8/22/2016

♪ “Developer Options အသုံးတွင်” ♫


Android ဖုန်းသုံးပြီဟုဆိုလျှင်မလွဲမသွေရင်ဆိုင်လာရသောအရာနှစ်ခုရှိသည်။ ယင်းတို့မှာ unknown source နှင့်Developer option တို့ဖြစ်သည်။ Android စနစ်ထဲသို့မတော်တရော် app များဝင်လာမည်ကို Google ကအလွန်စိုးရိမ် သည်။ Play Store မှ app မဟုတ်လျှင်စိတ်မချ။ထို့ကြောင့် unknown source ကိုပိတ်ထားခြင်းဖြစ်သည်။

သို့သော်ဖုန်းကုမ္ပဏီများ၊ Third party များမှ ထုတ်လုပ်ပြီး Play Store သို့မတင်သော app များလည်းရှိရာယင်းတို့ကို အသုံးပြုနိုင်ရန်နောက်ပိုင်းတွင်unknown source ကိုဖွင့်ပေးလာရပါသည်။ ဖုန်းဝယ်ကာစတွင်unknown source ကိုဖွင့်ပေးမထား။ထို့ကြောင့်Play store မှတိုက်ရိုက်မယူသောApkများကိုinstall လုပ်၍မရပါဟုချည်းပြောသည်။

Setting > Security > Unknown > source သို့ဝင်ပြီးအမှန်ခြစ်ပေါ်အောင် ထောက်ပေးလိုက်မှ ပြင်ပ Apk များတင်၍ရပါသည်။unknown source ထက်စာ လျှင်Developer Option ကပို၍လူသိနည်းသည်။ သူ့ကိုမသိ၍ဘာမှမဖြစ်ခြင်း ကလည်း အကြောင်းတစ်ခုဖြစ်မည်ဟုထင်သည်။

Android 4.4 လောက်ရောက် လာသည့်အခါ Developer Option ကိုအလွယ်တကူမမြင်ရအောင် ဖျောက်ထား လိုက်သေးသည်။ About phone ထဲဝင်ပြီးခုနှစ်ချက်တိတိဖိပါမှ Developer option ပေါ်လာသည်။ အဘယ်ကြောင့်ဤ Option ကိုဖျောက်ထားမှန်းမသိရ။ အံ့သြဖို့ပင်ကောင်းသေးတော့၏။ Developer Option ကအသုံးမ၀င်၍လား။ မဟုတ်ပါ။ အသုံးဝင်သောစွမ်းဆောင်ရည်အများအပြားရှိပါသည်။သာမန် အသုံးထက်ပိုသောAdvance Option အများအပြားရှိသည်ဟုဆိုချင်ပါသည်။

ထိုOption များကိုထိထိမိမိအသုံးချနိုင်ရန် Developer Options menu ကိုဦးစွာ ဖွင့်ရပါလိမ့်မည်။ Developer option ကိုဖွင့်ဖို့အတွက်စက်သွားပုံ Setting icon လေးကိုရှာပြီးဖွင့်ပါ။ ပြီးလျှင်အောက်ဘက်သို့ ဆင်းပြီး About phone ကိုရှာပါ။ ပြီးလျှင်ကလစ်နှိပ်ပြီးဖွင့်ပါ။ယင်းခေါင်းစဉ်အောက်၌ Build number ဟူသော နေရာကိုရှာပါ။Build number အကွက်ပေါ်တွင်လက်ဖြင့်ခုနှစ်ချက် တိတိဖိ လိုက်ပါ။Developer Options ကိုenable လုပ်ခြင်းဖြစ်ပါသည်။ ထိုအခါ You are now a developer ဟူသောစာသား ကို မြင်ရပါမည်။


Setting > Systems အောက်တွင်Developer Option ကိုသီးခြားခေါင်းစဉ်ဖြင့် မြင်တွေ့လာရပါ မည်။Developer တစ်ယောက်တစ်နည်းပြောရလျှင်Software ဖန်တီးရှင် တစ်ယောက်အနေဖြင့်Android OS ထဲမှာဘာတွေလုပ်နိုင်သနည်း။ပထမဆုံး လုပ်နိုင်သောအလုပ်မှာUSB debugging ဖြစ်သည်။Android ဖုန်းကို ကွန်ပျူတာ ဖြင့်ချိတ်ပြီးroot ဖောက်မည်။ Custom ROM သွင်းမည်။Unlock လုပ်မည်။ADB Command သုံးမည်ဆိုလျှင် USB debugging ကိုမလွဲ မသွေဖွင့်ထားရပါလိမ့်မည်။

