8/09/2016

♪ “4G အသုံးပြုသူတိုးလာဖို့အရေးပါနေတဲ့ 4G ဟန်းဆက်တွေ” ♫


လာမည့်တစ်နှစ်ခန့်အတွင်းမြို့ကြီးများရှိမိုဘိုင်းဖုန်းအသုံးပြုသူများ၏၂၅ ရာခိုင်နှုန်းခန့်သည်4G ဟန်းဆက်များကိုပြောင်းလဲအသုံးပြုကြလိမ့်မည်ဟု ပြည်တွင်းရှိတယ်လီကွန်းအော်ပရေတာများကခန့်မှန်းနေ ကြသည်။လွန်ခဲ့ သည့်မေလကမှ4G စနစ်နှင့်တရားဝင်စတင်ထိတွေ့ခဲ့ပြီးအော်ပရေတာ၂ခုသာ ၀န်ဆောင်မှုပေးနိုင်သေးသော်လည်းတယ်လီကွန်အော်ပရေတာများက4G စနစ်ခေတ်စားလာမည်ဟုသိသိသာသာယုံကြည်နေကြသည်။အထူးသဖြင့် မိုဘိုင်းနည်းပညာများစတင်မိတ်ဆက်စဉ်ကပင်စမတ်ဖုန်းများကိုအဓိက ရောင်းချနေရသည့်နိုင်ငံဖြစ်သည့် အတွက် မြန်မာလူမျိုးများသည်အင်တာနက် အသုံးပြုမှုအားသန်ကြောင်းအော်ပရေတာများနှင့်မိုဘိုင်းဖုန်းထုတ်လုပ်သူများကသိရှိထားသောကြောင့်ယခု ကဲ့သို့ယုံကြည်နေကြခြင်းလည်းဖြစ်နိုင်သည်။
နာမည်ကျော်အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့်Ericsson ကလည်း အရှေ့တောင် အာရှနှင့်သမုဒ္ဒရာဒေသနိုင်ငံများတွင်4G ကွန်ရက်သုံးစွဲသူအရေ အတွက် ၄၀ရာခိုင်နှုန်းအထိတိုးတက်လာမည်ဟုခန့်မှန်းထားသောကြောင့် မြန်မာပြည်တွင်လည်းတိုးတက်လာမည်မှာ မလွဲဧကန်ပင်။မြန်မာနိုင်ငံ၌ ပထမဦးဆုံးအနေဖြင့်4G ကွန်ရက်ကိုစတင်ခဲ့သည့်Ooredooသည် ၎င်းတို့၏ မိုဘိုင်းဖုန်းအသုံးပြုသူ၈သန်းတွင်၂သိန်းကျော်သည်4G ကွန်ရက်ကိုအသုံးပြု နေကြသည်ဟုဆိုထားပြီးတယ်လီနောကလည်း4G ကွန်ရက်ကိုOoredooက ရန်ကုန်၊မန္တလေးနှင့်နေပြည်တော်မြို့များတွင်ဝန်ဆောင်မှုပေးအပ်ထားပြီး Telenor က4G ကွန်ရက်ကိုနေပြည်တော်တွင်ဝန်ဆောင်မှုပေးအပ် နေပြီဖြစ် ကာMPT ကလည်း4G ကွန်ရက်ပေးအပ်နိုင်ရန်ရန်ကုန်မြို့၌ စမ်းသပ်မှုများ ပြုလုပ်နေပြီဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင်ဆက်သွယ်ရေးအော်ပရေတာများက4G ကွန်ရက်ကို အပြိုင်အဆိုင်အနေဖြင့်အမြန်ဆုံးစတင်၍၀န်ဆောင်မှုပေးနေကြသော်လည်း မိုဘိုင်းဟန်းဆက်အသုံးပြုသူအများစုတွင်4G ကွန်ရက်ကိုအသုံးပြုနိုင်သည့် ဟန်းဆက်များကိုင်ဆောင်ထားခြင်းမရှိသကဲ့သို့ဈေးကွက်အတွင်းတွင်လည်း 4G ဟန်းဆက်များပေါပေါများများမရှိသေးပေ။ယင်းကြောင့် မြန်မာနိုင်ငံ ဈေးကွက် အတွင်းဆက်သွယ်ရေးကုမ္ပဏီများက4G ကွန်ရက်ကိုအပြိုင်အဆိုင် ချဲ့ထွင်နေသကဲ့သို့စမတ်ဖုန်းထုတ်လုပ်သည့်ကုမ္ပဏီများသည်လည်း4G စမတ်ဖုန်းများကိုအပြိုင်အဆိုင်ရောင်းချရန် ပြင်ဆင်လာကြသည်။အူရီဒူး မြန်မာသည်4G ၀န်ဆောင်မှုကိုစတင်ပြီးနောက်ပိုင်းရန်ကုန်၊မန္တလေးနှင့် နေပြည်တော်တို့တွင်မိုဘိုင်းဖုန်းကုမ္ပဏီများက4G ဟန်းဆက်များကိုအပြိုင် အဆိုင် မိတ်ဆက်ရောင်းချလာကြသည်။ယင်းမတိုင်ခင်က