8/09/2016

♪ Samsung မှ နောက်ဆုံးပေါ် စမတ်ဖုန်းသစ် Galaxy Note 7 အား စတင်မိတ်ဆက်ပြသ ♫

Galaxy Note7

Galaxy Note7 သည် သုံးစွဲသူများ၏ လုပ်ငန်းဆောင်တာများအား အောင်မြင်ပြီးမြောက် စေရုံသာမက ပိုမိုစွမ်းဆောင်နိုင်စေရန် အဆင့်မြှင့်တင်ထားသော S Pen စွမ်းဆောင်ရည်များ နှင့် အကောင်းမွန်ဆုံးသော လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များနှင့်အတူ ပေါင်းစပ်ဖန်တီးထား

ရန်ကုန်၊ မြန်မာ – သြဂုတ်လ ၃ ရက်၊ ၂၁၀၆ – Samsung Electronics Co., Ltd မှ မျက်နှာပြင်ကြီး စမတ်ဖုန်းများအတွက် စံနှုန်းသစ်များ အား ဖန်တီးပေးနိုင်သော ဆန်းသစ်တီထွင်ထားသည့် လုပ်ဆောင်ချက်များ နှင့်အတူ ကုမ္ပဏီ၏ အမျိုးအစား သတ်မှတ်ချက်များ၏ ဦးဆောင်မှုများအား ဆက်လက် တည်ဆောက်သွား၍ Galaxy Note 7အား မိတ်ဆက်ပြသခြင်းဖြင့် စမတ်ဖုန်းဈေးကွက်အား ဆက်လက်တိုးချဲ့သွားမည်ဖြစ်သည်။ မွမ်းမံပြင်ဆင်ထားသော သေသပ်လှပသော လက်မှုပညာ၊ အရည်အသွေးမြင့် ပစ္စည်းများနှင့် ထူးခြားဆန်းသစ်၍ အချိုးညီ၍လှပပြေပြစ်သော မျက်နှာပြင်ကွေးဒီဇိုင်း တို့နှင့်အတူ Galaxy Note 7 တွင်
  • ရေစိုခံသည့် ကိုယ်ထည် နှင့် S Pen (IP68)
  • အသစ်တီထွင်ဖန်တီးထားသော မျက်လုံးဖြင့် scan ဖတ်၍ ဖုန်းလော့ခ်ဖွင့်နိုင်သည့် လုပ်ဆောင်ချက်သစ် နှင့်အတူ Samsung Knox နှင့်ပေါင်းစပ်ထားသော အဆင့်မြင့် လုံခြုံရေးစနစ်
  • စွဲမက်နစ်မြောဖွယ်ရာ HDR video ကြည့်ရှုထုတ်လွှင့်မှု စွမ်းဆောင်ချက်များနှင့်အတူ ဖျော်ဖြေရေးဆိုင်ရာ လုပ်ဆောင်ချက်များ တို့အား အထူးထည့်သွင်းဖန်တီးထားသည်။
“Galaxy Note 7 ကို ကုန်ထုတ်စွမ်းအား၊ ဖျော်ဖြေရေး နှင့် အဆင့်မြင့်လုံခြုံရေးစနစ် လုပ်ဆောင်ချက်တွေနဲ့ ပေါင်းစပ်ဖန်တီးထားပါတယ်။ အားကောင်းတဲ့ဂေဟစနစ်ကို အားဖြည့်ရင်း လူနေမှုဘဝမှာ ပိုမိုကောင်းမွန်တဲ့အရာတွေကို ရရှိပိုင်ဆိုင်နိုင်သူတွေအတွက် အသင့်တော်ဆုံး ထုတ်ကုန်ဖြစ်ပါတယ်” ဟု Samsung Electronics ၏ President of Mobile Communications Business DJ Koh မှပြောကြားခဲ့သည်။ “ဘဝရဲ့ ရွေ့လျားမှုတွေဆိုတာ ထင်ထားတာထက် ပိုမြန်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ကလည်း Galaxy Note7 ကို သုံးစွဲသူများ၏ လုပ်ငန်းဆောင်တာတွေကို နေရာမရွေး၊ အချိန်မရွေး ပိုမိုလွယ်ကူစွာပြီးမြောက်နိုင်စေရန်အကူအညီပေးခြင်းဖြင့် သုံးစွဲသူများနှင့်အတူ ရွေ့လျားဖို့အတွက် ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်” ဟု DJ Koh မှ ဖြည့်စွက်ပြောကြားခဲ့သည်။