သို့မှသာကွန်ပျူတာနှင့်ချိတ်ပြီး Android ဖုန်းဆိုင် ရာအလုပ်များလုပ်မည်ဆိုလျှင်အဆင်ပြေစွာလုပ်နိုင်ပါလိမ့်မည်။USB debugging ဖွင့်လိုက်မှသာကွန်ပျူတာနှင့်Android ဖုန်းပီပြင်စွာချိတ်ဆက်နိုင် မည်။ USB debugging ဖွင့်မထားဟုဆိုလျှင်Android ဖုန်းကို Root ဖောက်ပေး မည့် King Root လိုSoftware အလုပ်လုပ်နိုင်မည်မဟုတ်ပါ။ Android ဖုန်း နှင့်ကွန်ပျူတာကြားတွင်ချိတ်ဆက်မှုမပီပြင်သောကြောင့် ဖြစ် ပါသည်။

ဖုန်းနှင့်ကွန်ပျူတာကိုUSB ကြိုးဖြင့်ချိတ်ကာADB သုံးပြီး Android Phone အတွက် Local backup လုပ်မည်ဟုဆိုပါကDeveloper options ဖွင့်ထား မှုကြောင့်Password ဖန်တီးနိုင်ပါမည်။မိမိ၏backup အားကာကွယ်ရန် အတွက်Developer options ကိုသုံးပြီးdesktop backup password ကို ဖန်တီးနိုင်ခြင်းဖြစ်ပါသည်။ယင်းpassword ကမိမိ၏ backup အားencrypt လုပ်ပြီးသိမ်းဆည်းပေးမည် ဖြစ် သောကြောင့်အခြားသူများလွယ်ကူစွာဖွင့်လှစ် ခြင်းမှကာကွယ်နိုင်ပါလိမ့်မည်။


Developer Options ဖွင့်ထားခြင်း၏အခြား ကောင်းကျိုးတစ်ခုမှာ app တစ်ခုမှတစ်ခုသို့အကူးအပြောင်းသို့ မဟုတ် Screen တစ်ခုမှတစ်ခုအကူးအပြောင်းကြားတွင်ရှိသောanimation သို့မဟုတ် transition ကိုdisable လုပ်ပြီးအလုပ်လုပ်ပုံ မြန်ဆန်သွက်လက်လာစေရန် ဆောင်ရွက် နိုင်ခြင်းဖြစ်သည်။ ထို animation သို့မဟုတ် transition ကြောင့် အလုပ်လုပ်ရာတွင်အချိန်အတိုင်းအတာတစ်ခုအထိကြာသည်ကိုတွေ့ဖူးကြပါလိမ့်မည်။Windows animation scale option မှတစ်ဆင့်ယင်းanimation တို့၏speed ကိုအပြောင်းအလဲလုပ်ခြင်းသို့မဟုတ်လုံးလုံးလျားလျားdisable လုပ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

Animation၏speed အတိုးအဆုတ်ကိုလုပ်နိုင်မည်ကားမှန်သည်။ သို့သော် ယင်းသို့ ပြုလုပ်ခြင်းကဖုန်း၏ preformanceကိုထိခိုက်စေနိုင်သည်။ အကယ်၍ Android version အဟောင်းသုံးထားသောဖုန်းတစ်လုံးမိမိလက်ဝယ်တွင် ပိုင်ဆိုင်ထားပါကယင်းanimation တို့ကိုdisable လုပ်ပြီးဖုန်း၏ performance နှင့် speed ကို မြှင့်တင်နိုင်ပါသည်။ ဂိမ်းကစားသူတို့အတွက်လည်းDeveloper Options ကအသုံးတည့်သည်။


ဂိမ်းကစားခြင်းကိုစွဲလန်းမြတ်နိုးသူဖြစ်ပြီး Android ဖုန်းအမြင့်ဖြင့်ဂိမ်းများကိုကစားလေ့ရှိသည်ဟုဆိုလျှင်forced enable of MSAA Option ကိုရွေးချယ်ထားခြင်းဖြင့်3D ဂိမ်းများကိုပိုမိုမြန်ဆန်စွာကစား နိုင်ပါလိမ့်မည်။သို့သော်MSAA Option ကိုenable လုပ်ခြင်းသည်disable လုပ်ထားခြင်းထက်စာလျှင်ဘက်ထရီကိုပိုမိုမြန်ဆန်စွာအားကုန်စေပါသည်။

