သက်ရှည်ကျန်းမာရေးအတွက်နည်း မျိုးစုံဖြင့်ဆောင်ရွက်ခြင်းရှိလာပေမယ့် ရောဂါအသစ်အဆန်းများကနဂိုထက် စာလျှင်ပိုမိုပေါများလာခဲ့ပါသည်။ကူးစက်ပျံ့နှံ့မှုသည်လည်း ပြင်းထန်ပါသည်။ကမ္ဘာကြီးကရွာ ကြီးဖြစ်သွားသောကြောင့် တစ်နေရာမှာဖြစ်ပွားသည့်ရောဂါဆန်းမှာအခြားနိုင်ငံတစ်ခုကိုလျင်မြန်စွာပျံ့နှံ့နိုင် ပါသည်။နိုင်ငံတစ်နိုင်ငံ၏၀င်၊ထွက်ပေါက်ဖြစ်သောနယ်စပ်ဂိ တ်ပေါက်များ၊ လေဆိပ်များတွင် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးသော၊ ကိုယ်အပူချိန် စောင့်ကြည့်သောစက်များကိုတပ်ဆင်၍ ရောဂါများမပျံ့နှံ့အောင်တား ဆီး ကြပါသည်။အနေအထိုင်၊အသွားအလာ ကြောင့် ရောဂါများဖြစ်သလို အစားအသောက်ကြောင့်လည်းရောဂါ များဖြစ်ကြပါသည်။ထူးထူးဆန်း ဆန်း အစားအသောက်များစားသောက်၍ ဆေးရုံ၊ ဆေးခန်းရောက်ခြင်းမျိုးလည်း ရှိပါသည်။အချို့သောအစားအသော က်များမှာချက်ချင်းအန္တရာယ်မ ပေးဘဲ ကြာမှသာဒုက္ခဖြစ်ခြင်းပါ။သဘာ ၀နည်းဖြင့်စိုက်ပျိုးမွေးမြူသည့်အစား အသောက်များရှားပါးလာပြီး၊အာ ဟာရပြည့်ဝစွာမပါရှိခြင်းတို့ ကြောင့်ကင်ဆာကဲ့သို့သောရော ဂါများဖြစ်ပွားလာကြပါသည်။အသီးအနှံများ၊အသားငါးများ ဖွံ့ဖွံ့ဖြိုးဖြိုးဖြင့်အထွ က်ကောင်းစေဖို့ဓာတ်မြေသြဇာများအလွန်အကျွံသုံးရုံ သာမက၊စားသုံးရန်မသင့်သောအရာ များကိုပင်အစားအသောက်များတွ င် ထည့်သွင်းလာခဲ့ကြပါသည်။ ပြည်ပမှတင်သွင်းသောအစားအသော က်အချို့ သည် ရောဂါပိုဖြစ်စေနိုင်သောကြော င့်သက်ဆိုင်ရာမှစစ်ဆေးဖမ်းဆီး ဖျက်ဆီး ခြင်းပြုပါသည်။စားသုံးသူများဘက်မှလည်းအစားအသောက်နဲ့ပတ် သက်၍နဂိုထက်သတိပြုဆင်ခြင်လာ ကြပေမယ့်အများစုမှာ ရွေးချယ်စရာနည်းပါးသော ကြောင့် အဆင်ပြေသလိုဝယ်ယူ၊ချက်ပြုတ် စားသောက်ကြပါသည်။
