1. FIFA 16
Sport/Strategy/Management ဂိမ်းအမျိုးအစား၊ ဘောလုံးဂိမ်မာတွေအတွက် နာမည်ကျော်ဖီဖာစီးရီးရဲ့ ဖန်တီးမှုအသစ်ပါ။ နိုင်ငံကျော်ဘောလုံးကွင်း (၇၈)ခု၊ Game Mode အသစ်၊ ပလေယာများစွာနဲ့ လိဂ်အစုံကစားနိုင်တဲ့အပြင် နိုင်ငံတကာအမျိုးသမီးပြိုင်ပွဲများပါ ကစားနိုင်မှာဖြစ်ပါတယ်။

2. Pro Evolution Soccer 2016 + PTE Patch 6.0
Sport/Strategy/Management ဂိမ်းအမျိုးအစား၊ ဘောလုံးဂိမ်မာတွေအတွက် နာမည်ကျော် PES ရဲ့လက်ရာသစ်ပါ။ San Siro, St. Jakob-Park, Old Trafford, Allianz Arena, Juventus အစရှိတဲ့ နာမည်ကျော်ဘောလုံးကွင်း (၁၆)ခုနဲ့ ပလေယာစုံပါဝင်ပြီး နိုင်ငံစုံဖိတ်ခေါ်ပြိုင်ပွဲတွေနဲ့ လိဂ်တွေအစုံကစားနိုင်မှာဖြစ်ပါတယ်။

3. Civil War II: The Bloody Road South
Simulation, Strategy ဂိမ်းအမျိုးအစား၊ အမေရိကန်ပြည်တွင်းစစ်ဂိမ်း Civil War II အတွက်ထွက်ရှိလာတဲ့ Expansion Pack ခွေဖြစ်ပါတယ်။ ဂတ်တင်စဘာ့ဂ်နဲ့ အတ္တလန္တာဆိုပြီး Battle Scenarios (၂)မျိုး၊ Annual Campaign (၁)မျိုး၊ Grand Campaigns (၃)မျိုး ထပ်မံပါဝင်လာတာတွေ့ရမှာပါ။

4. Batman: The Telltale Series Episode 1 – Realm of Shadows
Adventure ဂိမ်းအမျိုးအစား၊ အခန်းဆက်(၅)ခုနဲ့ပွဲထုတ်မယ့် Batman: The Telltale Series ရဲ့ပထမဆုံး Episode ပါ။ ဂေါ့သမ်မြို့တော်ခန်းမကနေ ကြောင်ပျိုမ ခိုးယူသွားတဲ့ Hard Drive ကိုပြန်လည်ရယူမယ့် လင်းနို့လူသားရဲ့စွန့်စားခန်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

5. SimCity 3000 Unlimited
Construction and management simulation ဂိမ်းအမျိုးအစား၊ ခေတ်သစ်မြို့တော် တည်ဆောက်ရေးဂိမ်းဖြစ်ပါတယ်။ အရှေ့/အနောက် ဘာလင် ပြန်လည်မွမ်းမံမြှင့်တင်မှုပုံစံ (၁၃)မျိုး၊ ကမ္ဘာ့သမိုင်းဝင်အထင်ကရနေရာ (၁၀၀)နီးပါး challenging scenarios (၁၃)မျိုး ပါဝင်မှာပါ။