8/09/2016

♪ အမြင်အသစ်၊ စတင်မှု အသစ် – Huawei Y6II ♫

Huawei Y6II ab

Huawei က ပို၍ဈေးသက်သာပြီး ဒီဇိုင်းအသစ်နှင့် ဘက်စုံအသုံးပြုနိုင်သည့် Y6II အား မကြာသေးမီက မြန်မာနိုင်ငံသို့တင်သွင်းခဲ့သည်။ လွန်ခဲ့သော တစ်နှစ်ခန့်က စတင်ပြသခဲ့သည့် Y6 စတ်ဖုန်းကို ၎င်း၏ တစ်မူထူးခြားသော ဒီဇိုင်း၊ အင်္ဂါရပ်များနှင့် ဈေးသက်သာခြင်းကြောင့် စမတ်ဖုန်းအသုံးပြုသူများမှ ကြိုဆိုခဲ့ကြသည်။ Y6 ၏ မျိုးဆက်ဖြစ်သည့် Y6II သည်လည်း Y6 ကဲ့သို့ပင် လူကြိုက်များပါလိမ့်မည်။

အမြင်အသစ်၊ စတင်မှုအသစ်နှင့် ဒီဇိုင်းအသစ်
Huawei Y6II သည် Y6 နှင့်မတူညီသည့် ဒီဇိုင်းအသစ်နှင့်ဖြစ်ပါသည်။ ထို့ပြင် အနောက်ဘက်အဖုံးသည် ၎င်း၏ မျက်နှာပြင်ပေါ်တွင် အရောင်ပြန်စေသော စိန်သွားမျက်နှာပြင် ထိတွေ့မှုနှင့်ဖြစ်ပြီး အလွန်ထူးခြားသော ဒီဇိုင်းဖြစ်ကာ ကြွားလုံးထုတ်စရာကောင်းလောက်အောင် စိတ်ကြိုက်ပြုလုပ်ထားသည့် အကွေးများနှင့် လှပသည့် ဒီဇိုင်းဖြစ်ပြီး Classic 3D Burberry အထိအတွေ့နှင့် ဖြစ်ပါသည်။

မျက်နှာပြင်အား ၅.၅ လက်မအထိ တိုးချဲ့ထားပြီး ကျယ်ဝန်းသော မျက်နှာပြင်ဖြစ်ပါသည်။ 1280×720 ရှိသော ပုံရိပ် ပြတ်သားမှုသည် ရှင်းလင်းပြတ်သားမှုရှိပြီး ထိပ်တန်း ဒီဂျစ်တယ်မျက်နှာပြင်များကို ယှဉ်ပြိုင်နိုင်ကာ အသုံးပြုသူများအား တောက်ပသော အရောင်များနှင့် ဘ၀၏ မြူးကြွဖွယ်အရာများကြားတွင် နစ်မြုပ်စေပါသည်။ ကျယ်ပြန့်သော မျက်နှာပြင်၊ အံ့သြဖွယ်ကောင်းသော ဓာတ်ပုံရိုက်ခြင်းနှင့် အလွန်ကောင်းသော အတွေ့အကြုံများက စတိုင်လ်ကျသော အရည်အသွေးရရှိအောင် ထောက်ပံ့ပေး ပါသည်။ ဖုန်း၏ ဖန်သားပြင်အောက်တွင် ထွင်းထားသော CD လိုင်းများသည် လက်ထဲတွင် ဆုပ်ကိုင်ထားရသည်ကို သက်တောင့်သက်သာဖြစ်အောင် ပြုလုပ်ပေးပြီး ကွေးနေသော ပုံစံဒီဇိုင်းသည် လက်တစ်ဖက်ထဲဖြင့် အသုံးပြုလျှင် အဆင်ပြေစေအောင် ပြုလုပ်ပေးပါသည်။

