8/10/2016

♪ ဗီဒီယိုများကို ပန်းချီအဖြစ် ပြောင်းလဲပေးမယ့် Artisto ♫

2

သင့်ရဲ့ ဓါတ်ပုံများကို ပန်းချီအဖြစ် ပြောင်းလဲပေးတဲ့ Prisma ဟာ မကြာမီက ရေပန်းစား လူကြိုက်များလာပါတယ်။ အခုတော့ ဗီဒီယိုများကို ပန်းချီအဖြစ် ပြောင်းလဲပေးတဲ့ Artisto အမည်ရ App ပေါ်လာပါပြီ။

Artisto က ၁၀ စက္ကန့်ကြာ ဗီဒီယိုများကို ဖမ်းယူပေးပြီး Filters များစွာထဲမှ သင်နှစ်သက်တဲ့ တစ်ခုကို ရွေးချယ်နိုင်ပါတယ်။ ပြီးရင်တော့ ပန်းချီဆန်တဲ့ ဗီဒီယိုတစ်ခုကို သင်ရရှိနိုင်ပါပြီ။ Filters များထဲမှာ Blue Dream , The Fire , Neural Art စတာတွေ ပါဝင်ပါတယ်။ Artisto ဟာလည်း Prisma လိုပဲ လူကြိုက်များ ရေပန်းစားလျှက် ရှိပါတယ်။

ရုရှား အင်တာနက် ကုမ္ပဏီ Mail.ru က ဖန်တီးထားတာ ဖြစ်ပြီး Prisma ထက်စောစွာ ဗီဒီယိုကို ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ ဗီဒီယိုကို မကြာမီမှာ ထောက်ပံ့ပေးမယ်လို့ Prisma က ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

Artisto ( Android ) - https://play.google.com/store/apps/details…
Artisto ( iOS ) - https://itunes.apple.com/…/artisto-free-video…/id1137893020…


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com