8/04/2016

♪ iPhone နဲ့ Apple Product တစ်ချို့ရဲ့ရှေ့စာလုံး “i” ရဲ့အဓိပ္ပါယ် ♫


Apple ထုတ်ကုန်များကို နာမည်ပေးခြင်းရဲ့ နောက်ကွယ်မှာ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများရှိနေပါတယ်။ Apple ရဲ့ Co-Founder ဖြစ်တဲ့ Steve Jobs ရဲ့ သမီးနာမည် Lisa ကို အစွဲပြုပြီး Lisa Computer ဆိုပြီး ထုတ်လုပ်ဖူးပါတယ်။ 1998 ခုနှစ်မှာ ပထမဆုံး “i” နဲ့ စတဲ့ နာမည်နဲ့ ထုတ်ကုန်ဖြစ်တဲ့ Computer ကို “Internet” ချိတ်ဆက်အသုံးပြုရန်ဆိုတဲ့ အဓိပ္ပါနဲ့ “Internet” စကားလုံးမှ “i” ကိုယူကာ iMac Computer ဆိုပြီး နာမည်ပေးခဲ့တယ်လို့ ယူဆ ရပါတယ်။



ထိုကြောင့် နောက်ပိုင်းမှာ “i” ဆိုတဲ့ စကားလုံးကို iPod, iPhone နဲ့ အခြား Apple က ထုတ်တဲ့ Hardware/Software တွေမှာ “Internet” ဆိုတဲ့အဓိပ္ပါယ်ကိုကြောင့် အသုံးပြုလာတယ်လို့ ထင်ရပါတယ်။



Apple ထုတ်ကုန်တွေနာမည်အရှေ့မှာ “i” စကားလုံးထည့်သွင်းခြင်းဟာ “Independent” လွတ်လပ်ခြင်း ဆိုတဲ့ စကားလုံးကို ကိုယ်စားပြုတယ်လို့လည်း အချို့က အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။

“ကျွန်တော်တို့က Customer များရဲ့ လိုအပ်ချက်အရ Internet သုံးလို့ရပြီး ရိုးရှင်း မြန်ဆန်တဲ့ Macintosh Computer တွေ ထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ‘i’ ဆိုတဲ့ စကားလုံးက ကျွန်တော်တို့အတွက် အခြားအဓိပ္ပါယ်များစွာရှိပါတယ်။ ကျွန်တော်တို့က Computer ထုတ်လုပ်တဲ့ Company တစ်ခုပါ။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်ဟာ Network ချိတ်ဆက်နိုင်ပြီး Education ပညာရေး အတွက် အဓိကထား ထုတ်လုပ်ထားပါတယ်။ သင်တို့ရဲ့ ညွှန်ကြားမှု (Instruction) အတိုင်း အကောင်းဆုံး လုပ်ဆောင်မယ့် Product တစ်ခုဖြစ်ပါတယ်။” ဟု Steve Jobs ဟာ 1998 ခုနှစ်မှာ ပထမဆုံး iMac မိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။
Apple ရဲ့ “i” စကားလုံး ထည့်သွင်းမှုဟာ “individual”, “instruct”, “inform” နဲ့ “inspire” တို့ကို ကိုယ်စားပြုတယ်လို့လည်း ထိုပွဲမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။



Apple ဟာ iMac, iPod, iPhone, iPad တွေကို တော့ “i” စကားလုံးနဲ့ နာမည်ပေးပြီး Apple TV နဲ့ Apple Watch တို့ကို နာမည်ပေးတဲ့အခါမှာတော့ ပြောင်းလဲသွားခဲ့ပါတယ်။ နောက်ထပ် ထွက်ပေါ်လာမယ့် Apple ထုတ်ကုန်အသစ်တွေကို ဘယ်လိုနာမည်ပေးမလဲဆိုတာကတော့ စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။

Nay Lin Aung (Myanmar Mobile App)




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com