 Y6II သည် အသုံးပြုသူများအား ပို၍ကြီးမားသော မျက်နှာပြင်နှင့် ပို၍ကျယ်ပြန့်သော ကမ္ဘာကြီးကို အံ့သြဖွယ်ကောင်းသော ဓာတ်ပုံရိုက်ခြင်းနှင့် အလွန်ကောင်းသော အတွေ့အကြုံများ ဆောင်ကျဉ်းပေး ပါသည်။ 64 bit A53 Architecture octa-core processor နှင့်ဖြစ်ပြီး ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်များအတွက် Android 6.0 OS ကို အသုံးပြုထားသည့် Y6II အား ခေတ်ဆန်သော ဒီဇိုင်းနှင့် နက်နဲသော ပြောင်းလဲမှုများက မီးမှောင်းထိုးပြထားပါတယ်။ တာရှည်ခံပြီး ဖောက်ထွင်းမြင်ရသည့် GFF ပလပ်စတစ်အလွှာက ကြာရှည်ခံသော မျက်နှာပြင် တောက်ပမှုရှိသည်ကို သေချာစေရန်နှင့် မျက်နှာပြင်တွင် ခြစ်ရာများမရှိအောင် ကာကွယ်ပေးပါသည်။

ထူးခြားသော စွမ်းဆောင်ရည်များ – စွမ်းအား ပိုမိုပါဝင်ခြင်း
Y6II အား ထူးခြားကောင်းမွန်စေသည့်အရာ သည်ဒီဇိုင်းတစ်ခုတည်းတင်မဟုတ်ပါ။ Huawei Y6II အား အကောင်းဆုံး စွမ်းဆောင်ရည်များ ရရှိစေရန်အတွက် ပို၍အားကောင်းသော processor တပ်ဆင်ထားပါသည်။ Y6II အား မောင်းနှင်သည့် အင်ဂျင်မှာ 64bit A53 Octa-core processor နှင့် ဖြစ်သော Kirin 620 ဖြစ်သည်။ Y6II သည် ယခင် Y6 ၏ Snapdragon 210 အား တိုးမြှင့်ထားသည့် frequency 1.2GHz နှင့်ဖြစ်ပြီး 2GB DDR3, 16GB eMMc memory ရှိသည့်အတွက် ပို၍ကောင်းမွန်သော စွမ်းဆောင်ရည် ရရှိမည်ဟု အာမခံထားပါသည်။ သိပ်သည်းဆများသည့် 3000mAh ဘက်ထရီသည်လည်း Huawei ၏ မူပိုင် စွမ်းအင်ချွေတာသည့် နည်းပညာဖြင့် ၃၀% ပိုမိုကောင်းမွန်သော ပါဝါ စွမ်းဆောင်ရည် ရရှိမည်ဟု အာမခံထားပါသည်။ 

Y6II ၏ Kirin 620၊ Octa-core 1.2GHz processor သည် သင့်အား အရာအားလုံး အသုံးပြုနိုင်အောင် ပြုလုပ်ပေးပါလိမ့်မည်။ လျှပ်စီးတမျှ မြန်သည့် 64-bit Octa-core သည် အမြန်နှုန်း၊ ပါဝါ သို့မဟုတ် စွမ်းဆောင်ရည်တစ်ခုမျှ လျော့ကျခြင်းမရှိပဲ များစွာသော Application များကို တစ်ပြိုင်နက်တည်း ဖွင့်လို့ရအောင် ပြုလုပ်ပေးနိုင်ပါသည်။ ထို့ပြင် ARM architecture သည်လည်း ဘက်ထရီသက်တမ်း ပိုမိုကြာစေနိုင်လောက်အောင် အလွန် စွမ်းဆောင်ရည် မြင့်မားပါသည်။ RAM 2GB , 16GB ROM နှင့် 128GB SD card ထပ်မံထည့်သွင်းနိုင်ခြင်းသည် သင့်အား နေရာလွတ်ပိုမိုရရှိစေကာ ပါဝါစား ပိုမိုသက်သာစေပြီး သင်အသုံးပြုခဲ့ဖူးသော ဖုန်းများထက် ပို၍ မြန်ဆန်ကာ ကြာရှည်စွာ အသုံးပြုစေနိုင်ပါသည်။

