8/22/2016

♪ အရည်အသွေးမြင့်မားတဲ့ - “Lenovo Vibe Shot” ♫


Lenovo Vibe Shot ၏ လုပ်နိုင်စွမ်းဖြင့် အမှတ်တရအချိန် တဒင်္ဂများစွာကို မလွတ်တမ်း မှတ်တမ်းတင်ပေးနိုင်မည် ဖြစ်သည်။ ဓာတ်ပုံကင်မရာတစ်လုံး ကဲ့သို့ တိကျကောင်းမွန် ပြတ်သားသော ဓာတ်ပုံများကို လျှပ်တစ်ပြက်အတွင်း ဖမ်းယူရိုက်ကူးနိုင်မည့် Shutter ခလုတ်ပါဝင်ပါသည်။

ဖုန်းတွင်အသင့်တွဲဖက် ပါဝင်သော Infrared auto-focusing (AF) နည်း ပညာသည်လည်း ပုံမှန် Smartphone ကင်မရာများတွင်ပါဝင်သော Autofocus များထက်နှစ်ဆ ကောင်းမွန်သော ဓာတ်ပုံဖမ်းယူ မှုများကို စွမ်းဆောင်ပေးနိုင်မည်ဖြစ်သလို tri-color LED Flash ဖြင့် သဘာဝနှင့်ထပ်တူကျသော ဓာတ်ပုံအရောင်အသွေး ကိုပါ ရယူပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။

ကင်မရာရိုက်ချိန်တွင် အကြောင်း အမျိုးမျိုးကြောင့် ဖုန်းအား လှုပ်ရှားမိ၍သော်လည်းကောင်း၊ ရိုက်ကူးနေသော အရာမှာ ရွှေ့လျားလျှင်သော်လည်းကောင်း ဓာတ်ပုံအရည်အသွေးေ၀၀ါးမှု များမရှိစေရန်အတွက် အကောင်းဆုံး စွမ်းဆောင်ပေးမည့် Optical Image Stabilization (OSI) နည်းပညာကိုပါ ထည့်သွင်းထားပါသည်။ Screen အား တစ်ချက် နှိပ်လိုက်ရုံဖြင့် ကင်မရာရိုက်ကူးမှုအား Auto Mode နှင့် Professional Mode (၂)မျိုးတွင် ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်ပါသည်။

သာမန်ဓာတ်ပုံရိုက်ကူးမှုများအတွက် ဖုန်းတွင် အသင့်ပါသော Smart နည်းပညာများ အသုံးပြု၍ ရိုက်ကူးနိုင်ရန် "Point & Shoot" လမ်းညွှန်ပါဝင် သော Auto Mode ကို ရွေးချယ်နိုင်သလို မိမိကိုယ်တိုင် ကင်မရာ၏ Aperture, Shutter Speed, ISO Setting နှင့် အခြားနည်းစနစ်များကို ကိုယ်တိုင် ထိန်းချုပ်၍ ရိုက်ကူးနိုင်ရန်အတွက် Professional Mode ကိုရွေးချယ်နိုင်ခြင်း ကြောင့် ဓာတ်ပုံရိုက်ကူးခြင်း ၀ါသနာပါဝင်သူများအတွက်ပါ ရွေးချယ်နိုင်သော Smartphone ဖြစ်ပါသည်။ ကမ္ဘာ့ပထမဦးဆုံး သော Panoramic Selfie ပါဝင် သော Smartphone ဖြစ်တဲ့အတွက်ကြောင့် လူအများဖြင့် Groupie ရိုက်ကူး လျှင် အလွယ်တကူရိုက်ကူးနိုင်ပါမယ်

<Specification>
Network - GSM/HSPA
Screen - 5 inches
Memory - 32 GB
Bluetooth - v4.1
CPU - Octa Core
OS - Android OS,v5.0.2
Contact - 09-73171214
Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com