Developer Optionကိုဖွင့်ထားလျှင်ယင်းခေါင်းစဉ်အောက်ရှိ Don't keep activities ဟူသောခေါင်းစဉ်ကိုရွေးနိုင်သည်။ ယင်း option ကို enable လုပ်ထား ပါကAndroid ဖုန်းထဲတွင် မိမိလုပ်သမျှအလုပ်တို့သည်သက်ဆိုင်ရာ app ထဲမှ ထွက်လိုက်သည်နှင့်တစ်ပြိုင်တည်းပျောက်သွားပါမည်။ Cache ထဲတွင် သိမ်းဆည်းထားခြင်းမရှိသဖြင့်ဘက်ထရီစားခြင်းသက်သာစေပါသည်။ Developer Options ကိုဖွင့်လိုက်ခြင်းကြောင့်နောက်ထပ်ရရှိမည့်အကျိုး ကျေးဇူး တစ်ရပ်မှာဖုန်းထဲရှိCPU ၏အသုံးအစွဲကိုသိနိုင်ခြင်းဖြစ်သည်။

ထိုသို့သိနိုင်ရန် Developer options အောက်ရှိShow CPU usage ကိုenable လုပ်ထားရပါမည်။ ထိုအခါမိမိမည်သည့်app ကိုသုံးနေသည်ဖြစ်စေယင်း၏ အပေါ်နားဆီ၌ CPU နှင့်ပတ်သက်သော information ကိုလာပြပါမည်။ အကြောင်းမသိသော app တစ်ခုအားinstall လုပ်၍သုံးလိုပြီးယင်း၏အခြေ အနေကိုမျက်စိအောက်မှာထားကြည့်လိုသည်ဟုဆိုလျှင်အဆိုပါ Option ကို enable လုပ်ဖို့လိုနိုင်ပါသည်။


Developer Optionကိုဖွင့်ထားခြင်းကြောင့်GPS နှင့်ပတ်သက်ပြီးလှည့်ဖျားနိုင်သောMock Location Option ကိုသုံးနိုင် သည်။ယင်းOption ကိုenable လုပ်ထားမည်ဆိုလျှင်Play store သို့ဝင်ခွင့်မရ သောဒေသများသည်အတုပြုလုပ်ထားသော Location သုံးပြီးPlay Store သို့ ၀င်နိုင်သည်။Play Store မှapp များကိုသုံးနိုင်သည်။ ထို့ကြောင့် Developer Options ခေါင်းစဉ်အောက်ရှိ Allow mock Location ကိုတစ်ချက်နှိပ်ပြီး ဖွင့်ပေးထားရပါမည်။

ယင်း Option ကိုenable လုပ်လိုက်ခြင်းကြောင့်မိမိ အမှန်တကယ်ရှိသောနေရာကိုလှီးလွဲပြီး အခြားနေရာတစ်ခုသို့ရောက်နေသည်ဟု ထင်အောင်Android ဖုန်းအားလှည့်စားနိုင်ပါသည်။Developer Option အောက်ရှိVerify apps ကိုenable လုပ်ထားခြင်းအားဖြင့်မိမိ၏ ဖုန်းအား ဒုက္ခပေးမည့်app ၏ရန်မှအကာအကွယ်ပေးနိုင်ပါသည်။ယင်းSetting အား onထားမည်ဆိုပါကမိမိဖုန်းပေါ်တွင်install လုပ်သောapp တို့အားGoogle ကscan လုပ်ပြီးယင်းတို့အားinstall မလုပ်ရန်တားဆီးခြင်းသို့မဟုတ် ဖြစ်ပေါ် လာနိုင်သောအန္တရာယ်အားသတိပေးခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

နောက်ထပ်အသုံးတည့်သော Option တစ်ခုမှာStay awake ဖြစ်သည်။ Developer Options ခေါင်းစဉ်အောက်ရှိယင်း option အားenable လုပ်ထား မည်ဆိုပါကဖုန်းအားသွင်းနေစဉ်တွင်Sleep mode ထဲသို့ဝင်မသွားစေရန် အကာအကွယ်ပေးနိုင်ပါသည်။ Developer option အောက်တွင် အခြားသော စွမ်းဆောင်နိုင်ချက်များလည်းရှိပါသေးသည်။ သို့သော်နားမလည်ဘဲ enable မလုပ်သင့်ပါ။ ဖုန်း၏စွမ်းဆောင်ရည်ကိုထိခိုက်နိုင်သည်။ အကယ်၍အမှား အယွင်းလုပ်မိမည်စိုးလျှင်Developer option ခေါင်းစဉ်အောက်ရှိ ဆလိုက်တုံး အားoff အနေအထားသို့ပို့ပြီးပိတ်ထားနိုင်ပါသည်။

ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com