အဆင့်မြင့်ဒီဇိုင်း – လိုချင်စရာကောင်းသော ပုံစံဖြစ်နေခြင်း
Huawei Y6II သည် အဆင့်မြင့် လက်မှုအနုပညာဖြင့် ပြုလုပ်ထားသည့် အံ့သြမင်သက်စရာကောင်းသော ဟန်းဆက်တစ်လုံးဖြစ်သည်။ လက်တစ်ဖက်တည်း အသုံးပြုနိုင်ရန်အတွက် အဆင့်မြှင့် ပြုလုပ်ထားသည့် ဤဖုန်းသည် အကွေးပုံစံဖြင့်ဖန်တီးထားပြီး ညင်သာသော အထိအတွေ့နှင့် ချစ်စရာငယ်ရွယ်နုပျိုမှုအသွင်ကို ပေးစွမ်းပါသည်။ 5.5 လက်မ Huawei Y6II ၏ လုံးဝန်းသော အကွေးများသည် လက်တစ်ဖက်တည်းဖြင့် လွယ်ကူစွာအသုံးပြုနိုင်စေရန် ပြုလုပ်ထားပြီး အကောင်းဆုံး မျက်နှာပြင်အရွယ်အစား၊ အကောင်းဆုံး ဒီဇိုင်းနှင့် အကောင်းဆုံး သက်တောင့်သက်သာ ဖြစ်မှုတို့ကို ပေးပါသည်။

အံ့သြဖွယ် ကင်မရာ – ပိုမို ပျော်ရွှင်စွာဖြင့် ပိုမိုကြီးမားတဲ့ ကမ္ဘာကြီးကို လေ့လာကြည့်ရှုလိုက်ပါ
Huawei Y6II တွင် 13MP ပင်မ ကင်မရာ နှင့် 8MP ရှေ့ဘက်ကင်မရာတို့နှင့်အတူ f/2.0 lens ပါရှိပြီး Gorilla ကင်မရာ မှန်ဘီလူးများဖြင့် အပြည့်အဝ ဖန်တီးထုတ်လုပ်ပေးထားပါသည်။ ရှေ့ဘက်နှင့် နောက်ဘက်ကင်မရာ နှစ်မျိုးလုံးအတွက် F2.0 အလင်းပေါက်က 28mm ထောင့်ကျယ်၊ 7cm မိုက်ခရိုမြင်ကွင်းနှင့် မြင်ကွင်းကျယ်များကို ပံ့ပိုးပေးသည့်အပြင် ရှေ့ဘက်ကင်မရာမှလည်း ပြီးပြည့်စုံသည့် ဆဲလ်ဖီရုပ်ပုံများကို ပံ့ပိုးပေးနိုင်ပါသည်။ F2.0 အလင်းပေါက်သည် ဓာတ်ပုံ ရိုက်ကူးရာတွင် ပိုမိုအဆင်ပြေချောမွေ့စွာ ဖန်တီးပေးပြီး ပိုမိုကောင်းမွန်သော ရုပ်ပုံများအတွက် ပိုမိုလင်းထင်းစွာ ရိုက်ကူးပေးနိုင်ရန် ကူညီပေးနိုင်ပါသေးသည်။

 ထောင့်ကျယ်၊ 2.0 အလင်းပေါက် နှင့် 28mm မှန်ဘီလူးကို အစင်းရာဒဏ်ခံနိုင်သည့် မှန်ဖြင့် ပြုလုပ်ပေးထားပါသည်။ 8MP ကင်မရာပါရှိသည့် Y6II သည် Huawei ၏ အကြီးဆုံး ရှေ့ဘက်ကင်မရာဖြစ်ပါသည်။ 2.0 အလင်းပေါက်က ကြီးမားပြီး ၇၇ ဒီဂရီနှုန်းထားဖြင့် သုံးစွဲသူများအား မြင်ကွင်းကျယ် ဆဲလ်ဖီကို ရိုက်ယူနိုင်ရန် ပထမဆုံးအကြိမ် ခွင့်ပြုပေးထားပါသည်။ ထို့ပြင် Built in ပါဝင်သော Professional၊ Panorama နှင့် Super night mode တို့က သင့်ဓါတ်ပုံများကို ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာမှ ရိုက်ထားသည့်အလား ထင်ဟပ်စေနိုင်မည် ဖြစ်ပါသည်။