စိတ်ကူးစိတ်သန်းများကို လူနေမှုဘဝတွင် လွယ်ကူမြန်ဆန်စွာ လက်တွေ့ အကောင်အထည်ဖော်ပေးနိုင်သော Galaxy Note 7 S Pen
အဆင့်မြှင့်တင်ထားသော Galaxy Note 7 S Pen သည် စာရေးကိရိယာတစ်ခုထက် သာလွန်သည့် သုံးစွဲသူများ၏ အလုပ်များကို ပိုမိုထိရောက်စွာ နှင့် တိကျသေချာစွာ စွမ်းဆောင်ပေးနိုင်သော လုပ်ဆောင်ချက်များပါဝင်သည်။ သုံးစွဲသူများအနေနှင့် Screen Off (memo) သုံးပြီး ဖုန်းလောခ်ဖွင့်စရာမလိုဘဲ ရိုးရှင်းစွာ (memo) ကို Always On Display ပြုလုပ်ထားခြင်းဖြင့် စိတ်ကူးစိတ်သန်းများကို ဉာဏ်ကွန့်မြူးချိန်မှာပင် လက်တွေ့ အကောင်အထည်ဖော်နိုင်ပါသည်။ S Pen သည် သုံးစွဲသူများအား Smart Select ဖြင့် GIF animations များကို လွယ်ကူစွာ ဖန်တီးမျှဝေနိုင်ပြီး Magnify နှင့် Translate အပါအ၀င် Air Command လုပ်ဆောင်ချက် အသစ်များအား ရိုးရှင်းစွာ လှုပ်ရှားခြင်းဖြင့် မျက်နှာပြင်ချဲ့ခြင်း၊ ဘာသာစကားပြောင်းလဲခြင်းများကို ပိုမိုလွယ်ကူစေပါသည်။
ယခုအခါ မျက်စိတစ်မှိတ်အတွင်း စွမ်းဆောင်နိုင်သည့် အဆင့်မြင့်လုံခြုံရေးစနစ်
Samsung မှ သုံးစွဲသူများ၏ ဖုန်းအတွင်းရှိကိုယ်ရေးကိုယ်တာအချက်အလက်များအား လုံခြုံစိတ်ချစွာ ကာကွယ်ထားနိုင်မှုသည် အလွန်အရေးကြီးသော အချက်တစ်ခုဖြစ်ကြောင်း နားလည်သဖြင့် ဈေးကွက်အတွင်း ဦးဆောင်လျက်ရှိသော လုံခြုံရေးဆိုင်ရာ ပလက်ဖောင်း တစ်ခုဖြစ်သည့် Samsung Knox နှင့် တွဲဖက်၍ Galaxy Note 7 သည် အဆင်မြင့် လုံခြုံရေးစနစ် နှင့် ကိုယ်ရေးကိုယ်အချက်အလက်များ လုံခြုံစိတ်ချရမှုအတွက် အဆင့်မြှင့်တင်ထားသော လက်ဗွေရာစနစ် နှင့် မျက်လုံး scan စနစ် နည်းပညာသစ်များ အား ပံ့ပိုးပေးထားသည်။
အကောင်းဆုံးသော In-Class ဖျော်ဖြေမှု
ဖုန်းဆိုသည်မှာ သုံးစွဲသူများနှင့် အချိန်ပြည့် ရှိနေခြင်းကြောင့် နေ့စဉ်ဘဝတွင် အရေးအပါဆုံးသော မျက်နှာပြင်တစ်ခုပင် ဖြစ်သည်။ Galaxy Note 7 တွင် ကြည်လင်ပြတ်သား၍ စွဲမက်နစ်မျောဖွယ်ရာရုပ်ပုံများကို  ၅.၇ လက်မရှိ သေသပ်လှပသော မျက်နှာပြင်ကွေး QHD Super AMOLED မျက်နှာပြင်ရှိ စမတ်ဖုန်းပေါ်တွင် ကြည့်ရှုခံစားနိုင်စေရန် ဖန်တီးထားသည်။ ရုပ်ရှင်ဖန်တီးသူမှ ပေးစွမ်းချင်သော အတွေ့အကြုံအား အသုံးပြုသူများ အပြည့်အ၀ ရရှိစေရန် တောက်ပသော အရောင်များနှင့် ပိုမိုနက်ရှိုင်းသော အနက်ရောင် အသားပေးထားသည့် ရုပ်ရှင်ရုံအဆင့်မီ HDR ဗီဒီယိုအား တိုက်ရိုက်ကြည့်ရှုနိုင်မည် ဖြစ်သည်။
ဂလက်ဆီ အခြေခံအုတ်မြစ်များဖြင့် အသစ်တစ်ဖန်မွမ်းမံအဆင့်မြှင့်တင်ထားသည့် လက်ရာ