ရေအရင်းအမြစ်နဲ့ပတ်သက်၍လည်း နေရာအချို့တွင်ပြဿနာနဲ့ရင်ဆိုင်နေကြရပါသည်။သန့်ရှင်းသောရေရရှိဖို့ခက်ခဲလာသောကြောင့် တွေ့သမျှ၊ရသမျှ ရေကိုသာသုံးစွဲကြရပါသည်။ ရေအရင်းအမြစ်များခန်း ခြောက်လာသလို၊ မြစ်ချောင်း အင်းအိုင်ကန်အတွ င်းရှိ ရေများညစ်ညမ်းလာသောကြောင့်လ ည်း လာမည့်နှစ်များတွင်ရေချိုအခ က်အခဲပိုမိုကြုံတွေ့နိုင်ြေ ကာင်းကျွမ်းကျင်ပညာရှင်များ ကခန့်မှန်းမှတ်ချက်ပြုထားကြ ပါသည်။ရေအရင်းအမြစ်နှင့်ပတ် သက် သောဆွေးနွေးပွဲများကိုလည်းကျင်းပကြရာနိုင်ငံ့ခေါင်းဆော င်များပင် တက်ရောက်ကြပါသည်။သတ္တုတူးဖော်မှုများ၊စက်ရုံ၊အလုပ်ရုံများ ပေါများစွာ တည်ဆောက်ခြင်းသည်အလုပ်အကိုင်အခွင့်အလမ်းအတွက် ကောင်းကျိုး ဖြစ်စေပေမယ့်စည်းကမ်းတကျဆော င်ရွက်ခြင်းမရှိပါကရေထု၊ လေထုကို ညစ်ညမ်းစေပါသည်။အချိန်မပြတ် ရှုရှိုက်ရသောလေသည်ပင်လတ်ဆတ် သန့်ရှင်းမှုနည်းပါးလာသောကြောင့်အချို့သောနိုင်ငံများတွ င် လေထုညစ်ညမ်း မှုကြောင့်ဖြစ်ပွားသောရောဂါများကိုခံစားကြရပါသည်။အထူးသြ ဖင့်အပြင်သို့သွားလာလှုပ်ရှားသည့်အခါမျက်နှာဖုံးများတပ် ၍သွားကြရပါသည်။စီးပွားရေး ဈေးကွက်မြင်သူအချို့ကတော့သ န့်ရှင်းသောလေကိုထုတ်ပိုးရောင်းချခြင်းပြု ကြပါသည်။ရောဂါဆန်းများကုသဖို့အတွက်နည်းပညာစနစ်များအာြး ပုရသလို၊နည်းပညာပစ္စည်းများနှင့်စနစ်များကြောင့်လည်းကျန်းမာရေးချို့ယွင်းမှုဖြစ်ကြပါသည်။လူတန်းစားမျိုးစုံသည်န ည်းပညာပစ္စည်းများကိုဝယ်ယူသုံးစွဲနိုင်သော ကြောင့်အချိန်အချို့ကိုနည်း ပညာကဏ္ဍအတွက်ဖဲ့ပေးလိုက်ရပါသည်။
အချို့သောသူများကတော့အအိပ်၊ အစားပျက်သည်အထိနည်းပညာစနစ်များကိုသုံးစွဲကြသောကြောင့် သေဆုံးသည်အထိဖြစ်ကြပါသည်။နည်းပညာပစ္စည်း များတွင်အာရုံစိုက်ရသောကြော င့်လည်းသွေးတိုးခြင်း၊ ခေါင်းမူးခြင်းများကို ခံစားကြရသလို၊ကျီးပေါင်းရော ဂါများလည်း ဖြစ်နိုင်ပါသည်။တို့ထိ မျက်နှာပြင် များကိုအာရုံစူးစိုက်ရသေြာေ ကာင့်လည်းမျက်စိရောဂါများခံ စားရနိုင်ပါသည်။