အလိုအလျောက် မျက်နှာပြင် အလှအပမြှင့်တင်မှုနှင့် မိတ်ကပ်အနေအထား – Y6IIတွင် ပါရှိသည့် Huawei ၏ 10 level Beauty Mode ပါဝင်ပြီး မျက်နှာပြင် အလှအပမြင့်တင်မှုဖြင့် သင့်၏ အကောင်းဆုံး မျက်နှာပြင်ကို အမြဲတမ်း ရိုက်ယူနိုင်မည်ဖြစ်ပါသည်။ ၁၀ မီလီစက္ကန့် မျက်နှာ အသိအမှတ်ပြုမှုက လက်တွေ့တွင် လှပမှုများကို ဖန်တီးပေးသည့်အပြင် အုပ်စုလိုက်ရိုက်ကူးသည့် ပုံများအပြင် ကိုယ်ပိုင်ပုံများကိုပါ လှပအောင် မြှင့်တင်ဆောင်ရွက်ပေးနိုင်ပါသည်။ Y6II တွင် ကြိုတင်ထည့်သွင်းပေးထားသော အလှအပရေးရာ ၈မျိုးနှင့် စိတ်ကြိုက်ရွေးချယ်နိုင်သည့် ရွေးချယ်မှုများ ပါရှိပြီး သဘာဝ ဖန်တီးပြုလုပ်ချက်များနှင့် နှုတ်ခမ်းအရောင်တင်ခြင်းနှင့် အိုင်းရှဲဒိုးများစသည်တို့ အပါအဝင် အရောင်တင်နိုင်သည့် ဖန်တီးမှုများပါ ပါရှိပါသည်။

EMUI 4.1 အကောင်းဆုံး အသုံးပြုထားမှု
Huawei Y6II သည် စွမ်းအင်သုံးစွဲမှု ကာကွယ်ရေးအတွက် Huawei ၏ ပြိုင်ဘက်ကင်းပြီး မူပိုင်တီထွင်ထားသည့် နည်းပညာကို ပံ့ပိုးပေးထားပါသည်။ နောက်ခံဆော့ဖ်ဝဲသည် ပုံမှန်မဟုတ်သည့် စွမ်းအင်သုံးစွဲမှုများကဲ့သို့သော ပါဝါအလွန်စားသည့် application များကို စောင့်ကြည့်စစ်ဆေးကာ ချက်ချင်းရှာဖွေပေးပြီး ဘက်ထရီ သက်တမ်းကို  ပိုရှည်အောင် လုပ်ဆောင်ပေးပါသည်။ Android 6.0 အခြေခံထားသည့် Y6II သည် EMUI4.1 လုပ်ဆောင်ချက်စနစ်ကို အသုံးပြုထားပြီး သုံးစွဲသူများအနေဖြင့် ရင်သပ်ရှုမောဖွယ် အတွေ့အကြုံကို ရရှိစေမည့် နောက်ဆုံးပေါ် ဆော့ဖ်ဝဲများကိုလည်း အသုံးပြုထားပါသည်။ 

ထည့်သွင်းပေးထားသည့် ဖုန်းမန်နေဂျာသည်လည်း ဘက်ထရီသက်တမ်း ပိုမို ရှည်ကြာစေရန်အတွက် ပါဝါသုံးစွဲမှုကို စောင့်ကြည့်စစ်ဆေးပေးပြီး App Lock နှင့် Do Not Disturb လုပ်ဆောင်ချက်များက သုံးစွဲသူ၏ ကိုယ်ရေးအချက်အလက်များကို ကာကွယ်ပေးသကဲ့သို့ ဖုန်း O.S ကိုလည်း ရှင်းလင်းပေးကာ ကောင်းစွာ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးပါသည်။

မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်ရှိ ဖုန်းဆိုင်များတွင်Huawei Y6II ကို ၁၆၉,၀၀၀ ကျပ်ဖြင့် ရွှေရောင်၊ အဖြူရောင်၊ အနက်ရောင်တို့မှ ကြိုက်နှစ်သက်ရာအရောင်ကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

Specifications of Huawei Y6II
Size 154.3×77.1×8.45mm
Weight 168 g
Processor Kirin 620 64 bit A53 octa-core processor, 8×1.2GHz
Display 5.5” IPS HD touch display (1280×720)
Memory 2GB RAM; 16GB ROM, expandable memory with microSD card, up to 128GB
Connectivity Bluetooth 4.0 with A2DP, EDR, BLE, Wi-Fi 802.11b/g/n, supports Wi-Fi hotspot, Wi-Fi direct, Micro-USB v2.0
Sensors Proximity sensor, Compass, Accelerometer, Ambient light sensor
Camera Primary – 13MP AF camera with F2.0 aperture, Secondary – 8MP FF camera with F2.0 aperture
Operating System Android OS, v6.0 (Marshmallow), EMUI 4.1
Battery 3000mAh Lithium Polymer battery
Color Black/White/Gold/ *The product color may vary in different countries and areas.



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com