Samsung မှ Galaxy Note7 နှင့်အတူ စက်မှုပညာပိုင်းဆိုင်ရာ ကန့်သတ်မှုများကို တီထွင်ဆန်းသစ်သည့်ဒီဇိုင်း မှ တစ်ဆင့် အကောင်းဆုံးသောသုံးစွဲမှုအတွေ့အကြုံများရရှိပိုင်ဆိုင်နိုင်စေရန် ဆက်လက်ဖန်တီးခဲ့ခြင်းဖြစ်သည်။ အနားစောင်း ၊ မျက်နှာပြင် နှင့် ထုတ်ကုန်၏ ဒီဇိုင်းအသေးစိပ်အား အဆင်ပြေလွယ်ကူစွာ ကိုင်ဆောင်နိုင်ရုံသာမက လက်တစ်ဖက်တည်းဖြင့် မြဲမြံစွာကိုင်တွယ်နိုင်မည်ဖြစ်သည့်အပြင် နဂိုမူလအတိုင်း ကြာရှည်ခံသော Corning® Gorilla® Glass 5 အားအသုံးပြုထားခြင်းနှင့်အတူ အသစ်တစ်ဖန် ပြန်လည်မွမ်းမံပြင်ဆင်ထားသည်။ Galaxy Note7 သည်ကြီးမားသည့် မျက်နှာပြင်ရှိသော်လည်း အရှေ့မှအနောက်သို့ အချိုးကျစွာ ကွေးသွားသည့် အစွန်းနှစ်ဖက်ကြောင့် ဟန်ချက်ညီ၍ ပေါ့ပါးပြီး သုံးစွဲသူများအနေဖြင့် Galaxy Series များမှအထက်တန်းကျသည့် ခံစားမှုအား ရရှိစေမည်ဖြစ်သည်။ Galaxy Note7 မှ မျက်နှာပြင်ကွေး၏  စွမ်းဆောင်ရည်မြင့် Edge Panel မှတစ်ဆင့် သုံးစွဲသူများအနေဖြင့် တစ်ချက် နှိပ်ရုံဖြင့် အက်ပလီကေးရှင်း၊ သတင်းများ နှင့် လုပ်ဆောင်ချက်များအား ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်သည်။
ဖုန်းတွင်းမှတ်ဥာဏ် 64 GB ပါဝင်သည့်အပြင် Galaxy Note 7 သည် microSD ကဒ် အသုံးပြု၍ 256GB အထိ ထပ်မံတိုးမြှင့် အသုံးပြုနိုင်ရန်လည်း ပံ့ပိုးပေးထားပါသည်။ Galaxy Note7 တွင် 3,500mAh ဘက်ထရီ၊ Smart Manager မှ တစ်ဆင့် ဘက်ထရီအား လွယ်ကူစွာထိန်းချုပ် အသုံးပြုနိုင်သည့် UX နှင့် လွယ်ကူစွာ အားသွင်းနိုင်မည့် USB-C port အသစ်ပါဝင်သည်။ ကြိုးမဲ့အားသွင်းကိရိယာ အထူးသဖြင့် Samsung ၏ လျင်မြန်သော ကြိုးမဲ့အားသွင်းကိရိများအား တွေ့သည့်အခါတိုင်း Galaxy Note 7 အား အလွယ်တကူ အားသွင်းအသုံးပြုနိုင်မည်ဖြစ်သည်။
ချိတ်ဆက်မှုအတွေ့အကြုံများ ၏ မိုဘိုင်းဖုန်းဂေဟစနစ်အား ဖန်တီးခြင်း                                                                         
Galaxy Note7 သည် စမတ်ဖုန်းတစ်လုံး ထက်ပိုမိုသာလွန်သည့် စွမ်းဆောင်ရည်များရှိသည့်အပြင် Samsung  ထုတ်ကုန်များ ၏ ဂေဟစနစ် ၊ ဆော့ဖ်ဝဲ နှင့် ၀န်ဆောင်မှုများ ၏ ချိတ်ဆက်ရာနေရာတစ်ခု လည်းဖြစ်သည်။  S Health 5.0 မှ တစ်ဆင့် သုံးစွဲသူများသည် Gear Fit2 နှင့် Gear IconX များကို အသုံးပြုစေနိုင်ပြီး ၄င်းတို့၏ ကိုယ်လက်လှုပ်ရှားမှု များကို စောင့်ကြည့်နိုင်မည်ဖြစ်သည်။
ကြိုတင်မှာယူစနစ်