မြန်မာပြည်တွင်း တွင်4G စနစ်အသုံးပြုနိုင်သည့်ဟန်းဆက်များကြိုတင်ရှိနှင့်သော်လည်း ဈေးနှုန်းပိုင်းကြီးမြင့်သောအဆင့်မြင့်စမတ်ဖုန်း များဖြစ်နေခြင်းနှင့်4G ကွန်ရက် မရှိသေးခြင်းတို့ကြောင့်စိတ်ဝင်စားမှုနည်းပါးလှသည်။မိမိဝယ်ယူသည့်ဖုန်းတွင်တွဲဖက်ပါဝင်နေသော်လည်း မသိရှိကြသူများပင်ရှိကြသည်။ယခုမူဤကဲ့သို့ မဟုတ်တော့ပေ။ငယ်ရွယ်၍နည်းပညာဗဟုသုတကြွယ်ဝသည့်လူငယ်များ ကဖုန်းဝယ်ယူရာတွင်4G စနစ်ရမရမေးမြန်းဝယ်ယူမှုများရှိလာကြပြီး ဖုန်းဆိုင် များကလည်းယခင်ကညွှန်းဆိုပြောပြခြင်းမရှိခဲ့သည့်4G စနစ်အသုံးပြု၍ရသည့် စမတ်ဖုန်းများကိုတခုတ်တရလမ်းညွှန်ထုတ်ဖော်ရောင်းချလာကြသည်။
4G ကွန်ရက်ကိုအသုံးပြု၍ရလာပြီဖြစ်သည့်အတွက်မိုဘိုင်းဖုန်းသုံးစွဲသူများ ကလည်းကွန်ရက်အရည်အသွေးအပြည့်အ၀အသုံးပြုနိုင်ရန်4G ဟန်းဆက်များ အသုံးပြုရန်စိတ်ဝင်စားလာကြခြင်းဖြစ်သည်။သို့သော်လည်းလက်ရှိတွင် ပြည်တွင်း ၌၀န်ဆောင်မှုပေးနေသော4G စနစ်မှာSpectrum အခက်အခဲ ကြောင့် 3Gလိုင်းပေါ်တွင်4G နည်းပညာဖြင့်ပေးနေခြင်းဖြစ်ပြီး4G စနစ်လုံးဝ အပြည့်အ၀အသုံးပြုခွင့်ရမရမှာမသေချာသေးပေ။သို့သော်လည်းနိုင်ငံတကာရှိ စမတ်ဖုန်း ကုမ္ပဏီများကမူပွင့်လင်းလာသည့်ဈေးကွက်သစ်ဖြစ်သည့် ပြည်တွင်းသို့4G စနစ်သုံးစမတ်ဖုန်းများအလုံးအရင်းနှင့်တင်သွင်းရန် ပြင်ဆင် နေပြီးဈေးကွက်အခြေအနေကိုစောင့်ကြည့်နေ ကြသည်။လက်ရှိတွင်ပင် တရုတ်စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော Vivo ၊OPPO၊MEIZU၊Lenovo၊Xiaomi နှင့်Huawei ကုမ္ပဏီများက4G ဟန်းဆက်များကိုဈေးကွက်အတွင်းတင်သွင်း ရောင်းချ လာကြပြီးနာမည်ကျော်Samsung နှင့်Acer တို့ကလည်းတန်ဖိုး သင့်တင့် သည့်4G စနစ်သုံးစွဲနိုင်သည့်စမတ်ဖုန်းများကိုဖော်ထုတ်ရောင်းချ လာသည်။ထို့အပြင်HTC၊Sony နှင့်LG တို့ကလည်းယခင်တင်သွင်းထားသည့် တန်ဖိုးမြင့်4G ဖုန်းများအပြင်အထိုက်အသင့်တန်ဖိုးသင့်တင့်သည့်4G ဖုန်းများ မိတ်ဆက်ရောင်းချလာဖွယ်ရှိနေလေသည်။ထို့အတူKENBO ကဲ့သို့သော ကုမ္ပဏီ များကဈေးရောင်းပွဲတော်များပြုလုပ်၍စမတ်ဖုန်းများစတင်ရောင်းချ နေပြီဖြစ်ပြီး ပြည်တွင်းတွင်လူကြိုက်များ လာနေသည့်တရုတ်စမတ်ဖုန်း Xiaomi ကလည်းMi Max 4G ကိုရန်ကုန်တွင်စတင်မိတ်ဆက်ခဲ့သည်။
4G စမတ်ဖုန်းများထဲတွင်စွမ်းဆောင်ရည်မြင့်မားပြီးဈေးနှုန်းပိုင်းမှာ အတန်ပင် ချိုသာလှသောကြောင့်အလုံးရေသောင်းဂဏန်းအထိရောင်းချနိုင်ရန်Xiaomiကမျှော်မှန်းထားသည်။ ထို့အပြင် ပြည်တွင်းတွင်လူကြိုက်အများဆုံးဖုန်း အမှတ် တံဆိပ်အမျိုးအစားဖြစ်သည့်Samsung ကလည်းယင်းတို့၏စမတ်ဖုန်းအသစ် ဖြစ်သောGalaxy A9 Pro 2016 ကိုရန်ကုန်မြို့တွင်စတင်မိတ်ဆက်ခဲ့ပြီး ဈေးနှုန်းပိုင်း သင့်တင့်၍စွမ်းဆောင်ရည်လည်း မြင့်မားလှသည်။မည်သို့ပင် ဖြစ်စေနိုင်ငံတကာတွင်လည်းအတန် အသင့်ဈေးနှုန်း မြင့်မားလှသည့်4G စမတ်ဖုန်းများမှာ ပြည်တွင်းတွင်လည်းအတန်ငယ်ဈေးနှုန်းကြီးမြင့်နေဆဲဖြစ် သည်။ပျမ်းမျှ၂သိန်းခွဲမှ၇သိန်း၊၈သိန်းအထိပေါက်ဈေးရှိနေပြီးလူအများပျမ်းမျှအသုံးပြုနေသည့်၂သိန်းအောက် ပတ်ဝန်းကျင်နှင့်မူအတန်ငယ်ကွာဟနေဆဲ ဖြစ်သည်။၂သိန်းအောက်ဖြင့်ဝယ်ယူနိုင်သည့်4G စမတ်ဖုန်းများ ဈေးကွက် အတွင်းစတင်ဝင်လာနေပြီဖြစ်သော်လည်းလူကြိုက်များသည့်အမှတ်တံဆိပ် များမဟုတ်သေးသည့်အပြင်တချို့မှာအရည်အသွေးပိုင်းစိတ်မချရသည့် အတွက်လူအများစိတ်ဝင်စားမှုကိုဆွဲဆောင်နိုင်ခြင်းရှိမရှိမသေချာလှပေ။
မိုဘိုင်းဖုန်းအသုံးပြုသူများအတွက်4G စမတ်ဖုန်းများကိုချိုသာသော ဈေးနှုန်း များဖြင့်ရောင်းချပေးမှသာလျှင်ဆက်သွယ်ရေးအော်ပရေတာများက ၀န်ဆောင်မှု ပေးနေသည့်4G ကွန်ရက်ကိုမိုဘိုင်းဖုန်းအသုံးပြုသူအားလုံး နီးပါး အသုံးပြုနိုင်မည်ဖြစ်သည်။
အကြောင်းမှာ4G စနစ်တွင်အင်တာနက်အမြန်နှုန်းမြင့်မားသောကြောင့် အသုံးပြုသူများအနေဖြင့်ဝန်ဆောင်မှုအသုံးပြုခများပိုမိုကုန်ကျနိုင်ခြေရှိသော ကြောင့်တန်ဖိုးမြင့်မားသော စမတ်ဖုန်းများနှင့်သာတွဲဖက်အသုံးပြုရမည်ဆိုပါကအသုံးပြုရန်စိတ်ဝင်စားမှုလျော့ကျနိုင်လေသည်။ထို့အပြင် လက်ရှိတွင် ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့်4G အသုံးပြုမှုအတွက်အသုံးပြုခ သီးခြားကောက်ခံခြင်းမရှိသေးသော်လည်း4G Spectrum သီးခြားဝယ်ယူ၍ ၀န်ဆောင်မှုပေးချိန်တွင်အခကြေးငွေကောက်ခံသွားဖွယ်ရှိသောကြောင့် ကုန်ကျစရိတ်မှာပိုမိုလာဖွယ်ရှိလေသည်။4G ၀န်ဆောင်မှု အသုံးပြုရန် အတွက် မိုဘိုင်းဖုန်းသုံးစွဲသူများအနေဖြင့်4G ဟန်းဆက်ရှိရန်လိုအပ်သည်။ မြန်မာပြည် သည်ဆင်းရဲသည့်နိုင်ငံများတွင်ပါဝင်သောကြောင့်ဈေးနှုန်းသက်သက်သာသာနှင့် ဖြစ်ရန်လည်းလိုလေသည်။ ထို့အပြင် မြန်မာများသည်အကောင်းကြိုက်ပြီး Brand အစွဲကြီးသောကြောင့်ကောင်းဖို့လည်းလိုနေပြန်သည်။ထို့ကြောင့်4G ဟန်းဆက်များဈေးကြီးနေလျှင်4G ၀န်ဆောင်မှုအသုံးပြုသူအလုံးအရင်းနှင့် တိုးတက်လာရန်ခက်မည်ဖြစ်လေသည်။သို့သော်လည်းလက်ရှိ စမတ်ဖုန်း ကုမ္ပဏီများကိုယ်တိုင်လည်းတန်ဖိုးမြင့်မားသည့်4G ဖုန်းများထက်တန်ဖိုး နှုန်းသင့်တင့်သည့်ဖုန်းများကိုပိုမိုဦးစားပေးတင်သွင်းရန် ပြင်ဆင်လာကြ သောကြောင့် မကြာမီတွင်4G အသုံးပြုသူ၂၅% ကျော်,မကျော်အဖြေ သိနိုင် တော့မည်ဖြစ်သည်။

မောင်မိုးဇွန်




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com