နည်းပညာစနစ်များ၊ပစ္စည်းများ သုံးသည့်အခါထောက်ပံ့ပေးသောလှိုင်းများနဲ့ ပတ်သက်၍လည်း ရောဂါများဖြစ်နိုင်ကြောင်းအ ချို့သောသူများက မှတ်ချက်ပြု ကြပါသည်။အချို့သူများကတော့အ ဆိုပါလှိုင်းများသည်အန္တရာယ်မ ဖြစ်စေနိုင် ကြောင်း ပြောဆိုကြပါသည်။ ဝေဖန်ငြင်းခုံမှုများ၊စိုးရိ မ်စရာအနေအထားများ ရှိပေမယ့်လည်းမည်သူမှထိုစနစ်များ၊ပစ္စည်းများကိုမပစ်ပယ် ကြပါဘူး။ညအိပ်သည့်အခါအိပ်ယာ အနီး(သို့)မိမိ၏ဘေးနားတွင်ထားရှိဖို့မသင့်ကြောင်းအကြံ ပေးခြင်း များရှိပေမယ့်လည်းအချို့သော သူများကတော့စမတ်ဖုန်းများကို နှိုးစက်အဖြစ်အသုံးပြုကြပါသည်။စမတ်ဖုန်းလှိုင်းရောင်ခြည် များနဲ့ပတ်သက်၍စမ်းသပ်ခြင်း ကို ဆောင်ရွက်နေကြရာအမေရိကန်မှအ ချို့သောကျွမ်းကျင် ပညာရှင်များကbrain tumors ဖြစ်ပွားမှုသည်စမတ်ဖုန်းလှိုင်းရောင်ခြည်နဲ့ ဆက်စပ်ကြောင်းမှတ်ချက်ပြုပါ သည်။တစ်ဖက်တွင်လည်းအဆိုပါလေ့ လာတွေ့ရှိမှုကိုသေချာအောင်ဆ က်လက်လုပ်ဆောင်ဖို့လိုကြောင်းအကြံပြုကြပါသည်။လွှင့်ထုတ် သောလှိုင်းရောင်ခြည်များသည် သေးငယ်သောကြောင့် နောက်ထပ် သောအလားအလာများအတွက် ဆက်လက်ေ လ့လာရန်လိုအပ်ကြောင်းအချို့ သောပညာရှင်များကမှတ်ချက်ပြု ကြပါသည်။Maryland တွင်အခြေပြုသော ကျန်းမာရေးအဖွဲ့အစည်းသည်လှို င်းရောင်ခြည်များနှင့် ကြွက်များစွာကို စမ်းသပ်မှုပြုခဲ့ပါသည်။၂နှစ် ကြာစမ်းသပ်မှုပြုခဲ့ခြင်းဖြစ်ပြီး၊ နေ့စဉ်၉နာရီကြာ နီးပါးလှိုင်းရောင်ခြည်များကိုထုတ်လွှင့်၍စမ်းသပ်မှုပြုခဲ့ ပါသည်။
ထိုအခါ၂ရာခိုင်နှုန်း၊၃ရာခို င်နှုန်းခန့်သောကြွက်ထီးများ တွင်tumors အခြေ အနေကိုတွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။ကြွက်မအများစုတွင်တော့ အဆိုပါအနေ အထားမျိုးမဖြစ်ပေါ်ပါဘူး။လှို င်းရောင်ခြည်ကို မြှင့်တင်စမ်းသပ်သည့်အခါ တွင်လည်းကြွက်များသည်ပိုမို ဆိုးရွားသောအနေအထားမျိုးကို မပြကြပါဘူး။ လှိုင်းနှုန်းကိုနှစ်ဆခန့်မြှ င့်တင်ခဲ့သော်လည်းကြက်များေ သဆုံးခြင်းမရှိခဲ့ပါဘူး။အဆိုပါရလဒ်သည်ကနဦးစမ်းသပ်ချက် ၏အဖြေသာဖြစ်ပြီး၊ နောက်ဆုံး အနေ အထားစမ်းသပ်ချက်မဟုတ်သောကြောင့်အတည်ပြု၍မရသေးပါဘူး။အဆိုပါကျန်းမာရေးဌာနမှအချို့သောပညာရှင်များကအဆိုပါစမ်းသပ် ချက်နဲ့ပတ်သက်၍ ဝေဖန်ကြပါသည်။“ဒီလေ့လာချက်ဟာအခြားသောစမ်းသပ်မှုများနဲ့ တူညီ မှုရှိပါတယ်။ ဖြစ်လာနိုင်သည့် ပြဿနာများအတွက်အရိပ်အမြွက်ြ ပသည့် သဘောမျိုးပါ”ဟုပညာရှင်တစ်ဦးဖြစ်သူJohn Bucher ကပြောပါသည်။ အဆိုပါစမ်းသပ်လေ့လာမှုသည်အစားအသောက်နှင့်ဆေးဝါးအဖွဲ့အစည်းနဲ့ ပတ်သက်သောNational Toxicology အစီအစဉ်၏အစိတ်အပိုင်းတစ်ခု ဖြစ်ပါ သည်။လှိုင်းရောင်ခြည်ကြောင့် ဖြစ်သော ရောဂါများနဲ့ပတ်သက်၍ လေ့လာ သည့်ခေါင်းစဉ်နဲ့အကျုံးဝင်ပါသည်။“အဆိုပါစမ်းသပ်မှုအစီအစ ဉ်ဟာ လှိုင်းရောင်ခြည်များကြောင့် ကင်ဆာဖြစ်နိုင်တယ်၊မဖြစ်နို င်ဘူးဆိုတာအတွက်လည်းအထောက်အ ကူဖြစ်စေနိုင်ပါတယ်”
ဟုAmerican Cancer Society မှchief medical officer ဖြစ်သူDr.Otis
Brawley က ပြောပါသည်။“အကယ်၍ ဖုန်းများကကင်ဆာဖြစ်စေနိုင် ခဲ့တယ်ဆိုရင်တောင်၊အခြားသော နေထိုင်မှုပုံစံ များကြောင့်ဖြစ်သည့်ကင်ဆာတွေကပိုများနိုင်ပါတယ်”ဟုသူကေ ပြာပါသေး သည်။
နိုင်ငံ၁၃နိုင်ငံမှလူပေါင်း ၁၃,၀၀၀ခန့်ကို
လေ့လာစမ်းစစ်မှုပြုထားသည့် သုတေသနတစ်ခုမှာတော့brain tumors
နဲ့ပတ်သက်၍မဖြစ်ပွားသလောက် နီးပါးရှိသည် (ရာခိုင်နှုန်းအနည်းငယ်ခန့်သာဖြစ်ပွားသည်)ဟူသော အဖြေ ထွက်ခဲ့ပါသည်။ဓလှိုင်းရောင်ြ ခည်များနဲ့ပတ်သက်သောကိစ္စသည် ကျွန်တော်တို့အတွက်အရေးကြီး သောကိစ္စတစ်ခုပါပဲ။အနီးဆုံးမှာရှိသောခေါင်းစဉ်ကြီးတစ်ခု ပါ”ဟုGeorge Washington UniversityမှGeorge Gray ကပြောပါသည်။ အချို့သောစမတ်ဖုန်းသုံးစွဲသူများကတော့ကြိုတင်ကာကွယ်မြှု ပုကြပါသည်။ တစ်နေ့လျှင်အချိန်အနည်းငယ်ခ န့်သာစမတ်ဖုန်းဖြင့်ဆက်သွယ် ပြောဆိုခြင်းပြု ကြပါသည်။ရှောင်လွဲဖို့ခက်သူ များကတော့နားကြပ်များကိုသုံးကြပါသည်။ နားကြပ်များသုံးခြင်းသည်အချို့သောအနေအထားများအတွက်များ စွာ ထောက်ပံ့ ပေးနိုင်ပါသည်။ကားမောင်းစဉ် လိုအပ်မှသာနားကြပ်ဖြင့်ဖုန်းကိုင် သင့်ပါသည်။နားကြပ်များတပ်၍လ မ်းကူးခြင်းလည်းမပြုလုပ်သင့် ပါဘူး။ညအိပ်သည့်အခါနားကြပ် တပ်၍ဖုန်းပြောခြင်း၊သီချင်း နားထောင်ခြင်းကိုလည်းဂရုပြု သင့်ပါသည်။အချို့သောသူများက တော့လက်ကိုင်ဖုန်းများကိုခါးတွင်ချိတ်ဆွဲ ခြင်း၊အိတ်ကပ်ထဲထည့်ခြင်းပြုကြပါသည်။ထိုအတွက်လည်းသတိပြုသင့်ပါ သည်။တာဝါတိုင်များနဲ့ပတ်သက် ၍လည်းစိုးရိမ်ကြသူများရှိပါ သည်။စမတ်ဖုန်း များနဲ့ဆက်စပ်ပတ်သက်သော နောက်ထပ်အန္တရာယ်တစ်ခုမှာ ဖုန်းအားသွင်း ခြင်းဖြစ်ပါသည်။အချို့သောသူ များသည်ဖုန်းအားသွင်းနေစဉ်မှာပင်ဖုန်းကို အသုံးပြုတတ်ကြပါသည်။အချို့ေ တွကတော့သတိလက်လွတ်ဖုန်းအားသွင်းမိ သောကြောင့်မီးလောင်ခြင်းပင် ဖြစ်ပွားကြပါသည်။
အခုနောက်ဆုံးပေါ်Pokemon Go ဂိမ်းကိုဆော့ခြင်းကြောင့်လည်း နိုင်ငံ အများစုတွင်အန္တရာယ်များဖြစ် ပွားနေကြပါသည်။ထို့ကြောင့်စ ည်းကမ်း ထုတ်ပြန်ချက်များ၊သတိပေးခြင်းများဆောင်ရွက်နေကြရပါသည်။ လူကြီးများ သာနည်းပညာပစ္စည်းများ၊စနစ်များ၏သားကောင်ဖြစ်လာခြင်းမဟုတ်ဘဲ ကလေးငယ်များပင်နည်းပညာပစ္စည်းများသုံးခြင်းကိုငယ်စဉ်ကတည်းကပင် စွဲလမ်းနေကြပါသည်။လူကြီးများအတွက်ဆုံးမစရာများပိုလာခဲ့ ပါသည်။ စမတ်ဖုန်းများကြောင့် ရောဂါဖြစ်နိုင်ခြေရှိသော်လည်း၊တစ်ဖက်တွင် စမတ်ဖုန်း များဖြင့်ကျန်းမာရေးစောင့်ေ ရှာက်မှုပြုနိုင်ပါသေးသည်။ကျ န်းမာရေးအတွက် ဆိုးကျိုးပေးနိုင်သည်ဟုယူဆရ သောစမတ်ဖုန်းများမှာကိစ္စအများစုအတွက် အကျိုးရှိခြင်း၊လိုသလိုသုံး စွဲနိုင်ခြင်းတို့ကြောင့်ပစ်ပယ်ဖို့မှာခက်ခဲသော၊မဖြစ်နိုင်သောအနေအထားဖြစ်ပါသည်။
ငြိမ်းချမ်းတိုး
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
ရေအရင်းအမြစ်နဲ့ပတ်သက်၍လည်း
အချို့သောသူများကတော့အအိပ်၊
နည်းပညာစနစ်များ၊ပစ္စည်းများ
ထိုအခါ၂ရာခိုင်နှုန်း၊၃ရာခို
နိုင်ငံ၁၃နိုင်ငံမှလူပေါင်း
အခုနောက်ဆုံးပေါ်Pokemon Go ဂိမ်းကိုဆော့ခြင်းကြောင့်လည
ငြိမ်းချမ်းတိုး
Mobile Guide Journal (Every Monday)
https://www.facebook.com/
www.pyaephyo.com