Samsung Myanmar သည် KBZ Bank နှင့်လည်းချိတ်ဆက်ထားသောကြောင့် သုံးစွဲသူများအနေဖြင့် Samsung Galaxy Note 7 အား အတိုးနှုန်းမဲ့ ၆ လအရစ်ကျ စနစ်ဖြင့်လည်း ကြိုတင်မှာယူနိုင်မည်ဖြစ်ပါသည်။ ကြိုတင်မှာယူနိုင်သည့်ကာလမှာ ရက် နေ့မှစ၍ ပစ္စည်းလက်ကျန်အရေအတွက် ရှိသည့်နေ့အထိသာဖြစ်သည်။ ကြိုတင်မှာယူလိုသူများအနေဖြင့် ကမ္ဘောဇဘဏ်များတွင် နှစ်သက်ရာ saving account (စုငွေစာရင်း) ဖွင့်၍ ကျပ် ၉၂၀၀၀၀ စုငွေသွင်းကာ ၆ လအရစ်ကျ ဖြင့် အတိုးနှုန်းမဲ့ (0% Interest Rate) ဖြင့်ဝယ်ယူနိုင်ပါသည်။ ယခုကြိုတင်မှာယူအရစ်ကျစနစ် ဖြင့် ဝယ်ယူသူများသည် Galaxy Note 7 အား စတင်ရောင်းချသည့်နေ့တွင် ပေးအပ်မည့် ကျပ်ရှစ်သောင်း တန်ဖိုးရှိ အပိုဆောင်းလက်ဆောင်များ (Original S-View Standing Cover နှင့် C-Type travel adapter) ကိုလည်း (ကံစမ်းမဲအစီအစဉ်မှအပ) ခံစားခွင့်ရရှိမည်ဖြစ်ပါသည်။ ကြိုတင်မှာယူစနစ်ဖြင့် ရောင်းချမည့်ပစ္စည်းအရေအတွက်အား ကန့်သတ်ထားသည်။
Samsung Galaxy Note7 Product Specifications
  Galaxy Note7
OS Android 6.0.1 (Marshmallow)
Network LTE Cat.12 / LTE Cat.10 / LTE Cat.9  *May differ by markets and mobile operators*
Dimension 153.5 x 73.9 x 7.9mm, 169g
AP Octa core (2.3GHz Quad + 1.6GHz Quad), 64 bit, 14 nm process
Memory 4GB RAM (LPDDR4), 64GB (UFS 2.0)
Display 5.7” Quad HD Dual edge Super AMOLED 2560 x 1440 (518ppi)
Camera Rear: Dual Pixel 12MP OIS (F1.7), Front: 5MP (F1.7)
Battery 3,500 mAh, Fast Charging on wired and wireless Wireless Charging compatible with WPC and PMA
Payment NFC, MST
Connectivity Wi-Fi 802.11 a/b/g/n/ac (2.4/5GHz), MIMO(2×2) 620Mbps, Bluetooth® v 4.2 LE, ANT+, USB Type-C, NFC,
Location (GPS, Glonass, Beidou)
Sensors Barometer, Fingerprint Sensor, Gyro Sensor, Geomagnetic Sensor, Hall Sensor, HR Sensor, Iris Sensor, Proximity Sensor, RGB Light Sensor
Audio MP3, M4A, 3GA, AAC, OGG, OGA, WAV, WMA, AMR, AWB, FLAC, MID, MIDI, XMF, MXMF, IMY, RTTTL, RTX, OTA
Video MP4, M4V, 3GP, 3G2, WMV, ASF, AVI , FLV, MKV, WEBM


Gear VR for Galaxy Note7
Dimension 207.8(W) x 122.5(L) x 98.6(H)mm
Weight 345g (312g without Front Cover)
FOV *Field of View 101° Field of View
Sensor Accelerometer, Gyrometer, Proximity
Color Blue Black
Compatibility USB Type-C and Micro USB port connection to the Galaxy Note7, S7, S7 edge, Note5, S6, S6 edge, S6 edge+


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com