ်လို့ဆိုပါတယ်။ပိုမိုတိကျစွာ ပြောရ မယ်ဆိုရင်တော့ (၆၀)ရာခိုင်နှုန်းသောစမတ်ဖုန်းပိုင်ဆိုင်သူတွေကတော့ သူ့တို့ရဲ့ဖုန်းတွေကိုပုခုံးနဲ့ခါးအထက်ပိုင်းနေရာကြားကနေလွတ်ကျလေ့ရှိတယ်လို့ဆိုပါတယ်။
ကုမ္ပဏီအနေနဲ့မော်တော်ကားဈေးကွက်အတွင်းမှာဆိုရင်Ford GT sport car တွေမှာသုံးစွဲလာဖို့များပါတယ်။အခုထုတ်လုပ်လိုက်တဲ့မျိုးဆက်သစ် ဖန်သား ဟာ သူ့အရင်ထွက်ခဲ့တဲ့Glass 4 ထက်စာရင် (၄)ဆပိုမိုမာကျောပါလိမ့်မယ်။ လက်ရှိအချိန်မှာစမတ်ဖုန်းအများစုဟာ ဈေးကွက်အတွင်းမှာဝင်ရောက် လာပြီးသား ဖြစ်နေတာကြောင့်apple တစ်ခုပဲကျန်ပါသေးတယ်။ Macrumor ရဲ့ထုတ်ပြန်ထားတဲ့သတင်းတွေအရတော့အသစ်ထွက်iPhone တွေမှာ အသုံးပြုလာနိုင်တယ်လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုရင်apple ဟာ အခြား ထုတ်လုပ်သူတွေထက်စာရင်corning နဲ့ကာလရှည်လက်တွဲလာတာကြောင့် လည်းဖြစ်ပါတယ်။၂၀၀၇ခုနှစ်ကစလို့အခုအချိန်ထိဆိုရင်စမတ်ဖုန်းတွေရဲ့
(၇၅)ရာခိုင်နှုန်းလောက်မှာgorilla glass ကိုတွေ့နေရပါတယ်။ဒါဟာ ဘာကြောင့်လဲ ဆိုရင်တဖြည်းဖြည်းတိုးတက်လာခဲ့တဲ့နည်းပညာအခြေအနေ ကြောင့်ဖုန်းတွေမှာလိုအပ်တာထက်ပိုတဲ့ လုပ်ဆောင်ချက်တွေကိုအသုံးချလာ ကြပါတယ်။ဖုန်းတွေရဲ့လုပ်ဆောင်ချက်တွေဟာဖျော်ဖြေရေးဘက်ကိုဦးစား ပေးလာတာကြောင့်လို့ပြောရင် ပိုမှန်နိုင်ပါတယ်။Glass 5ရဲ့ကောင်းမွန်မှုတွေ ကိုအခုအချိန်မှာလက်ခံနိုင်ဦးမှာမဟုတ်ပေမယ့်သူ့ကိုသုံးထားတဲ့ပစ္စည်းတွေ ဈေးကွက်ထဲကိုဝင်လာမှသာသိရှိ လိမ့်မယ်လို့ဆိုပါတယ်။စမတ်ဖုန်းရုတ်တရက် ပြုတ်ကျလို့ကွဲကြေသွားတဲ့အခါမှာ ဖြစ်ပေါ်လာမယ့်စိတ်ခံစားမှု မျိုးတွေကို လုံးဝမေ့ဖျောက်ပစ်လိုက်ပါတော့။ဘာကြောင့်လဲဆိုရင်Glass 5 ဟာထိခိုက် ကွဲကြေမှုတွေမဖြစ်စေဖို့ ပြင်ဆင်မွမ်းမံထုတ်လုပ်ထားလို့ပါပဲ။
<Gorilla Glass 4>
သိပ္ပံပညာရှင်တွေရဲ့ဓာတ်ခွဲစမ်းသပ်ချက်တွေအရGorilla Glass 4ဟာအခြား ပြိုင်ဘက် ဖန်သားတွေထက်သာလွန်တဲ့အချက် (၃) ချက်ကိုရှာဖွေတွေ့ရှိခဲ့ပါ တယ်။အဲဒါတွေကတော့Gorilla Glass 4ဟာအခြားပြိုင်ဘက်ဖန်သား မျက်နှာပြင်တွေထက်၂ဆပိုမိုအကြမ်းခံနိုင်တယ်။၈၀ရာခိုင်နှုန်းပိုမိုတာရှည်ခံ နိုင်စွမ်းရှိတယ်။လွတ်ကျသွားတဲ့ အခါဖုန်းကွဲကြေသွားမှုကို၁၀၀% နီးပါး ကာကွယ်နိုင်စွမ်းရှိတာကြောင့်Soda-lime glass ဟာစီးပွားဖြစ်ထုတ်တဲ့device တွေမှာပိုမိုထိရောက်စွာသုံးစွဲလာနိုင်ပြီဆိုတာပါပဲ။ဒါဟာသူတို့အတွက် စမ်းသပ်ခန်းထဲမှာအချိန်ပေါင်းများစွာစမ်းသပ်ပြီးမှရရှိလာခဲ့တဲ့အဆုံးသတ်ရလဒ်ပဲဖြစ်ပါတယ်။အခြားပြိုင်ဘက် ဖန်သားမျက်နှာပြင်တွေနဲ့Gorilla Glass 4 ကိုယှဉ်ပြီး မြေပြင်အထက်၁မီတာအမြင့် (3.3feet) ကနေပစ်ချကြည့်တဲ့အခါမှာ ဖန်သားပြင်ကိုထိရောက်တဲ့အကျိုးသက်ရောက်မှုမရှိတာကြောင့်၈၀ရာခိုင်နှုန်းနီးပါးတာရှည်တဲ့အပြင်အရင် Gorilla Glass 3၊aluminosilicate glasses တို့ ထက်၂ဆပိုမိုမာကျောပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com